ရခိုင် ဒုက္ခသည်စခန်းအတွင်း ကာကွယ်ဆေးထိုးထားသူများအကြား ကိုဗစ်-၁၉ လက္ခဏာများတွေ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ တောင်မင်းကုလား စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ် ကြိမ်ထိုးထားသူ အယောက် ၃၀ ကျော်ခန့် ဖျားနာပြီး အနံ့မရဖြစ်နေသည့် အတွက် အနီးကပ် ကျန်းမာရေး စောင့် ရှောက်မှုများ ပေးနေရသည်ဟု ကျောက်တော်မြို့နယ်က ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦး က ပြောသည်။

စစ်ရှောင်စခန်းတွင် ဖျားနာ၊ ချောင်းဆိုး၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းများနှင့် အနံ့မရခြင်းများ ဖြစ်ပေါ်နေသူများ အနက် သက်ကြီးရွယ်အို ၅ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေး၂ဦး တို့လည်း ပါဝင်သည်ဟု ဒေါက်တာ သန်းထွန်းဦး က ပြောသည်။

“ဖျားနာ အနံ့မရသူတွေကို သီးသန့်ခွဲထားပြီး Quarantine ချထားပါတယ်။ အံ့အားသင့်စရာက ကိုဗစ် ကာကွယ် ဆေးတစ်ကြိမ် ထိုးထားကြတဲ့သူတွေ ဖြစ်နေတာမို့ ကျနော်တို့ အနီးကပ်စောင့်ကြည့်ပြီး ကျန်းမာရေး စောင့် ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ စိုးရိမ်ရတဲ့ လူနာတော့ မရှိသေးပါဘူး” ဟု ဒေါက်တာ သန်းထွန်းဦးက ပြော သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အခြားသော ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အတွက် ကြောက်ရွံ့စိုးရိမ်မှုများ ရှိနေကြသည်ဟု စစ်ရှောင်စခန်းအတွင်းက စစ်ရှောင်များက ပြောသည်။

စခန်းထဲတွင် စစ်ရှောင်ဦးရေ ၅၃၁ ဦး ခိုလှုံနေထိုင်လျက်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီတိုင်းရင်းသားများ နေထိုင်ကြ သည်။

စစ်ရှောင်စခန်းတွင် ဖျားနာ၊ ချောင်းဆိုး၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းများနှင့် အနံ့မရခြင်းများ ဖြစ်နေခြင်းသည်
၃ ပတ် နီးပါးခန့် ရှိလာပြီ ဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်း က ပြောသည်။

တောင်မင်းကုလား စစ်ရှောင်စခန်း တာဝန်ခံ ဦးအောင်ကျော်ဝင်း က “စခန်းအတွင်း အနံ့မရဖြစ်သူများ ယခု ထက် ပိုတိုးလာရင်တော့ လိုအပ်ရင် စခန်းတခုလုံး လော့ဒေါင်းချသွားနိုင်ဖို့ စီစဉ်မှာပါ” ဟု ပြောသည်။

တောင်မင်းကုလား စစ်ရှောင်စခန်းသည် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် ယိုးချောင်းဒေသတွင်ရှိသည့် တောင်မင်းကုလားကျေးရွာအနီးတွင် တည်ရှိသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း အတည်ပြုလူနာ စုစုပေါင်း ၄၆၁၄ ဦး အထိရှိပြီး၊ သေဆုံးသူ ၄၄၄ ဦး အထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၁၈ ရက်နေ့ အထိ ထုတ်ပြန် ထားသည့် စာရင်းများ အရ သိရသည်။

*** ZAWGYI ***
ရခိုင္ ဒုကၡသည္စခန္းအတြင္း ကာကြယ္ေဆးထိုးထားသူမ်ားအၾကား ကိုဗစ္-၁၉ လကၡဏာမ်ားေတြ႕ရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေတာင္မင္းကုလား စစ္ေရွာင္စခန္းတြင္ ကိုဗစ္-၁၉ ကာကြယ္ေဆး တစ္ ႀကိမ္ထိုးထားသူ အေယာက္ ၃၀ ေက်ာ္ခန႔္ ဖ်ားနာၿပီး အနံ႔မရျဖစ္ေနသည့္ အတြက္ အနီးကပ္ က်န္းမာေရး ေစာင့္ ေရွာက္မႈမ်ား ေပးေနရသည္ဟု ေက်ာက္ေတာ္ၿမိဳ႕နယ္က ဆရာဝန္ႀကီး ေဒါက္တာ သန္းထြန္းဦး က ေျပာသည္။

စစ္ေရွာင္စခန္းတြင္ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ခႏၶာကိုယ္ ကိုက္ခဲျခင္းမ်ားႏွင့္ အနံ႔မရျခင္းမ်ား ျဖစ္ေပၚေနသူမ်ား အနက္ သက္ႀကီး႐ြယ္အို ၅ ဦးႏွင့္ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလး၂ဦး တို႔လည္း ပါဝင္သည္ဟု ေဒါက္တာ သန္းထြန္းဦး က ေျပာသည္။

“ဖ်ားနာ အနံ႔မရသူေတြကို သီးသန္႔ခြဲထားၿပီး Quarantine ခ်ထားပါတယ္။ အံ့အားသင့္စရာက ကိုဗစ္ ကာကြယ္ ေဆးတစ္ႀကိမ္ ထိုးထားၾကတဲ့သူေတြ ျဖစ္ေနတာမို႔ က်ေနာ္တို႔ အနီးကပ္ေစာင့္ၾကည့္ၿပီး က်န္းမာေရး ေစာင့္ ေရွာက္မႈေတြ လုပ္ေပးေနပါတယ္။ စိုးရိမ္ရတဲ့ လူနာေတာ့ မရွိေသးပါဘူး” ဟု ေဒါက္တာ သန္းထြန္းဦးက ေျပာ သည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အျခားေသာ ေရာဂါအခံရွိသူမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလးသူငယ္မ်ား အတြက္ ေၾကာက္႐ြံ႕စိုးရိမ္မႈမ်ား ရွိေနၾကသည္ဟု စစ္ေရွာင္စခန္းအတြင္းက စစ္ေရွာင္မ်ားက ေျပာသည္။

စခန္းထဲတြင္ စစ္ေရွာင္ဦးေရ ၅၃၁ ဦး ခိုလႈံေနထိုင္လ်က္ရွိၿပီး ရခိုင္၊ ၿမိဳႏွင့္ ခမီတိုင္းရင္းသားမ်ား ေနထိုင္ၾက သည္။

စစ္ေရွာင္စခန္းတြင္ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ ခႏၶာကိုယ္ ကိုက္ခဲျခင္းမ်ားႏွင့္ အနံ႔မရျခင္းမ်ား ျဖစ္ေနျခင္းသည္
၃ ပတ္ နီးပါးခန္႔ ရွိလာၿပီ ျဖစ္သည္ဟု စခန္းတာဝန္ခံ ဦးေအာင္ေက်ာ္ဝင္း က ေျပာသည္။

ေတာင္မင္းကုလား စစ္ေရွာင္စခန္း တာဝန္ခံ ဦးေအာင္ေက်ာ္ဝင္း က “စခန္းအတြင္း အနံ႔မရျဖစ္သူမ်ား ယခု ထက္ ပိုတိုးလာရင္ေတာ့ လိုအပ္ရင္ စခန္းတခုလုံး ေလာ့ေဒါင္းခ်သြားႏိုင္ဖို႔ စီစဥ္မွာပါ” ဟု ေျပာသည္။

ေတာင္မင္းကုလား စစ္ေရွာင္စခန္းသည္ ေျမာက္ဦးခ႐ိုင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ယိုးေခ်ာင္းေဒသတြင္ရွိသည့္ ေတာင္မင္းကုလားေက်း႐ြာအနီးတြင္ တည္ရွိသည္။

ရခိုင္ျပည္နယ္တြင္ ကိုဗစ္-၁၉ တတိယလႈိင္းအတြင္း အတည္ျပဳလူနာ စုစုေပါင္း ၄၆၁၄ ဦး အထိရွိၿပီး၊ ေသဆုံးသူ ၄၄၄ ဦး အထိရွိေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ စက္တင္ဘာလ ၁၈ ရက္ေန႔ အထိ ထုတ္ျပန္ ထားသည့္ စာရင္းမ်ား အရ သိရသည္။