ဒီရေတော ထိန်းသိမ်းရေး နှောင့်နှေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ရခိုင်ပြည်နယ်ရှိ ဒီရေတော ထိန်းသိမ်းရေး ဧရိယာ တည်ထောင်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများရှိ နေ ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society–WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager ဦးသောင်းထွဋ် က ပြောသည်။
လုပ်ငန်းစီမံကိန်းများကို ၂ နှစ်ခန့် အတွင်း အပြီးသတ်ဆောင်ရွက်ရန် ရည်ရွယ်ထားသော်လည်း COVID-19 ကပ် ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လုပ်ငန်းများကို ရပ်နားထားရသည် ဟု ဦးသောင်းထွဋ် က ပြော သည်။
“ရခိုင်ပြည်နယ်အတွင်းမှ ကျိန္တလီကျွန်း၊ ဂွကျွန်း၊ နံ့သာကျွန်းနှင့် ကျွန်းနံ့သာတို့မှာ အဏ္ဏဝါကာကွယ် ထိန်းသိမ်း ရေးဧရိယာတွေ တည်ထောင်ရန် လုပ်ဆောင်နေပြီး သစ်တောဦးစီးဌာန၊ WCS Myanmar နှင့် ရခိုင်ကမ်းရိုးတန်း ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (RCA)တို့ ပူးပေါင်းလုပ်ဆောင်နေတာ” ဟု ဦးသောင်းထွဋ်က ပြောသည်။
အဆိုပါနေရာများကို ထိမ်းသိမ်းရေး ဧရိယာနေရာများ ဖြစ်လာရန်အတွက် တိုင်းတာမှုများနှင့် ဇီဝမျိုးစုံများ ၏ မျိုးကွဲများကို လေ့လာမှုများ လုပ်နိုင်သည့် အဆင့်အထိသာ လုပ်ဆောင်ထားနိုင်ပြီး ကျန်အဆင့်များ ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
အဏ္ဏဝါအမျိုးသား ဥယျာဉ်တည်ထောင်ရန်အတွက် သတ်မှတ်ထားသည့် အဆင့်ငါးဆင့်ရှိသည့်အနက် လက်ရှိ တွင် အဆင့်တစ်ဆင့်ခန့်သာ ပြီးမြောက်သေးကြောင်း ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည် က ပြောသည်။
အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာများ ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော်ဘက်မှ ပံ့ပိုးကူညီမှု၊ ဒေသခံပြည် သူများ၏ စိတ်ဝင်တစား ပူးပေါင်းပါဝင်မှုများမှာ အထူးအရေးကြီးကြောင်း ဒေါက်တာမောင်မောင်ကြည်က ပြော သည်။
“အဏ္ဏဝါကာကွယ်ထိန်းသိမ်းရေးဧရိယာတွေ ထူထောင်နိုင်ပြီဆိုရင် ပျက်စီးနေတဲ့ ဒီရေတောတွေ ပြန်ကောင်း လာမယ်။ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် နေရာပြန်ရလာမယ်။ ဒေသခံတွေအတွက် စားနပ်ရိက္ခာတွေ ဖူလုံပြီး အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ အဆင်ပြေလာမှာပါ” ဟု RCA ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည် က ပြောသည်။
ယခင်က သစ်တောပြုန်းတီမှုများကြောင့် ရေထွက်သယံဇာတများ ရှားပါးလာခဲ့ပြီး တစ်ရက်လျှင် ငါးပုဇွန် အများ ဆုံး သုံးပိဿာခန့်သာ ရရှိခဲ့သော်လည်း အဏ္ဏဝါ ကာကွယ်ထိန်းသိမ်းရေးဧရိယာလုပ်ငန်းများ ပြုလုပ်ပြီး နောက် တွင် ပိဿာချိန် နှစ်ဆယ်ကျော် ဝန်းကျင်ခန့်အထိ ရရှိလာကြကြောင်း ကျိန္တလီဒေသခံများက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ NLD အစိုးရလက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီး ဌာနက ရခိုင်ပြည်နယ်အစိုးရကို ပေးပို့သော အောက်တိုဘာ ၁၂ ရက်နေ့ အမိန့်ကြော်ငြာစာအရ ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ် အတွင်းရှိ ကုန်းမြေဧရိယာ ၈၂၁ ဧကနှင့် ရေပြင်ဧရိယာ ၂၂၂၁၉ ဧက၊ စုစုပေါင်း ၂၃၀၄၀ ဧက ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ရန်ရည် ရွယ်ပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဏ္ဏဝါအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ရန်ရည်ရွယ်ရခြင်းသည် ဂေဟဇီဝစနစ်အရ အရေးပါသော နေရာ တစ်ခုဖြစ်ပြီး ရှားပါးမျိုး စိတ်များ ကျက်စားရာနေရာတစ်ခုလည်း ဖြစ်ပြီး ဒေသခံများကလည်း ထိန်းသိမ်း ရန် တင်ပြတောင်းဆိုခဲ့ခြင်းကြောင့် စီမံကိန်းကို လုပ်ဆောင်နေရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ယမန်နှစ်က ပြောဆိုထားသည်။
အဏ္ဏဝါ ကာကွယ်ထိန်းသိမ်းရေး ဧရိယာများ တည်ဆောက်ခြင်း စီမံကိန်းများကို ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်း ဒေသခြောက်ခုတို့တွင် ပြုလုပ်သွားရန် စီမံထားပြီး ကျွန်းနံ့သာအဏ္ဏဝါ အမျိုးသား ဥယျာဥ် စီမံကိန်းအား တရားဝင် သတ်မှတ် ဖွဲ့စည်းပြီးပါက ရခိုင်ပြည်နယ်အတွင်း ပထမဆုံးသော အဏ္ဏဝါ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ဖြစ်လာမည် ဖြစ်သည်။
PHOTO – WCS
*** ZAWGYI ***
ဒီေရေတာ ထိန္းသိမ္းေရး ေႏွာင့္ေႏွး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။
ရခိုင္ျပည္နယ္ရွိ ဒီေရေတာ ထိန္းသိမ္းေရး ဧရိယာ တည္ေထာင္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွး ၾကန႔္ၾကာမႈမ်ားရွိ ေန ေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (Wildlife Conservation Society–WCS- ျမန္မာႏိုင္ငံအစီအစဥ္) Marine Conservation Manager ဦးေသာင္းထြဋ္ က ေျပာသည္။
လုပ္ငန္းစီမံကိန္းမ်ားကို ၂ ႏွစ္ခန႔္ အတြင္း အၿပီးသတ္ေဆာင္႐ြက္ရန္ ရည္႐ြယ္ထားေသာ္လည္း COVID-19 ကပ္ ေရာဂါႏွင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားေၾကာင့္ လုပ္ငန္းမ်ားကို ရပ္နားထားရသည္ ဟု ဦးေသာင္းထြဋ္ က ေျပာ သည္။
“ရခိုင္ျပည္နယ္အတြင္းမွ က်ိႏၲလီကြၽန္း၊ ဂြကြၽန္း၊ နံ႔သာကြၽန္းႏွင့္ ကြၽန္းနံ႔သာတို႔မွာ အဏၰဝါကာကြယ္ ထိန္းသိမ္း ေရးဧရိယာေတြ တည္ေထာင္ရန္ လုပ္ေဆာင္ေနၿပီး သစ္ေတာဦးစီးဌာန၊ WCS Myanmar ႏွင့္ ရခိုင္ကမ္း႐ိုးတန္း ေဒသ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအသင္း (RCA)တို႔ ပူးေပါင္းလုပ္ေဆာင္ေနတာ” ဟု ဦးေသာင္းထြဋ္က ေျပာသည္။
အဆိုပါေနရာမ်ားကို ထိမ္းသိမ္းေရး ဧရိယာေနရာမ်ား ျဖစ္လာရန္အတြက္ တိုင္းတာမႈမ်ားႏွင့္ ဇီဝမ်ိဳးစုံမ်ား ၏ မ်ိဳးကြဲမ်ားကို ေလ့လာမႈမ်ား လုပ္ႏိုင္သည့္ အဆင့္အထိသာ လုပ္ေဆာင္ထားႏိုင္ၿပီး က်န္အဆင့္မ်ား ဆက္လက္ လုပ္ေဆာင္ရန္ လိုအပ္ေနေသးသည္။
အဏၰဝါအမ်ိဳးသား ဥယ်ာဥ္တည္ေထာင္ရန္အတြက္ သတ္မွတ္ထားသည့္ အဆင့္ငါးဆင့္ရွိသည့္အနက္ လက္ရွိ တြင္ အဆင့္တစ္ဆင့္ခန႔္သာ ၿပီးေျမာက္ေသးေၾကာင္း ရခိုင္ကမ္း႐ိုးတန္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အသင္း (RCA) ဥကၠ႒ ေဒါက္တာေမာင္ေမာင္ၾကည္ က ေျပာသည္။
အဏၰဝါကာကြယ္ထိန္းသိမ္းေရးဧရိယာမ်ား ထိန္းသိမ္းႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ဘက္မွ ပံ့ပိုးကူညီမႈ၊ ေဒသခံျပည္ သူမ်ား၏ စိတ္ဝင္တစား ပူးေပါင္းပါဝင္မႈမ်ားမွာ အထူးအေရးႀကီးေၾကာင္း ေဒါက္တာေမာင္ေမာင္ၾကည္က ေျပာ သည္။
“အဏၰဝါကာကြယ္ထိန္းသိမ္းေရးဧရိယာေတြ ထူေထာင္ႏိုင္ၿပီဆိုရင္ ပ်က္စီးေနတဲ့ ဒီေရေတာေတြ ျပန္ေကာင္း လာမယ္။ ဇီဝမ်ိဳးစုံမ်ိဳးကြဲေတြအတြက္ ေနရာျပန္ရလာမယ္။ ေဒသခံေတြအတြက္ စားနပ္ရိကၡာေတြ ဖူလုံၿပီး အသက္ ေမြးဝမ္းေက်ာင္း အလုပ္အကိုင္ေတြ အဆင္ေျပလာမွာပါ” ဟု RCA ဥကၠ႒ ေဒါက္တာေမာင္ေမာင္ၾကည္ က ေျပာသည္။
ယခင္က သစ္ေတာျပဳန္းတီမႈမ်ားေၾကာင့္ ေရထြက္သယံဇာတမ်ား ရွားပါးလာခဲ့ၿပီး တစ္ရက္လွ်င္ ငါးပုဇြန္ အမ်ား ဆုံး သုံးပိႆာခန႔္သာ ရရွိခဲ့ေသာ္လည္း အဏၰဝါ ကာကြယ္ထိန္းသိမ္းေရးဧရိယာလုပ္ငန္းမ်ား ျပဳလုပ္ၿပီး ေနာက္ တြင္ ပိႆာခ်ိန္ ႏွစ္ဆယ္ေက်ာ္ ဝန္းက်င္ခန႔္အထိ ရရွိလာၾကေၾကာင္း က်ိႏၲလီေဒသခံမ်ားက ေျပာသည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ NLD အစိုးရလက္ထက္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီး ဌာနက ရခိုင္ျပည္နယ္အစိုးရကို ေပးပို႔ေသာ ေအာက္တိုဘာ ၁၂ ရက္ေန႔ အမိန႔္ေၾကာ္ျငာစာအရ ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္ ဂြၿမိဳ႕နယ္ အတြင္းရွိ ကုန္းေျမဧရိယာ ၈၂၁ ဧကႏွင့္ ေရျပင္ဧရိယာ ၂၂၂၁၉ ဧက၊ စုစုေပါင္း ၂၃၀၄၀ ဧက ကို ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ထိန္းသိမ္းရန္အတြက္ နံ႔သာကြၽန္းကို အဏၰဝါအမ်ိဳးသားဥယ်ာဥ္ အျဖစ္ သတ္မွတ္ရန္ရည္ ႐ြယ္ၿပီး အေကာင္အထည္ေဖာ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
အဏၰဝါအမ်ိဳးသား ဥယ်ာဥ္အျဖစ္ သတ္မွတ္ရန္ရည္႐ြယ္ရျခင္းသည္ ေဂဟဇီဝစနစ္အရ အေရးပါေသာ ေနရာ တစ္ခုျဖစ္ၿပီး ရွားပါးမ်ိဳး စိတ္မ်ား က်က္စားရာေနရာတစ္ခုလည္း ျဖစ္ၿပီး ေဒသခံမ်ားကလည္း ထိန္းသိမ္း ရန္ တင္ျပေတာင္းဆိုခဲ့ျခင္းေၾကာင့္ စီမံကိန္းကို လုပ္ေဆာင္ေနရျခင္း ျဖစ္သည္ဟု တာဝန္ရွိသူမ်ားက ယမန္ႏွစ္က ေျပာဆိုထားသည္။
အဏၰဝါ ကာကြယ္ထိန္းသိမ္းေရး ဧရိယာမ်ား တည္ေဆာက္ျခင္း စီမံကိန္းမ်ားကို ရခိုင္ျပည္နယ္ အပါအဝင္ ျမန္မာႏိုင္ငံရွိ ကမ္း႐ိုးတန္း ေဒသေျခာက္ခုတို႔တြင္ ျပဳလုပ္သြားရန္ စီမံထားၿပီး ကြၽန္းနံ႔သာအဏၰဝါ အမ်ိဳးသား ဥယ်ာဥ္ စီမံကိန္းအား တရားဝင္ သတ္မွတ္ ဖြဲ႕စည္းၿပီးပါက ရခိုင္ျပည္နယ္အတြင္း ပထမဆုံးေသာ အဏၰဝါ သဘာဝ ထိန္းသိမ္းေရးနယ္ေျမ ျဖစ္လာမည္ ျဖစ္သည္။
PHOTO – WCS