ကျိုက်ထိုမြို့နယ်အတွင်း ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးချစ်သန်းသည် သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က အင်္ဂဘိုကျေးရွာမှ ရာအိမ်မှူး ဦးချစ်သန်းသည် လက်ပံ ကျေးရွာ နေအိမ်သို့ ပြန်လာစဥ် လမ်းတွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဖြစ်သွားတာက ကားလမ်းမဘေးမှာပဲ သေနတ်သမားက နှစ်ဦးလို့တော့ ပြောတယ်၊ သူ (ဦးချစ်သန်း)ကတော့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ဘာကြောင့် ပစ်သတ်ခံရတာလဲတော့ ကျနော်တို့လည်း မသိဘူး၊ ဒီဖြစ်စဉ် ဖြစ်သွားပြီးတော့ စစ်ဆေးမှုတွေက များလာတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦး က ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးချစ်သန်းသည် ဇက်ပိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေ ဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်္ဂဘိုကျေးရွာက လက်ပံကျေးရွာ နေအိမ်သို့ ပြန်လာစဥ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး Pioneer စား သောက်ဆိုင် အနီး အရောက် အမည်မသိ သေနတ်သမားနှစ်ယောက်တို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ် သွားခဲ့ခြင်း ဖြစ်သည်။

ဦးချစ်သန်း ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ကျိုက်ထိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ဆေး မှုများ ပိုမိုတင်းကြပ်စွာ ပြုလုပ်လာသည်ဟုလည်း ဒေသခံများက ဆိုသည်။

ကျိုက်ထိုမြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်ကလည်း မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဌဖြစ်သူ ဦးရန်ရှင်းကို အမည်မသိ သေနတ်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ကလည်း ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ဥက္ကဌဖြစ်သူ ဦးမြင့်နိုင်ကို သေနတ်သမားနှစ်ဦးက လာရောက် ပစ်သတ်သွားခဲ့သည်။

မွန်ပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်သတ်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်။

*** ZAWGYI ***
က်ိဳက္ထိုၿမိဳ႕နယ္အတြင္း ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၀ ရက္။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ အဂၤဘိုေက်း႐ြာက ရာအိမ္မႉးတစ္ဦးျဖစ္သူ ဦးခ်စ္သန္းသည္ ေသနတ္ျဖင့္ ပစ္ခတ္ ခံရၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာ ၁၉ ရက္ေန႔ နံနက္ ၉ နာရီခြဲဝန္းက်င္ခန႔္က အဂၤဘိုေက်း႐ြာမွ ရာအိမ္မႉး ဦးခ်စ္သန္းသည္ လက္ပံ ေက်း႐ြာ ေနအိမ္သို႔ ျပန္လာစဥ္ လမ္းတြင္ ပစ္သတ္ခံလိုက္ရျခင္း ျဖစ္သည္။

“ျဖစ္သြားတာက ကားလမ္းမေဘးမွာပဲ ေသနတ္သမားက ႏွစ္ဦးလို႔ေတာ့ ေျပာတယ္၊ သူ (ဦးခ်စ္သန္း)ကေတာ့ အပစ္ခံရတဲ့ေနရာမွာပဲ ဆုံးသြားတယ္၊ ဘာေၾကာင့္ ပစ္သတ္ခံရတာလဲေတာ့ က်ေနာ္တို႔လည္း မသိဘူး၊ ဒီျဖစ္စဥ္ ျဖစ္သြားၿပီးေတာ့ စစ္ေဆးမႈေတြက မ်ားလာတယ္” ဟု က်ိဳက္ထိုေဒသခံတစ္ဦး က ေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးခ်စ္သန္းသည္ ဇက္ပိုးတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသ ဆုံးသြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဂၤဘိုေက်း႐ြာက လက္ပံေက်း႐ြာ ေနအိမ္သို႔ ျပန္လာစဥ္ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမႀကီးေဘး Pioneer စား ေသာက္ဆိုင္ အနီး အေရာက္ အမည္မသိ ေသနတ္သမားႏွစ္ေယာက္တို႔က ဆိုင္ကယ္ျဖင့္ ေရာက္လာၿပီး ပစ္ခတ္ သြားခဲ့ျခင္း ျဖစ္သည္။

ဦးခ်စ္သန္း ပစ္သတ္ခံရမႈႏွင့္ ပတ္သက္၍ က်ိဳက္ထိုၿမိဳ႕တြင္ အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆး မႈမ်ား ပိုမိုတင္းၾကပ္စြာ ျပဳလုပ္လာသည္ဟုလည္း ေဒသခံမ်ားက ဆိုသည္။

က်ိဳက္ထိုၿမိဳ႕တြင္ စက္တင္ဘာလ ၁၆ ရက္ေန႔ ညေနပိုင္း အခ်ိန္ခန႔္ကလည္း မြန္ျပည္နယ္ ျပည္သူ႔အက်ိဳးျပဳ ေက်ာင္းသားမ်ားပါတီ ဥကၠဌျဖစ္သူ ဦးရန္ရွင္းကို အမည္မသိ ေသနတ္သမားႏွစ္ဦးက ေသနတ္ျဖင့္ ပစ္သတ္ သြားခဲ့သည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ဩဂုတ္လ ကလည္း က်ိဳက္ထိုၿမိဳ႕နယ္ မဲ႐ုံေလးေက်း႐ြာေန ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ရပ္/ေက်း ဥကၠဌျဖစ္သူ ဦးျမင့္ႏိုင္ကို ေသနတ္သမားႏွစ္ဦးက လာေရာက္ ပစ္သတ္သြားခဲ့သည္။

မြန္ျပည္နယ္တြင္ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပးဟု သတ္မွတ္ခံရသူမ်ား ပစ္သတ္ခံရသည့္ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ပြားေနသည္။