တနင်္သာရီမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို အမည်မသိဆိုင်ကယ်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လိုက်သည့်အတွက် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသူမှာ မြိတ်ခရိုင်၊ တနင်္သာရီမြို့ အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုဖြစ်ပြီး၊ မောတောင်မြို့ အနီး တွင် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ ကျော်အချိန်ခန့်က ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
”လေးချက်ပစ်တာ ဦးဆုံး အချက်ထိတာ။ နောက်သုံးချက်က မထိဘူး။ တခြားသူတွေကိုတော့ ပစ်မသွားဘူး” ဟု မျက်မြင်တွေ့သူ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။
ကျေးရွာစစ်ဆေးရေးဂိတ်တွင် အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုနှင့် အရန်မီးသတ်အဖွဲ့များ ကင်းစောင့်နေချိန် ဆိုင်ကယ်နှင့် လူတစ်ဦး အထုတ်အပိုးများဖြင့်ရောက်ရှိလာပြီး စစ်ဆေးခံ ဟန်ဆောင်၍ သေနတ်ဖြင့် ပစ်ကာ ထွက်ပြေးသွားကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ အထက်ပါ ဒေသခံအသက် ၃၀ အရွယ် အမျိုးသား က ပြော သည်။
ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးအား မောတောင်တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရာ ည ၇ နာရီခွဲ အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း မောတောင်မြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး က အတည်ပြု ပြောသည်။
အုပ်ချုပ်ရေးမှူးတစ်ယောက် သေနတ်နှင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်သည် တနင်္သာရီမြို့နယ် အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆိုသည်။
ဤပစ်ခတ်မှုမှာ မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရသေးကြောင်း ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဒေသခံများက ဆိုသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ ည ပစ်ခတ်သေဆုံးမှုနှင့် ပတ်သက်၍ မောတောင် ရဲစခန်းသို့ဆက်သွယ်မေးမြန်း ခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ မည်သူမည်ဝါဆိုသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုအမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုတို့ဖြင့် အမှုဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု မောတောင်ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် အမှတ် ၉ ကျေးရွာသည် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာနှင့် မောတောင်မြို့ (မြန်မာ-ထိုင်း နယ်စပ်)သွား လမ်းမကြီးပေါ်တွင်တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ထိုကျေးရွာမှ ဒေသခံများသည် တောင်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။
*** ZAWGYI ***
တနသၤာရီၿမိဳ႕နယ္အတြင္း ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။
တနသၤာရီတိုင္း ေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္အတြင္းက စစ္ေကာင္စီခန႔္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးကို အမည္မသိဆိုင္ကယ္သမားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္လိုက္သည့္အတြက္ ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေသဆုံးသူမွာ ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕ အမွတ္ ၉ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအးမင္းကိုျဖစ္ၿပီး၊ ေမာေတာင္ၿမိဳ႕ အနီး တြင္ စက္တင္ဘာလ ၂၁ ရက္ေန႔ ညေန ၆ ေက်ာ္အခ်ိန္ခန႔္က ပစ္သတ္ခံလိုက္ရျခင္း ျဖစ္သည္။
”ေလးခ်က္ပစ္တာ ဦးဆုံး အခ်က္ထိတာ။ ေနာက္သုံးခ်က္က မထိဘူး။ တျခားသူေတြကိုေတာ့ ပစ္မသြားဘူး” ဟု မ်က္ျမင္ေတြ႕သူ အသက္ ၃၀ အ႐ြယ္ ေဒသခံအမ်ိဳးသားတစ္ဦး က ေျပာသည္။
ေက်း႐ြာစစ္ေဆးေရးဂိတ္တြင္ အုပ္ခ်ဳပ္ေရးမႉး ဦးေအးမင္းကိုႏွင့္ အရန္မီးသတ္အဖြဲ႕မ်ား ကင္းေစာင့္ေနခ်ိန္ ဆိုင္ကယ္ႏွင့္ လူတစ္ဦး အထုတ္အပိုးမ်ားျဖင့္ေရာက္ရွိလာၿပီး စစ္ေဆးခံ ဟန္ေဆာင္၍ ေသနတ္ျဖင့္ ပစ္ကာ ထြက္ေျပးသြားေၾကာင္း ကိုယ္တိုင္ျမင္ေတြ႕ခဲ့သူ အထက္ပါ ေဒသခံအသက္ ၃၀ အ႐ြယ္ အမ်ိဳးသား က ေျပာ သည္။
ပစ္ခတ္ခံရသည့္ အုပ္ခ်ဳပ္ေရးမႉးအား ေမာေတာင္တိုက္နယ္ေဆး႐ုံသို႔ တင္ပို႔ခဲ့ရာ ည ၇ နာရီခြဲ အခ်ိန္ခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း ေမာေတာင္ၿမိဳ႕ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး က အတည္ျပဳ ေျပာသည္။
အုပ္ခ်ဳပ္ေရးမႉးတစ္ေယာက္ ေသနတ္ႏွင့္ ပစ္ခတ္ခံရသည့္ ျဖစ္စဥ္သည္ တနသၤာရီၿမိဳ႕နယ္ အတြင္း ပထမဆုံး အႀကိမ္ ျဖစ္သည္ဟု ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးက ဆိုသည္။
ဤပစ္ခတ္မႈမွာ မည္သည့္ အဖြဲ႕အစည္း၏ လက္ခ်က္ျဖစ္သည္ကို မသိရေသးေၾကာင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားႏွင့္ ေဒသခံမ်ားက ဆိုသည္။
စက္တင္ဘာလ ၂၁ ရက္ေန႔ ည ပစ္ခတ္ေသဆုံးမႈႏွင့္ ပတ္သက္၍ ေမာေတာင္ ရဲစခန္းသို႔ဆက္သြယ္ေမးျမန္း ခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ မည္သူမည္ဝါဆိုသည္ကို စုံစမ္းစစ္ေဆးလ်က္ရွိသည္ဟု စခန္းတာဝန္ရွိသူ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ ထိုအမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈ၊ လူသတ္မႈတို႔ျဖင့္ အမႈဖြင့္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနဆဲ ျဖစ္သည္ဟု ေမာေတာင္ရဲစခန္း တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
အခင္းျဖစ္ပြားခဲ့သည့္ အမွတ္ ၉ ေက်း႐ြာသည္ တနသၤာရီၿမိဳ႕နယ္ ေရျဖဴေက်း႐ြာႏွင့္ ေမာေတာင္ၿမိဳ႕ (ျမန္မာ-ထိုင္း နယ္စပ္)သြား လမ္းမႀကီးေပၚတြင္တည္ရွိၿပီး အိမ္ေျခ ၈၀ ခန႔္ရွိသည့္ ေက်း႐ြာတစ္႐ြာျဖစ္သည္။ ထိုေက်း႐ြာမွ ေဒသခံမ်ားသည္ ေတာင္ယာႏွင့္ ဥယ်ာဥ္ၿခံလုပ္ငန္းမ်ားကို အဓိက လုပ္ကိုင္ၾကသည္။