ရွှေလောင်းမြစ် ကမ်းပါးပြို၊ လူ ၄၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် အတွင်းရှိ ကျေးရွာ နှစ်ရွာတွင် ရွှေ လောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ဒေသခံ ၃၉ ဦး အိုးအိမ်မဲ့ ဖြစ်သွားရသည်ဟု ဒေသခံများ နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ရွှေလောင်းမြစ် ကမ်းပါးဘေးရှိ အထက်ပေကုန်းကျေးရွာက ဦးတောင်လုံး၏ နေအိမ် အပါအဝင် အိမ် ၄ လုံး နှင့် ဟင်္သာဒုံး ကျေးရွာမှ ဦးစိုးလှိုင် နေအိမ်အပါအဝင် အိမ် ၄လုံး မြစ်ရေတိုက်စားပြီး မြစ်အတွင်း အိမ်များ ပြိုကျ မျောပါသွားခြင်း ဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အချို့ ပြောသည်။

“လူ နဲ့ တိရိစ္ဆာန် သေတာပျောက် ထိခိုက်တာမရှိဘူး။ အိမ်တွေပဲ မြစ်ထဲမျောကုန်တာ” ဟု ဒေသခံ ဦးကိုဝင်း က ပြောသည်။

အထက်ပေကုန်းရွာမှ ကမ်းပါး အရှည် ပေ ၄၀၊ အကျယ် ပေ ၂၀ နှင့် ဟင်္သာဒုံးရွာ မှ ကမ်းပါး အရှည် ပေ ၅၀၊ အကျယ် ပေ ၃၀ ခန့် ကမ်းပြိုသွားပြီး နေအိမ် ၈ လုံးနှင့် ကျား ၁၉ ဦး၊ မ ၂၀ ဦး အိုးအိမ်မဲ့ဖြစ်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆုံးရှုံးမှုတန်ဘိုး ၂၉ သိန်း ခန့်ဖြစ်ကြောင်း ရွှေလောင်းနယ်မြေ ရဲတပ်ဖွဲ့၏ ကနဦး သတင်းအရ သိရသည်။

“ရဲတပ်ဖွဲ့ မီးသတ်နဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး ကမ်းထိန်း ကမ်းတား တာတွေလုပ်ထားတယ်။ အိမ်ယာ မဲ့ သွားသူတွေကို သင့်တော်ရာမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေး ထားတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။

မြို့နယ် ခရိုင် တိုင်း အဆင့်ဆင့်သော တာဝန်ရှိ သူ များနှင့် ဌာနဆိုင်ရာက တာဝန်ရှိသူများ ယနေ့အချိန်ထိ တစ်စုံ တစ်ရာ လာရောက်ကူညီထောက်ပံ့ပေးခြင်းများ မရှိသေးဘူးဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြော သည်။

အထက်ပေကုန်းနှင့် ဟင်္သာဒုံးကျေးရွာ နှစ်ရွာသည် အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၈၀၀ ခန့် နေထိုင် သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၏ စာရင်းများအရ သိရသည်။

*** ZAWGYI ***
ေ႐ႊေလာင္းျမစ္ ကမ္းပါးၿပိဳ၊ လူ ၄၀ ခန႔္အိုးမဲ့အိမ္မဲ့ျဖစ္

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၀ ရက္။

စက္တင္ဘာလ ၁၉ ရက္ နံနက္ပိုင္းတြင္ ဧရာဝတီတိုင္း ဝါးခယ္မၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာ ႏွစ္႐ြာတြင္ ေ႐ႊ ေလာင္းျမစ္ေရ တိုက္စားမႈေၾကာင့္ ကမ္းပါးၿပိဳက်ၿပီး ေဒသခံ ၃၉ ဦး အိုးအိမ္မဲ့ ျဖစ္သြားရသည္ဟု ေဒသခံမ်ား ႏွင့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။

ေ႐ႊေလာင္းျမစ္ ကမ္းပါးေဘးရွိ အထက္ေပကုန္းေက်း႐ြာက ဦးေတာင္လုံး၏ ေနအိမ္ အပါအဝင္ အိမ္ ၄ လုံး ႏွင့္ ဟသၤာဒုံး ေက်း႐ြာမွ ဦးစိုးလႈိင္ ေနအိမ္အပါအဝင္ အိမ္ ၄လုံး ျမစ္ေရတိုက္စားၿပီး ျမစ္အတြင္း အိမ္မ်ား ၿပိဳက် ေမ်ာပါသြားျခင္း ျဖစ္သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕အခ်ိဳ႕ ေျပာသည္။

“လူ နဲ႔ တိရိစာၦန္ ေသတာေပ်ာက္ ထိခိုက္တာမရွိဘူး။ အိမ္ေတြပဲ ျမစ္ထဲေမ်ာကုန္တာ” ဟု ေဒသခံ ဦးကိုဝင္း က ေျပာသည္။

အထက္ေပကုန္း႐ြာမွ ကမ္းပါး အရွည္ ေပ ၄၀၊ အက်ယ္ ေပ ၂၀ ႏွင့္ ဟသၤာဒုံး႐ြာ မွ ကမ္းပါး အရွည္ ေပ ၅၀၊ အက်ယ္ ေပ ၃၀ ခန႔္ ကမ္းၿပိဳသြားၿပီး ေနအိမ္ ၈ လုံးႏွင့္ က်ား ၁၉ ဦး၊ မ ၂၀ ဦး အိုးအိမ္မဲ့ျဖစ္သြားသည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူႏွင့္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဆုံးရႈံးမႈတန္ဘိုး ၂၉ သိန္း ခန႔္ျဖစ္ေၾကာင္း ေ႐ႊေလာင္းနယ္ေျမ ရဲတပ္ဖြဲ႕၏ ကနဦး သတင္းအရ သိရသည္။

“ရဲတပ္ဖြဲ႕ မီးသတ္နဲ႔ ေဒသခံျပည္သူေတြ စုေပါင္းၿပီး ကမ္းထိန္း ကမ္းတား တာေတြလုပ္ထားတယ္။ အိမ္ယာ မဲ့ သြားသူေတြကို သင့္ေတာ္ရာမွာ ယာယီေနထိုင္ဖို႔ စီစဥ္ေပး ထားတယ္” ဟု ရဲတပ္ဖြဲ႕ တာဝန္ရွိသူ က ေျပာသည္။

ၿမိဳ႕နယ္ ခ႐ိုင္ တိုင္း အဆင့္ဆင့္ေသာ တာဝန္ရွိ သူ မ်ားႏွင့္ ဌာနဆိုင္ရာက တာဝန္ရွိသူမ်ား ယေန႔အခ်ိန္ထိ တစ္စုံ တစ္ရာ လာေရာက္ကူညီေထာက္ပံ့ေပးျခင္းမ်ား မရွိေသးဘူးဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာ သည္။

အထက္ေပကုန္းႏွင့္ ဟသၤာဒုံးေက်း႐ြာ ႏွစ္႐ြာသည္ အိမ္ေျခ ၃၀၀ ဝန္းက်င္ခန႔္ရွိၿပီး လူဦးေရ ၈၀၀ ခန႔္ ေနထိုင္ သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရး အဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။