ကျိုက်ထိုတွင် အမျိုးသား နှစ်ဦး မိုင်း နင်းမိပြီး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း၌ အမျိုးသားနှစ်ဦး သီးခြားစီ မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသခံများနှင့် ကျိုက်ထို ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က နံနက် ၇ နာရီ အချိန်ခန့်က ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာသို့ အသွား ချောင်းကွေ့ကျေးရွာအနီးတွင် အသက် ၄၁ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားခဲ့ သည်။

အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ဆေးကုသခံမှုခံနေ ရသည်။

ထို့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာ အကြားတွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ပရဟိ တလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြား မိုင်းနင်းမိသည့် အမျိုးသားသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အတွက် ကျိုက်ထိုဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။

“မိုင်းနင်းမိတဲ့နှစ်ယောက်မှာ ဆောင်နိုင်ကြီးကျေးရွာနဲ့ မဲရုံးကျေးရွာအကြားမှာ မိုင်းနင်းမိတဲ့ တစ်ယောက်က တော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျိုက်ထိုဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်” ဟု ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ကျိုက်ထီးရိုးတောင် ‌ရေတံခွန်သွားလမ်းတွင် အမျိုးသားတစ်ဦး မိုင်း နင်းမိပြိး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ဒေသအတွင်း မိုင်းနင်းမိသည့် ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာနေသည့် အတွက် ဒေသခံများ သွားလာ လုပ်ကိုင်စားသောက်ကြရန် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများက ပြော သည်။

*** ZAWGYI ***
က်ိဳက္ထိုတြင္ အမ်ိဳးသား ႏွစ္ဦး မိုင္း နင္းမိၿပီး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္အတြင္း၌ အမ်ိဳးသားႏွစ္ဦး သီးျခားစီ ေျမျမဳပ္မိုင္းနင္းမိၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့ၾကသည္ဟု ေဒသခံမ်ားႏွင့္ က်ိဳက္ထို ပရဟိတလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ားက ေျပာသည္။

စက္တင္ဘာလ ၂၁ ရက္ေန႔က နံနက္ ၇ နာရီ အခ်ိန္ခန႔္က က်ိဳက္ထိုၿမိဳ႕နယ္ ကင္းမြန္းေခ်ာင္းေက်း႐ြာသို႔ အသြား ေခ်ာင္းေကြ႕ေက်း႐ြာအနီးတြင္ အသက္ ၄၁ ႏွစ္ဝန္းက်င္ခန႔္ရွိ အမ်ိဳးသားတစ္ဦး ေျမျမဳပ္မိုင္းနင္းမိမႈ ျဖစ္ပြားခဲ့ သည္။

အဆိုပါ မိုင္းနင္းမိသည့္ အမ်ိဳးသားသည္ ေျခေထာက္ႏွစ္ဖက္စလုံးတြင္ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ပရဟိတ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕၏ အကူအညီျဖင့္ က်ိဳက္ထိုေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသခံမႈခံေန ရသည္။

ထို႔အျပင္ စက္တင္ဘာလ ၂၁ ရက္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္ခန႔္ကလည္း ေဆာင္ႏိုင္ႀကီးေက်း႐ြာႏွင့္ မဲ႐ုံးေက်း႐ြာ အၾကားတြင္ အသက္ ၅၀ ဝန္းက်င္ခန႔္ရွိ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိၿပီး ျပင္းထန္စြာဒဏ္ရာရရွိခဲ့သည္ဟု ပရဟိ တလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေဆာင္ႏိုင္ႀကီးေက်း႐ြာႏွင့္ မဲ႐ုံးေက်း႐ြာအၾကား မိုင္းနင္းမိသည့္ အမ်ိဳးသားသည္ ျပင္းထန္ဒဏ္ရာရရွိခဲ့သည့္ အတြက္ က်ိဳက္ထိုေဆး႐ုံမွတဆင့္ ေမာ္လၿမိဳင္ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေနရသည္။

“မိုင္းနင္းမိတဲ့ႏွစ္ေယာက္မွာ ေဆာင္ႏိုင္ႀကီးေက်း႐ြာနဲ႔ မဲ႐ုံးေက်း႐ြာအၾကားမွာ မိုင္းနင္းမိတဲ့ တစ္ေယာက္က ေတာ့ ဒဏ္ရာျပင္းထန္တဲ့အတြက္ က်ိဳက္ထိုေဆး႐ုံကေန ေမာ္လၿမိဳင္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ရတယ္” ဟု ပရဟိတလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ဩဂုတ္လအတြင္းကလည္း က်ိဳက္ထီး႐ိုးေတာင္ ‌ေရတံခြန္သြားလမ္းတြင္ အမ်ိဳးသားတစ္ဦး မိုင္း နင္းမိၿပိး ထိခိုက္ဒဏ္ရာရခဲ့ေသးသည္။

က်ိဳက္ထိုၿမိဳ႕နယ္ က်ိဳက္ထီး႐ိုးေတာင္ ေဒသအတြင္း မိုင္းနင္းမိသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္ပြားလာေနသည့္ အတြက္ ေဒသခံမ်ား သြားလာ လုပ္ကိုင္စားေသာက္ၾကရန္ စိုးရိမ္ထိတ္လန႔္ေနၾကသည္ဟု ေဒသခံမ်ားက ေျပာ သည္။