ဧရာဝတီတိုင်းအတွင်း Mytel တာဝါတိုင် နှစ်ခု ဖျက်စီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မအူပင်မြို့နယ် နှင့် ကျိုက်လတ်မြို့နယ်က Mytel တာဝါတိုင် ၂ ခု ဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က မအူပင်မြို့နယ် တလုပ်လပ် ၃ မိုင်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဗုံးခွဲဖျက်စီးခံပြီး ကျိုတ်လတ်မြို့နယ်၊ စစ် ကုန်းကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်မှာ မီးရှို့ဖျက်ဆီး ခံရသည်ဟု ဒေသခံများက ပြောသည်။
“ည ၈ နာရီ ကျော်လောက်က ပေါက်ကွဲတာ။ မအူပင်မြို့နယ် အတွင်းမှာ Mytel တာဝါတိုင် ဗုံးခွဲခံရတာ ပထမ ဆုံး အကြိမ်ပါ ” ဟု မအူပင် ဒေသခံ ကိုဇော်မင်း က ပြောသည်။
မအူပင်မြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် ဗုံးခွဲခံခဲ့ရသော်လည်း ပြိုလဲခြင်း မရှိခဲ့ပေ။ သို့သော် အဆိုပါ ဖုန်း တာဝါ တိုင် အောက်ရှိ ထရန်ဖော်မာ နှင့် အခြား စက်ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်ဟု မအူပင် ဒေသခံ များက ပြောသည်။
ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ အာဏာသိမ်း စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက မီးရှို့ဖျက်စီးကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။
“မိုင်းဆင်ပြီး ဖောက်ခွဲဖျက်ဆီးတာပါ။ ယမ်းက မအောင်တော့ တာဝါတိုင်ကို မီးရှို့ဖျက်ဆီးကြတာ။ တာဝါတိုင် မှာ ဖရီးတိုက်ဂါးရိန်းဂျား အဖွဲ့က သတိပေးစာတွေ ကပ်ခဲ့တယ်” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယခုအကြိမ် မီးရှို့ ဖျက်ဆီးခံရသည့် မအူပင်မြို့နယ် နှင့် ကျိုက်လတ်မြို့နယ်က Mytel ဖုန်တာဝါတိုင် ၂ တိုင်မှာ ဘိုကလေးမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်စီးခံပြီးနောက် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်နှင့် ဆိုပါက ဧရာဝတီတိုင်းအတွင်း Mytel ဖုန်းတာဝါတိုင် သုံးတိုင်မီးရှို့ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
Mytel ဖုန်းတာဝါတိုင်များ ဖျက်စီးခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်းတို့ မသင်္ကာသည့်သူများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး မအူပင်မြို့နယ်တွင် ၂ ဦး၊ ကျိုက်လတ်မြို့နယ်တွင် ၆ ဦးကို ဖမ်းဆီးထား ကြောင်း ဒေသခံအချို့ က ပြောသည်။
ဧရာဝတီတိုင်းတွင် စက်တင်ဘာ ဒုတိယပတ်အတွင်း က ဘိုကလေးမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်စီးခံ ခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel တာဝါတိုင် မီးရှို့ဖျက်စီးမှုက မအောင်မြင်ပဲ ဒေသခံ လူငယ်တစ်ဦး ဖမ်းဆီးခံထား ရသည်။
*** ZAWGYI ***
ဧရာဝတီတိုင္းအတြင္း Mytel တာဝါတိုင္ ႏွစ္ခု ဖ်က္စီးခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး အတြင္းရွိ မအူပင္ၿမိဳ႕နယ္ ႏွင့္ က်ိဳက္လတ္ၿမိဳ႕နယ္က Mytel တာဝါတိုင္ ၂ ခု ဖ်က္ဆီးခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။
စက္တင္ဘာလ ၁၉ ရက္ေန႔က မအူပင္ၿမိဳ႕နယ္ တလုပ္လပ္ ၃ မိုင္ေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္ ဗုံးခြဲဖ်က္စီးခံၿပီး က်ိဳတ္လတ္ၿမိဳ႕နယ္၊ စစ္ ကုန္းေက်း႐ြာအနီးရွိ Mytel ဖုန္းတာဝါတိုင္မွာ မီးရႈိ႕ဖ်က္ဆီး ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။
“ည ၈ နာရီ ေက်ာ္ေလာက္က ေပါက္ကြဲတာ။ မအူပင္ၿမိဳ႕နယ္ အတြင္းမွာ Mytel တာဝါတိုင္ ဗုံးခြဲခံရတာ ပထမ ဆုံး အႀကိမ္ပါ ” ဟု မအူပင္ ေဒသခံ ကိုေဇာ္မင္း က ေျပာသည္။
မအူပင္ၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္ ဗုံးခြဲခံခဲ့ရေသာ္လည္း ၿပိဳလဲျခင္း မရွိခဲ့ေပ။ သို႔ေသာ္ အဆိုပါ ဖုန္း တာဝါ တိုင္ ေအာက္ရွိ ထရန္ေဖာ္မာ ႏွင့္ အျခား စက္ပစၥည္းမ်ား မီးေလာင္ပ်က္စီးသြားသည္ဟု မအူပင္ ေဒသခံ မ်ားက ေျပာသည္။
က်ိဳတ္လတ္ၿမိဳ႕နယ္၊ စစ္ကုန္းေက်း႐ြာအနီးရွိ အာဏာသိမ္း စစ္တပ္ပိုင္ Mytel ဖုန္းတာဝါတိုင္ကို FTR (FreeTiger Ranger) က်ိဳက္လတ္ၿမိဳ႕နယ္အဖြဲ႕ခြဲက မီးရႈိ႕ဖ်က္စီးေၾကာင္း ရဲတပ္ဖြဲ႕ ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာသည္။
“မိုင္းဆင္ၿပီး ေဖာက္ခြဲဖ်က္ဆီးတာပါ။ ယမ္းက မေအာင္ေတာ့ တာဝါတိုင္ကို မီးရႈိ႕ဖ်က္ဆီးၾကတာ။ တာဝါတိုင္ မွာ ဖရီးတိုက္ဂါးရိန္းဂ်ား အဖြဲ႕က သတိေပးစာေတြ ကပ္ခဲ့တယ္” ဟု ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
ယခုအႀကိမ္ မီးရႈိ႕ ဖ်က္ဆီးခံရသည့္ မအူပင္ၿမိဳ႕နယ္ ႏွင့္ က်ိဳက္လတ္ၿမိဳ႕နယ္က Mytel ဖုန္တာဝါတိုင္ ၂ တိုင္မွာ ဘိုကေလးၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္ မီးရႈိ႕ဖ်က္စီးခံၿပီးေနာက္ ထပ္မံျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ယခုအႀကိမ္ႏွင့္ ဆိုပါက ဧရာဝတီတိုင္းအတြင္း Mytel ဖုန္းတာဝါတိုင္ သုံးတိုင္မီးရႈိ႕ဖ်က္ဆီးခံလိုက္ရၿပီ ျဖစ္သည္။
Mytel ဖုန္းတာဝါတိုင္မ်ား ဖ်က္စီးခံရၿပီးေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ၎တို႔ မသကၤာသည့္သူမ်ားကို လိုက္လံဖမ္းဆီးမႈမ်ား ျပဳလုပ္ေနၿပီး မအူပင္ၿမိဳ႕နယ္တြင္ ၂ ဦး၊ က်ိဳက္လတ္ၿမိဳ႕နယ္တြင္ ၆ ဦးကို ဖမ္းဆီးထား ေၾကာင္း ေဒသခံအခ်ိဳ႕ က ေျပာသည္။
ဧရာဝတီတိုင္းတြင္ စက္တင္ဘာ ဒုတိယပတ္အတြင္း က ဘိုကေလးၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္ မီးရႈိ႕ဖ်က္စီးခံ ခဲ့ရျခင္းျဖစ္သည္။
ထို႔အျပင္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ Mytel တာဝါတိုင္ မီးရႈိ႕ဖ်က္စီးမႈက မေအာင္ျမင္ပဲ ေဒသခံ လူငယ္တစ္ဦး ဖမ္းဆီးခံထား ရသည္။