ကသာတွင် ဖမ်းဆီးခံထားရသူများအနက်မှ သုံးဦးကို အကြမ်းဖက်မှု ပုဒ်မတပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ၁၇ ဦး အနက် ၃ ဦး ကို ခြေမြန်တပ်ရင်း ၃၀၉ စစ်ကြောရေးသို့ စက်တင်ဘာလ ၂၀ ရက်နေ့က ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦး အနက် ၃ ဦးကို အကြမ်းဖက် ပုဒ်မတပ်၍ ဖမ်းဆီးထားပြီး ယခုလ ၂၀ ရက်နေ့က ခြေမြန်တပ်ရင်း ၃၀၉ စစ်ကြောရေးသို့ ခေါ်သွားကြောင်း မိသားစုဝင်များက ပြောသည်။

ကျန် ၁၄ ဦးကိုမူ ပုဒ်မ ၅၀၅-က တပ်မတော်အကြည်အညိုပျက်စေသည့် ပုဒ်မဖြင့် စွဲချက် တင်ပြီး ယမန်ယူထားကြောင်း သိရသည်။

စစ်ကြောရေးသို့ ခေါ်ဆောင်သွားသူ သုံးဦးအနက် တစ်ဦးကို ဖမ်းဆီးစဉ်ကလည်း ရိုက်နှက်မှုများ ရှိခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၄နာရီခန့်တွင် ရောက်ရှိလာပြီး အိမ်ရှိ မိသားစုဝင် လူများ အားလုံးကို ထိုင်ခိုင်းကာ ထင်းပုံမှ ထင်းချောင်းများဖြင့် ဆွဲရိုက်ခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြော သည်။

”အိုကြီးအိုမကို ပါးတွေချည့်ပဲရိုက်တာ စစ်ကြောရေးကိုခေါ်သွားရင်လည်း ထပ်ရိုက်ခံထိဦးမှာ အဝတ်အစား လည်း မပါသွားဘူး” ဟု ဖမ်းဆီးခံရသူ တစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့ က ကသာမြို့၊ ရပ်ကွက် ၉ မှ ၇ ယောက်၊ ရပ်ကွက် ၇ မှ ၇ ယောက်၊ လမ်းခွကျေးရွာ မှ ၃ယောက်၊ စုစုပေါင်း ၁၇ ယောက် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

စစ်ဆေးရန် စစ်ကောင်စီက ခေါ်သွားသူ သုံးဦးမှာ လမ်းခွကျေးရွာမှ ဦးသန်းထွန်း ၄၅နှစ်၊ ရပ်ကွက်၉ မှ ဦးတင်ဦး ၆၀ နှစ် နှင့် သားဖြစ်သူ ဦးနိုင်ဦး ၄၀နှစ် တို့ ဖြစ်ကြသည်။

*** ZAWGYI ***
ကသာတြင္ ဖမ္းဆီးခံထားရသူမ်ားအနက္မွ သုံးဦးကို အၾကမ္းဖက္မႈ ပုဒ္မတပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕ ရဲစခန္းတြင္ ဖမ္းဆီးခံထားရသူ ၁၇ ဦး အနက္ ၃ ဦး ကို ေျချမန္တပ္ရင္း ၃၀၉ စစ္ေၾကာေရးသို႔ စက္တင္ဘာလ ၂၀ ရက္ေန႔က ေခၚေဆာင္သြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

ဖမ္းဆီးခံရသူ ၁၇ ဦး အနက္ ၃ ဦးကို အၾကမ္းဖက္ ပုဒ္မတပ္၍ ဖမ္းဆီးထားၿပီး ယခုလ ၂၀ ရက္ေန႔က ေျချမန္တပ္ရင္း ၃၀၉ စစ္ေၾကာေရးသို႔ ေခၚသြားေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။

က်န္ ၁၄ ဦးကိုမူ ပုဒ္မ ၅၀၅-က တပ္မေတာ္အၾကည္အညိဳပ်က္ေစသည့္ ပုဒ္မျဖင့္ စြဲခ်က္ တင္ၿပီး ယမန္ယူထားေၾကာင္း သိရသည္။

စစ္ေၾကာေရးသို႔ ေခၚေဆာင္သြားသူ သုံးဦးအနက္ တစ္ဦးကို ဖမ္းဆီးစဥ္ကလည္း ႐ိုက္ႏွက္မႈမ်ား ရွိခဲ့သည္ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက နံနက္ ၄နာရီခန႔္တြင္ ေရာက္ရွိလာၿပီး အိမ္ရွိ မိသားစုဝင္ လူမ်ား အားလုံးကို ထိုင္ခိုင္းကာ ထင္းပုံမွ ထင္းေခ်ာင္းမ်ားျဖင့္ ဆြဲ႐ိုက္ခဲ့သည္ဟု မိသားစုဝင္တစ္ဦးက ေျပာ သည္။

”အိုႀကီးအိုမကို ပါးေတြခ်ည့္ပဲ႐ိုက္တာ စစ္ေၾကာေရးကိုေခၚသြားရင္လည္း ထပ္႐ိုက္ခံထိဦးမွာ အဝတ္အစား လည္း မပါသြားဘူး” ဟု ဖမ္းဆီးခံရသူ တစ္ဦး၏ မိသားစုဝင္ တစ္ဦးက ေျပာသည္။

စက္တင္ဘာလ ၉ ရက္ေန႔ က ကသာၿမိဳ႕၊ ရပ္ကြက္ ၉ မွ ၇ ေယာက္၊ ရပ္ကြက္ ၇ မွ ၇ ေယာက္၊ လမ္းခြေက်း႐ြာ မွ ၃ေယာက္၊ စုစုေပါင္း ၁၇ ေယာက္ ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

စစ္ေဆးရန္ စစ္ေကာင္စီက ေခၚသြားသူ သုံးဦးမွာ လမ္းခြေက်း႐ြာမွ ဦးသန္းထြန္း ၄၅ႏွစ္၊ ရပ္ကြက္၉ မွ ဦးတင္ဦး ၆၀ ႏွစ္ ႏွင့္ သားျဖစ္သူ ဦးႏိုင္ဦး ၄၀ႏွစ္ တို႔ ျဖစ္ၾကသည္။