သတင်းထောက် မသူဇာ အောင်သပြေ စစ်ကြောရေးတွင် ရှိနိုင်ကြောင်း ရှေ့နေပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။

ပုဒ်မ ၅၀ဝ ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည့် သတင်းထောက် မသူဇာမှာ အောင်သပြေ စစ်ကြောရေး တွင် ရှိနိုင်ကြောင်း ရှေ့နေအဖွဲ့က ပြောသည်။

“ကမာရွတ်စခန်းမှူးနဲ့ တွေ့တဲ့အခါကျတော့ အောင်သပြေစစ်ကြောရေးမှာ ရှိတယ်လို့ ပြောတယ်။ သူတို့ဆီတော့ လာမပို့ သေးဘူးလို့ပြောတယ်။ အတည်ပြုထားတာတော့ အောင်သပြေစစ်ကြောရေးမှာ ရှိတယ်လို့ပဲ အတည် ပြုထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ပြောသည်။

သြဂုတ်လ နောက်ဆုံးအပတ်ခန့်မှ စတင်ပြီး အထူးတပ်ဖွဲ့ဟုခေါ်သည့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ တပ်ရင်းများ၊ စစ် တပ်တို့က သီးခြားဖမ်းနေပြီး ဖမ်းဆီးမှု ပုံစံပြောင်းလဲလာကာ နယ်မြေခံရဲစခန်းကို သွားရောက်စုံစမ်းလျှင် မသိ သကဲ့သို့ ခရိုင်ကလည်းမသိ ဖြစ်နေကြသည့်ဟု ဥပဒေအကြံပေးများ၏ ပြောပြချက်အရ သိရသည်။

သတင်းထောက်မသူဇာသည် မိသားစုနှင့်အဆက်အသွယ်မရသည်မှာ ၁၅ ရက်ကျော်လာပြီ ဖြစ်ပြီး ယနေ့ အချိန် ထိ မိသားစုအနေဖြင့် သတင်းအစအနပင် ရသေးဘူးဟု မသူဇာ၏ ခင်ပွန်း ကိုရဲကို က ပြောသည်။

“အခုအထိတော့ သူတို့ဖက်က ဆက်သွယ်လာမယ့် အချိန်ကိုထိုင် စောင့်နေရတာပဲ။ ဘာမှ လုပ်လို့မရတာ။ ရှေ့ နေတွေကတော့ အောင်သပြေ(စစ်ကြောရေး)မှာ ရှိနိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

သတင်းထောက် မသူဇာ၏ နေအိမ်သို့ စစ်ကောင်စီအဖွဲ့များက မေလ အတွင်းက လာရောက်ရှာဖွေခဲ့ဖူးပြီး တိမ်း ရှောင်နေသဖြင့် ပထမအကြိမ်တွင် လွတ်မြောက်သွားခဲ့ရာ စက်တင်ဘာ ၁ ရက်၊ နေ့လည် ၃ နာရီ အချိန်ခန့် က အဆက်အသွယ်ရခဲ့ပြီး အပြင်သို့ရောက်နေကြောင်း၊ ထို့နောက် ဖုန်းစက်ပိတ်သွားပြီး ၎င်းတိမ်းရှောင်နေ သည့် နေရာသို့ ပြန်မရောက်လာနိုင်သည်မှာ ယနေ့အချိန်ထိဖြစ်သည်ဟု ခင်ပွန်းဖြစ်သူက ပြောသည်။

မိသားစုဝင်များအနေဖြင့် မသူဇာ ပျောက်သွားနေသည့် နေ့မှစတင်၍ ရဲစခန်းများတွင် သွားရောက်ရှာဖွေခဲ့ သော် လည်း ဖုန်းစက်ပိတ်သွားသည့် နောက်ရမှစတင်၍ ယနေ့အချိန်ထိ အဆက်သွယ်မရတော့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

မသူဇာ၏ ခင်ပွန်းမှာလည်း မသူဇာကို ပထမအကြိမ် လာရောက်ရှာဖွေစဉ်က ဖမ်းဆီးခံခဲ့ရဖူးပြီး ခံဝန်ဖြင့် ပြန် လည် လွတ်မြောက်လာသူ ဖြစ်သည်။

ယခုလ (စက်တင်ဘာလ) ၁၅ ရက်နေ့၊ ညပိုင်းကလည်း မဇ္ဈိမ သတင်း အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့ဖူး သူ ကိုမျိုးသန့်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

*** ZAWGYI ***
သတင္းေထာက္ မသူဇာ ေအာင္သေျပ စစ္ေၾကာေရးတြင္ ရွိႏိုင္ေၾကာင္း ေရွ႕ေနေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္။

ပုဒ္မ ၅၀ဝ ျဖင့္ စစ္ေကာင္စီက တရားစြဲဆိုထားသည့္ သတင္းေထာက္ မသူဇာမွာ ေအာင္သေျပ စစ္ေၾကာေရး တြင္ ရွိႏိုင္ေၾကာင္း ေရွ႕ေနအဖြဲ႕က ေျပာသည္။

“ကမာ႐ြတ္စခန္းမႉးနဲ႔ ေတြ႕တဲ့အခါက်ေတာ့ ေအာင္သေျပစစ္ေၾကာေရးမွာ ရွိတယ္လို႔ ေျပာတယ္။ သူတို႔ဆီေတာ့ လာမပို႔ ေသးဘူးလို႔ေျပာတယ္။ အတည္ျပဳထားတာေတာ့ ေအာင္သေျပစစ္ေၾကာေရးမွာ ရွိတယ္လို႔ပဲ အတည္ ျပဳထားပါတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ျမင့္ က ေျပာသည္။

ၾသဂုတ္လ ေနာက္ဆုံးအပတ္ခန႔္မွ စတင္ၿပီး အထူးတပ္ဖြဲ႕ဟုေခၚသည့္ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕၊ တပ္ရင္းမ်ား၊ စစ္ တပ္တို႔က သီးျခားဖမ္းေနၿပီး ဖမ္းဆီးမႈ ပုံစံေျပာင္းလဲလာကာ နယ္ေျမခံရဲစခန္းကို သြားေရာက္စုံစမ္းလွ်င္ မသိ သကဲ့သို႔ ခ႐ိုင္ကလည္းမသိ ျဖစ္ေနၾကသည့္ဟု ဥပေဒအႀကံေပးမ်ား၏ ေျပာျပခ်က္အရ သိရသည္။

သတင္းေထာက္မသူဇာသည္ မိသားစုႏွင့္အဆက္အသြယ္မရသည္မွာ ၁၅ ရက္ေက်ာ္လာၿပီ ျဖစ္ၿပီး ယေန႔ အခ်ိန္ ထိ မိသားစုအေနျဖင့္ သတင္းအစအနပင္ ရေသးဘူးဟု မသူဇာ၏ ခင္ပြန္း ကိုရဲကို က ေျပာသည္။

“အခုအထိေတာ့ သူတို႔ဖက္က ဆက္သြယ္လာမယ့္ အခ်ိန္ကိုထိုင္ ေစာင့္ေနရတာပဲ။ ဘာမွ လုပ္လို႔မရတာ။ ေရွ႕ ေနေတြကေတာ့ ေအာင္သေျပ(စစ္ေၾကာေရး)မွာ ရွိႏိုင္တယ္လို႔ ေျပာတယ္” ဟု ၎က ေျပာသည္။

သတင္းေထာက္ မသူဇာ၏ ေနအိမ္သို႔ စစ္ေကာင္စီအဖြဲ႕မ်ားက ေမလ အတြင္းက လာေရာက္ရွာေဖြခဲ့ဖူးၿပီး တိမ္း ေရွာင္ေနသျဖင့္ ပထမအႀကိမ္တြင္ လြတ္ေျမာက္သြားခဲ့ရာ စက္တင္ဘာ ၁ ရက္၊ ေန႔လည္ ၃ နာရီ အခ်ိန္ခန႔္ က အဆက္အသြယ္ရခဲ့ၿပီး အျပင္သို႔ေရာက္ေနေၾကာင္း၊ ထို႔ေနာက္ ဖုန္းစက္ပိတ္သြားၿပီး ၎တိမ္းေရွာင္ေန သည့္ ေနရာသို႔ ျပန္မေရာက္လာႏိုင္သည္မွာ ယေန႔အခ်ိန္ထိျဖစ္သည္ဟု ခင္ပြန္းျဖစ္သူက ေျပာသည္။

မိသားစုဝင္မ်ားအေနျဖင့္ မသူဇာ ေပ်ာက္သြားေနသည့္ ေန႔မွစတင္၍ ရဲစခန္းမ်ားတြင္ သြားေရာက္ရွာေဖြခဲ့ ေသာ္ လည္း ဖုန္းစက္ပိတ္သြားသည့္ ေနာက္ရမွစတင္၍ ယေန႔အခ်ိန္ထိ အဆက္သြယ္မရေတာ့ျခင္းျဖစ္သည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

မသူဇာ၏ ခင္ပြန္းမွာလည္း မသူဇာကို ပထမအႀကိမ္ လာေရာက္ရွာေဖြစဥ္က ဖမ္းဆီးခံခဲ့ရဖူးၿပီး ခံဝန္ျဖင့္ ျပန္ လည္ လြတ္ေျမာက္လာသူ ျဖစ္သည္။

ယခုလ (စက္တင္ဘာလ) ၁၅ ရက္ေန႔၊ ညပိုင္းကလည္း မဇၩိမ သတင္း အယ္ဒီတာခ်ဳပ္ အျဖစ္ လုပ္ကိုင္ခဲ့ဖူး သူ ကိုမ်ိဳးသန႔္ကို စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။