လေဖြတ်နေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့ က လေဖြတ်နေသည့် အသက် ၆၃ နှစ် အရွယ်ရှိ ၈၈ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
၈၈ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ထိုက် ခေါ်ဦးတင်မောင်စိုး ကို စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် အတီးစုရပ်ရှိ အိမ်တစ်အိမ်တွင် လေငန်းရောဂါခံစားနေရ၍ လာရောက် ဆေးကု သမှု ခံယူနေစဉ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက် ခြင်းဖြစ် ကြောင်း မိသားစုဝင်များက ပြောပြသည်။
“ပုဒ်မ ၂ ခုနဲ့ ဝရမ်းထုတ်ထားတယ်လို့ သိရတယ်။ ကျန်းမာရေး မကောင်းတာ အတော်ကြာနေပြီ။ လမ်းကောင်း ကောင်း မလျှောက်နိုင်ဘူး။ လေဖြတ်လို့ စကားပြောတာမပီလို့ ဆေးကုနေရတာ အခုက ဘယ်ကိုဖမ်းသွားလဲ ဆိုတာမသိရဘူး” ဟု မိသားစုဝင် တစ်ဦး က ပြောသည်။
ကန်ကြီးထောင့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ က စ၍ ၃ရက် အတွင်း မြို့နယ် ထွေ/အုပ် ဒုဦးစီးမှုး ဦးပြုံး ချို၊ NLD ပါတီဝင်ဟောင်း ကိုစည်သူအောင် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ထိုက်တို့ အပါအဝင် နိုင်ငံ ရေးသမားဟောင်းများ နှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၀ ဦးကို စစ်ကောင်တပ်ဖွဲ့ဝင်များက ဖမ်းထား ကြောင်း ဒေသခံအချို့ က ပြောသည်။
“ဦးဇော်ထိုက် က စစ်တပ် အာဏာမသိမ်းခင်ကတည်း ကျန်းမာရေးမကောင်းလို့ ဆေးကုသနေ ရသူပါ၊ ဘယ်လို ဖြစ်လို့ ဖမ်းတယ် ဝရမ်း ထုတ်ခံရတယ် မပြောတတ်ဘူး။ သူမိသားစုကတော့ သူ့ကျန်းမာရေး အတွက် အရမ်း စိုးရိမ်နေတယ်” ဟု ကန်ကြီးထောင့်မြို့ ဒေသခံ ဦးခင်ဝင်း က ပြောသည်။
၈၈ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဇော်ထိုက် ကို ပုဒ်မ ၁၂၂ ၊၁၂၄ တို့ဖြစ်လည်းကောင်း၊ NLD ပါတီဝင် ဟောင်း ကိုစည်သူအောင်ကို ပုဒ်မ ၂၅ ဖြင့်လည်းကောင်း စစ်ကောင်စီက မေလ အတွင်းက ဝရမ်းထုတ်ခဲ့သည်။
ရာဇသတ်ကြီး ပုဒ်မ ၁၂၂ သည် နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ပါက သေဒဏ် (သို့) တစ်သက်တစ်ကျွန်း၊ ရာဇ သတ်ကြီး ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်စေမှု ကျူးလွန်ပါက အမြင့်ဆုံး ငွေဒဏ်နှင့် တကွ ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။
ကန်ကြီးထောင်မြို့နယ်တွင် ဒလန် တစ်ဦး အသတ်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးမှု စိပ်လာပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရသူ တစ်ဦး အပါအဝင် သတင်းထောက်၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ NLD ပါတီ ဝင်များ နှင့် နိုင်ငံရေး လူမှုရေး တက်ကြွလှုပ်ရှားသူ ၇၀ ကျော် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
ပုဒ်မ ၅၀၅ (က) သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြည့်စွက် ပြင်ဆင်လိုက်သည့် ပုဒ်မတစ်ခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တတရားကို မလေးစားခြင်း သော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
*** ZAWGYI ***
ေလျဖတ္ေနသူ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕ က ေလျဖတ္ေနသည့္ အသက္ ၆၃ ႏွစ္ အ႐ြယ္ ရွိ ၈၈ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တစ္ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
၈၈ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ဦးေဇာ္ထိုက္ ေခၚဦးတင္ေမာင္စိုး ကို စက္တင္ဘာ ၂၀ ရက္ေန႔က ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
ပုသိမ္ၿမိဳ႕ အမွတ္ ၅ ရပ္ကြက္ အတီးစုရပ္ရွိ အိမ္တစ္အိမ္တြင္ ေလငန္းေရာဂါခံစားေနရ၍ လာေရာက္ ေဆးကု သမႈ ခံယူေနစဥ္စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးလိုက္ ျခင္းျဖစ္ ေၾကာင္း မိသားစုဝင္မ်ားက ေျပာျပသည္။
“ပုဒ္မ ၂ ခုနဲ႔ ဝရမ္းထုတ္ထားတယ္လို႔ သိရတယ္။ က်န္းမာေရး မေကာင္းတာ အေတာ္ၾကာေနၿပီ။ လမ္းေကာင္း ေကာင္း မေလွ်ာက္ႏိုင္ဘူး။ ေလျဖတ္လို႔ စကားေျပာတာမပီလို႔ ေဆးကုေနရတာ အခုက ဘယ္ကိုဖမ္းသြားလဲ ဆိုတာမသိရဘူး” ဟု မိသားစုဝင္ တစ္ဦး က ေျပာသည္။
ကန္ႀကီးေထာင့္ၿမိဳ႕တြင္ စက္တင္ဘာလ ၁၈ ရက္ေန႔ က စ၍ ၃ရက္ အတြင္း ၿမိဳ႕နယ္ ေထြ/အုပ္ ဒုဦးစီးမႈး ဦးၿပဳံး ခ်ိဳ၊ NLD ပါတီဝင္ေဟာင္း ကိုစည္သူေအာင္ ႏွင့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးေဇာ္ထိုက္တို႔ အပါအဝင္ ႏိုင္ငံ ေရးသမားေဟာင္းမ်ား ႏွင့္ ႏိုင္ငံေရး တက္ႂကြ လႈပ္ရွားသူ ၃၀ ဦးကို စစ္ေကာင္တပ္ဖြဲ႕ဝင္မ်ားက ဖမ္းထား ေၾကာင္း ေဒသခံအခ်ိဳ႕ က ေျပာသည္။
“ဦးေဇာ္ထိုက္ က စစ္တပ္ အာဏာမသိမ္းခင္ကတည္း က်န္းမာေရးမေကာင္းလို႔ ေဆးကုသေန ရသူပါ၊ ဘယ္လို ျဖစ္လို႔ ဖမ္းတယ္ ဝရမ္း ထုတ္ခံရတယ္ မေျပာတတ္ဘူး။ သူမိသားစုကေတာ့ သူ႔က်န္းမာေရး အတြက္ အရမ္း စိုးရိမ္ေနတယ္” ဟု ကန္ႀကီးေထာင့္ၿမိဳ႕ ေဒသခံ ဦးခင္ဝင္း က ေျပာသည္။
၈၈ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းျဖစ္သူ ဦးေဇာ္ထိုက္ ကို ပုဒ္မ ၁၂၂ ၊၁၂၄ တို႔ျဖစ္လည္းေကာင္း၊ NLD ပါတီဝင္ ေဟာင္း ကိုစည္သူေအာင္ကို ပုဒ္မ ၂၅ ျဖင့္လည္းေကာင္း စစ္ေကာင္စီက ေမလ အတြင္းက ဝရမ္းထုတ္ခဲ့သည္။
ရာဇသတ္ႀကီး ပုဒ္မ ၁၂၂ သည္ ႏိုင္ငံေတာ္ ပုန္ကန္မႈ က်ဴးလြန္ပါက ေသဒဏ္ (သို႔) တစ္သက္တစ္ကြၽန္း၊ ရာဇ သတ္ႀကီး ပုဒ္မ ၁၂၄ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ က်ဴးလြန္ပါက အျမင့္ဆုံး ေငြဒဏ္ႏွင့္ တကြ ေထာင္ဒဏ္ ႏွစ္ ၂၀ အထိ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည္။
ကန္ႀကီးေထာင္ၿမိဳ႕နယ္တြင္ ဒလန္ တစ္ဦး အသတ္ခံရၿပီးေနာက္ ဖမ္းဆီးစစ္ေဆးမႈ စိပ္လာၿပီး ပုဒ္မ ၅၀၅ (က) ျဖင့္ ေထာင္ဒဏ္ ၃ ႏွစ္ ခ်ခံရသူ တစ္ဦး အပါအဝင္ သတင္းေထာက္၊ ေက်ာင္းသားသမဂၢေခါင္းေဆာင္၊ NLD ပါတီ ဝင္မ်ား ႏွင့္ ႏိုင္ငံေရး လူမႈေရး တက္ႂကြလႈပ္ရွားသူ ၇၀ ေက်ာ္ ဖမ္းဆီးထားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ပုဒ္မ ၅၀၅ (က) သည္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျဖည့္စြက္ ျပင္ဆင္လိုက္သည့္ ပုဒ္မတစ္ခုျဖစ္ၿပီး ေထာင္ဒဏ္ ၃ ႏွစ္ အထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မ ျဖစ္သည္။
ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) ျပ႒ာန္းခ်က္အရ ျပည္ေထာင္စုအစိုးရ၏ ၾကည္း၊ ေရ၊ ေလ တပ္ တစ္ခုခုမွ အရာရွိအား သို႔တည္းမဟုတ္ တပ္သားအား စစ္ပုန္ကန္ျခင္းကို ေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိ၏ တာဝန္ ဝတၱတရားကို မေလးစားျခင္း ေသာ္လည္းေကာင္း၊ ပ်က္ကြက္ျခင္းေသာ္ လည္းေကာင္း၊ ျပဳေစရန္ အႀကံရွိလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျပဳေစတန္ရာသည့္ အေၾကာင္းရွိလွ်င္ ထိုသူကို ႏွစ္ႏွစ္အထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးျဖစ္ ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္သည့္ ပုဒ္မ ျဖစ္သည္။