ပုသိမ်တွင် ကဗျာဆရာတစ်ဦး ထပ်မံ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့က ကဗျာဆရာ လူစစ်နိုင် (ကိုတင်ကိုထက်) ခေါ် ဂေး ကို စက်တင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကုသိနာရုံ အတွင်းလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံး ချိုးဖျက် ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လမ်းအတွင်းနေထိုင်သူ အချို့က ပြောသည်။
“လမ်းထဲက အခြားတစ်ယောက်ကို လာဖမ်းတာကို သူ (ကိုလူစစ်နိုင်)က လာဖမ်းနေပြီ ထွက်ပြေး ဆိုပြီး ဖုန်း ဆက်ပြောလို့ ဖမ်းခံရတာပါ” ဟု ၎င်း၏ မိသားစုဝင် တစ်ဦး က ပြောသည်။
တစ်လမ်းထဲနေ ကိုအောင်မြင့်မြတ် ဆိုသူကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး ယမန်နေ့ညက အဖမ်းခံရသည့် ကဗျာဆရာ လူစစ်နိုင်ကို မည်သည့်နေရာသို့ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးဟု အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။
ကဗျာဆရာ လူစစ်နိုင် သည် ပုသိမ်မြို့၏ ဖမ်းဆီးခံရသည့် ဒုတိယမြောက် ကဗျာ ဆရာတစ်ဦး ဖြစ်ပြီး မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးခံထားရသည့် ကဗျာဆရာ လူဖန်ခါး ကိုလည်း ယနေ့ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးဟု ပုသိမ်မြို့ခံ ကဗျာဆရာ အသိုင်းအဝန်း က သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပုသိမ်မြို့ခံ ၁၀၀ ဝန်းကျင်ခန့် ဖမ်း ဆီးခံထားရကြောင်း သိရသည်။
*** ZAWGYI ***
ပုသိမ္တြင္ ကဗ်ာဆရာတစ္ဦး ထပ္မံ ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕က ကဗ်ာဆရာ လူစစ္ႏိုင္ (ကိုတင္ကိုထက္) ေခၚ ေဂး ကို စက္တင္ဘာလ ၁၆ ရက္ေန႔ ည ၁၂ နာရီ ဝန္းက်င္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပုသိမ္ၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္၊ ကုသိနာ႐ုံ အတြင္းလမ္းရွိ ေနအိမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အင္အားသုံး ခ်ိဳးဖ်က္ ဝင္ေရာက္ကာ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု လမ္းအတြင္းေနထိုင္သူ အခ်ိဳ႕က ေျပာသည္။
“လမ္းထဲက အျခားတစ္ေယာက္ကို လာဖမ္းတာကို သူ (ကိုလူစစ္ႏိုင္)က လာဖမ္းေနၿပီ ထြက္ေျပး ဆိုၿပီး ဖုန္း ဆက္ေျပာလို႔ ဖမ္းခံရတာပါ” ဟု ၎၏ မိသားစုဝင္ တစ္ဦး က ေျပာသည္။
တစ္လမ္းထဲေန ကိုေအာင္ျမင့္ျမတ္ ဆိုသူကို စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးျခင္း ျဖစ္ၿပီး ယမန္ေန႔ညက အဖမ္းခံရသည့္ ကဗ်ာဆရာ လူစစ္ႏိုင္ကို မည္သည့္ေနရာသို႔ ဖမ္းဆီးထိန္းသိမ္းထားသည္ကို မသိရေသးဟု အဆိုပါ မိသားစုဝင္က ဆက္ေျပာသည္။
ကဗ်ာဆရာ လူစစ္ႏိုင္ သည္ ပုသိမ္ၿမိဳ႕၏ ဖမ္းဆီးခံရသည့္ ဒုတိယေျမာက္ ကဗ်ာ ဆရာတစ္ဦး ျဖစ္ၿပီး မတ္လ ၂၉ ရက္ေန႔က ဖမ္းဆီးခံထားရသည့္ ကဗ်ာဆရာ လူဖန္ခါး ကိုလည္း ယေန႔ထိ ျပန္လည္ လႊတ္ေပးျခင္း မရွိေသး ဟု ပုသိမ္ၿမိဳ႕ခံ ကဗ်ာဆရာ အသိုင္းအဝန္း က သိရသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္ ပုသိမ္ၿမိဳ႕ခံ ၁၀၀ ဝန္းက်င္ခန္႔ ဖမ္း ဆီးခံထားရေၾကာင္း သိရသည္။