ငွေဈေးမတည်ငြိမ်မှုကြောင့် နယ်စပ်ဒေသ ဈေးသည်ဈေးဝယ်များ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

အာဏာသိမ်းမှုအပြီး ၇ လ ကျော်အတွင်း မြန်မာငွေဈေးအဆမတန်ကျဆင်းမှုကြောင့် မြန်မာ-တရုတ် နယ်စပ် KIO ထိန်းချုပ်နယ်မြေများထဲတွင် တရုတ်-မြန်မာ ငွေလဲလှယ်နှုန်းများ မြင့်တက်လာပြီး ဝယ်ယူစားသုံးသူနှင့် ကုန် သည်များ အခက်အခဲဖြစ်နေသည်။

စစ်အာဏာသိမ်းပြီးနောက် မတ်လခန့်မှစတင်၍ မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်တလျှောက်တွင် မြန်မာ ငွေ ကျပ် ၁၀၀၀ ကျပ်လျှင် တရုတ်ငွေ ၄ ယွမ် ဖြင့် လဲလှယ်နေရာမှ ယခုလဆန်းပိုင်းမှ စတင်၍ မြန်မာငွေ ၁၀၀၀ ကျပ် လျှင် တရုတ်ငွေ ၃.၃ ယွမ် မှ ၃ ယွမ် အထိ ရှိပြီဟု KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့က ဒေသခံများ က ပြော သည်။

“ခါတိုင်းဆိုရင် ဝက်သား တစ်ပိဿာကို ၁၈၀၀၀ ဘဲ အခုတော့ တရုတ် ယွမ် ၇၀ ဆိုတော့ မြန်မာငွေ ၂၀၀၀၀ ကျော်နေပြီ။ မနက်ဖြန်ဝက်ပေါ်မယ်ဆိုလို့ နှစ်ပိဿာမှာထားတာ တရုတ်ငွေနဲ့ဆိုတော့ မယူတော့ဘူးလို့ ပြော လိုက်တယ်။ အမဲသားတောင် ၁၈၀၀၀ ဘဲ တရုတ်ငွေနဲ့ဘဲဆိုရင်တော့ အသားဝယ်စားဖို့တောင် ကြောက်လာ တယ်။ တရုတ်ငွေနဲ့ ဝယ်ထားတာကို တရုတ်ငွေနဲ့ ရောင်းတာကိုတော့ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် တချို့က မြန်မာငွေနဲ့ ဝယ်ထားတာတွေကိုလည်း တရုတ်ငွေဈေးမြှင့်လာရင် တရုတ်ငွေနဲ့ဘဲ ရောင်းပေးတဲ့ သူတွေလည်း ရှိတော့ စိတ်ညစ်ရတယ်” ဟု လိုင်ဇာမြို့ခံ အသက် ၅၅ ခန့် အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

တရုတ်ငွေ ဈေးမြင့်တက်နေမှုကြောင့် နေ့စဉ် စားဝတ်နေရေးအတွက် ပိုမို အခက်အခဲ ဖြစ်နေရပြီး၊ အသားငါး ဈေးသည်များထံတွင်လည်း မြန်မာငွေဖြင့် ဝယ်ယူ၍ မရတော့ကြောင်း၊ တရုတ်ငွေဖြင့်သာ ဝယ်ယူစားသုံးနေရ သည်ဟု လိုင်ဇာမြို့ခံများက ပြောသည်။

ဈေးသည်အများစုက ဝယ်ယူစားသုံးသူများအား တရုတ်ငွေဈေးနှုန်းဖြင့်သာ ရောင်းချပေးနေပြီး မြန်မာငွေဖြင့် ပေးချေပါက မြေပြင်က ငွေလဲလှယ်နှုန်းထားအတိုင်း မတွက်ယူပဲ စိတ်ကြိုက် တွက်ယူကြသည်ဟု ဝယ်ယူ စားသုံးသူများက ပြောသည်။

လိုင်ဇာမြို့က ဘော်ဒါဆောင် အဆောင်မှုး ဆရာတစ်ဦးကလည်း “မတတ်နိုင်ဘူး တရုတ်ငွေပေးတာဘဲ ရှင်းတယ် မရှိရင်လည်း ပေးရတာဘဲ ဘာလို့လဲဆိုတော့ တရုတ်ငွေ ၅၀ မှာ တချို့က ၁၅၀၀၀ တဲ့ တချို့က ၁၄၀၀၀။ သူတို့ ကြိုက်သလို လုပ်နေကြတာဘဲ မကျေနပ်ရင်လည်း ပေးရတာဘဲ သူတို့ တောင်းသလောက် ပေးရတာဘဲ” ဟု ပြောသည်။

ယခု ငွေလဲလှယ်နှုန်း မြင့်တက်မှုသည် အနှစ် ၂၀ ဝန်းကျင်အတွင်း အမြင့်ဆုံးဖြစ်သည်ဟု KIO ဌာနချုပ် လိုင်ဇာ တွင် နှစ်နှစ်ဆယ်ကျော် ဈေးရောင်းနေသည့် ဈေးသည်တစ်ဦးက ပြောသည်။

“တချို့တချို့ကိုတော့ အရှုံးခံပြီးရောင်းလိုက်တယ် ဘယ်လိုမှမတတ်နိုင်ဘူးလေ။ တချို့တချို့ကိုတော့ ဥပမာ တစ်ယွမ်လောက် ယွမ်ဝက်လောက်ဘဲ မြတ်ရင်လည်းရောင်းထွက်လိုက်တယ်။ အဲ့လောက်ဘဲ မြတ်ပြီး ရောင်း ထွက်လိုက်တာတွေဘဲ များတယ်” ဟု အနှစ်နှစ်ဆယ်ကျော် လိုင်ဇာမြို့တွင် ကုန်စုံဆိုင်ဖွင့်လာသည့် ဈေးသည် တစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် ငွေလဲလှယ်နှုန်း အတက်အကျ မြန်ဆန်နေမှုကြောင့် ဝယ်ယူစားသုံးသူများသာမက ဈေး ရောင်းသူများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု လိုင်ဇာဈေးတွင် ကုန်စိမ်းရောင်းနေသည့် ဈေးသည် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မြန်မာပြည်ပစ္စည်း ဆိုရင်တော့ အဆင်ပြေတယ်လေနော်။ အခုကျမတို့ဟာကျတော့ တရုတ်ပစ္စည်းလည်း ပါ တယ်ဆိုတော့ တရုတ်ပစ္စည်းဆိုရင်တော့ ဒီဘက်မှာကတော့ မြန်မာငွေနဲ့ ပြန်ရောင်းတာဆိုတော့ မြန်မာငွေက အခုငွေလဲနှုန်းနဲ့ဆိုရင် အရမ်းလျော့နေတယ်။ ကျမတို့အတွက် အဆင်မပြေတာရှိတယ်။ ခါတိုင်းလိုတော့ ရောင်း လို့မရတော့ဘူး ဖြစ်သွားတယ်။ တရုတ်ငွေဈေး မြင့်လေလေ ကျမတို့ ကုန်ပစ္စည်းကို မြန်မာငွေလို ပြောလိုက် မယ်ဆိုရင် အရမ်းများသွားသလိုဖြစ်သွားတယ်။ ကျမတို့လည်း ဟိုဘက်က ယူလာတဲ့ဈေးနဲ့ ဒီဘက် ပြန်ရောင်း တဲ့ဈေးနဲ့ ဘယ်လောက်မှတော့ မစားဘူး။ တစ်ယွမ်လောက်ဘဲစားပေမယ့် မြန်မာငွေနဲ့ ပြန်ပြော လိုက်မယ် ဆို ရင်တော့ အရမ်းဈေးများသွားသလို ဖြစ်သွားတယ်လေ” ဟု ပြောသည်။

ထိုကဲ့သို့ ငွေလဲလှယ်နှုန်းထားများ မတည်မငြိမ်ဖြစ်မှုကြောင့် ရောင်းသူ/ဝယ်သူအကြား ကြုံနေရသည့် ငွေပေး ချေမှု အခက်အခဲများ တစ်စုံတစ်ရာ ဖြေရှင်းနိုင်ရေး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ လိုင်ဇာမြို့တော် အုပ်ချုပ် ရေးအဖွဲ့၊ စည်ပင်သာယာရုံးမှ တာဝန်ရှိသူများနှင့် ဈေးသည်၊ ကုန်သည်များ စက်တင်ဘာလ ၁၈ ရက်နေ့က အစည်းအဝေးတစ်ရပ်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အစည်းအဝေးသို့ သွားရောက်နားထောင်ခဲ့သည့် ဒေသခံတစ်ဦးက “တရုတ်ပစ္စည်းကို တရုတ်ငွေနဲ့ယူ မြန်မာငွေနဲ့ ဝယ်တာကို မြန်မာငွေနဲ့ယူပြီး ရောင်းကြပါ တရုတ်ငွေချည်းဘဲ မယူကြပါနဲ့လို့ ပြောတယ် သိပ် လည်း ဈေးမတင်ကြပါနဲ့လို့ ပြောတယ် တချို့ဆိုင်တွေက တရုတ်ငွေဘဲ ယူတယ်လို့ပြောတယ် မြန်မာငွေနဲ့ ဝယ် တာကို တရုတ်ငွေနဲ့ရောင်းတယ်” ဟု ပြောသည်။

KIO အနေဖြင့် ငွေကြေးအတက်အကျမြန်ဆန်မှု ပြဿနာအပေါ် အခွင့်ကောင်းယူနေကြသည့် ဈေးသည်များအား မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ငွေကြေးလဲလှယ်နှုန်းထားကို တသမတ်တည်း ကန့်သတ်လိုက်ခြင်းဖြင့်လည်း ထိန်းချုပ်သင့်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

KIO ဗဟိုဌာနချုပ်လိုင်ဇာအပါအဝင် အခြားသော နေရာများတွင် ကချင်စစ်ရှောင်များလည်း နေထိုင်နေသည့် အတွက် ငွေကြေးလဲလှယ်နှုန်းမြင့်တက်မှုကြောင့် သာမာန်ပြည်သူများအပေါ် ရိုက်ခတ်နေရုံသာမက စစ်ရှောင် များအပေါ်လည်း ရိုက်ခတ်မှုရှိနေသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မှုအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လ နီးပါး အတွင်း နိုင်ငံ တကာ ထုတ်ကုန် သွင်းကုန် လည်ပတ်မှုများ ရပ်တန့်သွားခြင်းကြောင့် မြန်မာငွေကြေးတန်ဖိုး အဆမတန် ကျ ဆင်းသွားခြင်း ဖြစ်သည်ဟု ပညာရှင်အချို့က ထောက်ပြထားကြသည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ အခြား နယ်စပ်ဒေသများ အပါအဝင် မြန်မာ-တရုတ် နယ်စပ်ရှိ KIO ထိန်းချုပ်နယ်မြေများထဲတွင်လည်း ငွေဈေးအတက်အကျ မတည်မငြိမ် ဖြစ်မှုများ ဖြစ်နေသည့်အတွက် ပြည်သူ များနှင့် စစ်ရှောင်များ နေ့စဉ် စားဝတ်နေရေး၊ ရောင်းဝယ်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေကြရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ (ယနေ့) တွင် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် တရုတ် ၁ ယွမ်ကို မြန်မာငွေ ၂၉၅ ကျပ် နှုန်းဖြင့် လဲလှယ်နေရသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၇၅၅ ကျပ်၊ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာငွေ ၂၇၁.၃၁ ကျပ်နှင့် ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၅၃ ကျပ် ရှိသည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ငွေလဲဈေးနှုန်းမှာ အဆမတန်ကွာခြားမှု ရှိနေသည်။

*** ZAWGYI ***
ေငြေဈးမတည္ၿငိမ္မႈေၾကာင့္ နယ္စပ္ေဒသ ေဈးသည္ေဈးဝယ္မ်ား အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။

အာဏာသိမ္းမႈအၿပီး ၇ လ ေက်ာ္အတြင္း ျမန္မာေငြေဈးအဆမတန္က်ဆင္းမႈေၾကာင့္ ျမန္မာ-တ႐ုတ္ နယ္စပ္ KIO ထိန္းခ်ဳပ္နယ္ေျမမ်ားထဲတြင္ တ႐ုတ္-ျမန္မာ ေငြလဲလွယ္ႏႈန္းမ်ား ျမင့္တက္လာၿပီး ဝယ္ယူစားသုံးသူႏွင့္ ကုန္ သည္မ်ား အခက္အခဲျဖစ္ေနသည္။

စစ္အာဏာသိမ္းၿပီးေနာက္ မတ္လခန႔္မွစတင္၍ ျမန္မာ-တ႐ုတ္နယ္စပ္ ကခ်င္ျပည္နယ္တေလွ်ာက္တြင္ ျမန္မာ ေငြ က်ပ္ ၁၀၀၀ က်ပ္လွ်င္ တ႐ုတ္ေငြ ၄ ယြမ္ ျဖင့္ လဲလွယ္ေနရာမွ ယခုလဆန္းပိုင္းမွ စတင္၍ ျမန္မာေငြ ၁၀၀၀ က်ပ္ လွ်င္ တ႐ုတ္ေငြ ၃.၃ ယြမ္ မွ ၃ ယြမ္ အထိ ရွိၿပီဟု KIO ထိန္းခ်ဳပ္နယ္ေျမ လိုင္ဇာၿမိဳ႕က ေဒသခံမ်ား က ေျပာ သည္။

“ခါတိုင္းဆိုရင္ ဝက္သား တစ္ပိႆာကို ၁၈၀၀၀ ဘဲ အခုေတာ့ တ႐ုတ္ ယြမ္ ၇၀ ဆိုေတာ့ ျမန္မာေငြ ၂၀၀၀၀ ေက်ာ္ေနၿပီ။ မနက္ျဖန္ဝက္ေပၚမယ္ဆိုလို႔ ႏွစ္ပိႆာမွာထားတာ တ႐ုတ္ေငြနဲ႔ဆိုေတာ့ မယူေတာ့ဘူးလို႔ ေျပာ လိုက္တယ္။ အမဲသားေတာင္ ၁၈၀၀၀ ဘဲ တ႐ုတ္ေငြနဲ႔ဘဲဆိုရင္ေတာ့ အသားဝယ္စားဖို႔ေတာင္ ေၾကာက္လာ တယ္။ တ႐ုတ္ေငြနဲ႔ ဝယ္ထားတာကို တ႐ုတ္ေငြနဲ႔ ေရာင္းတာကိုေတာ့ ဘာမွ မေျပာလိုဘူး။ ဒါေပမယ့္ တခ်ိဳ႕က ျမန္မာေငြနဲ႔ ဝယ္ထားတာေတြကိုလည္း တ႐ုတ္ေငြေဈးျမႇင့္လာရင္ တ႐ုတ္ေငြနဲ႔ဘဲ ေရာင္းေပးတဲ့ သူေတြလည္း ရွိေတာ့ စိတ္ညစ္ရတယ္” ဟု လိုင္ဇာၿမိဳ႕ခံ အသက္ ၅၅ ခန႔္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က ေျပာသည္။

တ႐ုတ္ေငြ ေဈးျမင့္တက္ေနမႈေၾကာင့္ ေန႔စဥ္ စားဝတ္ေနေရးအတြက္ ပိုမို အခက္အခဲ ျဖစ္ေနရၿပီး၊ အသားငါး ေဈးသည္မ်ားထံတြင္လည္း ျမန္မာေငြျဖင့္ ဝယ္ယူ၍ မရေတာ့ေၾကာင္း၊ တ႐ုတ္ေငြျဖင့္သာ ဝယ္ယူစားသုံးေနရ သည္ဟု လိုင္ဇာၿမိဳ႕ခံမ်ားက ေျပာသည္။

ေစ်းသည္အမ်ားစုက ဝယ္ယူစားသုံးသူမ်ားအား တ႐ုတ္ေငြေဈးႏႈန္းျဖင့္သာ ေရာင္းခ်ေပးေနၿပီး ျမန္မာေငြျဖင့္ ေပးေခ်ပါက ေျမျပင္က ေငြလဲလွယ္ႏႈန္းထားအတိုင္း မတြက္ယူပဲ စိတ္ႀကိဳက္ တြက္ယူၾကသည္ဟု ဝယ္ယူ စားသုံးသူမ်ားက ေျပာသည္။

လိုင္ဇာၿမိဳ႕က ေဘာ္ဒါေဆာင္ အေဆာင္မႈး ဆရာတစ္ဦးကလည္း “မတတ္ႏိုင္ဘူး တ႐ုတ္ေငြေပးတာဘဲ ရွင္းတယ္ မရွိရင္လည္း ေပးရတာဘဲ ဘာလို႔လဲဆိုေတာ့ တ႐ုတ္ေငြ ၅၀ မွာ တခ်ိဳ႕က ၁၅၀၀၀ တဲ့ တခ်ိဳ႕က ၁၄၀၀၀။ သူတို႔ ႀကိဳက္သလို လုပ္ေနၾကတာဘဲ မေက်နပ္ရင္လည္း ေပးရတာဘဲ သူတို႔ ေတာင္းသေလာက္ ေပးရတာဘဲ” ဟု ေျပာသည္။

ယခု ေငြလဲလွယ္ႏႈန္း ျမင့္တက္မႈသည္ အႏွစ္ ၂၀ ဝန္းက်င္အတြင္း အျမင့္ဆုံးျဖစ္သည္ဟု KIO ဌာနခ်ဳပ္ လိုင္ဇာ တြင္ ႏွစ္ႏွစ္ဆယ္ေက်ာ္ ေစ်းေရာင္းေနသည့္ ေစ်းသည္တစ္ဦးက ေျပာသည္။

“တခ်ိဳ႕တခ်ိဳ႕ကိုေတာ့ အရႈံးခံၿပီးေရာင္းလိုက္တယ္ ဘယ္လိုမွမတတ္ႏိုင္ဘူးေလ။ တခ်ိဳ႕တခ်ိဳ႕ကိုေတာ့ ဥပမာ တစ္ယြမ္ေလာက္ ယြမ္ဝက္ေလာက္ဘဲ ျမတ္ရင္လည္းေရာင္းထြက္လိုက္တယ္။ အဲ့ေလာက္ဘဲ ျမတ္ၿပီး ေရာင္း ထြက္လိုက္တာေတြဘဲ မ်ားတယ္”
ဟု အႏွစ္ႏွစ္ဆယ္ေက်ာ္ လိုင္ဇာၿမိဳ႕တြင္ ကုန္စုံဆိုင္ဖြင့္လာသည့္ ေစ်းသည္ တစ္ဦးက ေျပာသည္။

ျမန္မာ-တ႐ုတ္နယ္စပ္ ေငြလဲလွယ္ႏႈန္း အတက္အက် ျမန္ဆန္ေနမႈေၾကာင့္ ဝယ္ယူစားသုံးသူမ်ားသာမက ေစ်း ေရာင္းသူမ်ားလည္း အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု လိုင္ဇာေဈးတြင္ ကုန္စိမ္းေရာင္းေနသည့္ ေစ်းသည္ တစ္ဦးက ယခုကဲ့သို႔ ေျပာသည္။

“ျမန္မာျပည္ပစၥည္း ဆိုရင္ေတာ့ အဆင္ေျပတယ္ေလေနာ္။ အခုက်မတို႔ဟာက်ေတာ့ တ႐ုတ္ပစၥည္းလည္း ပါ တယ္ဆိုေတာ့ တ႐ုတ္ပစၥည္းဆိုရင္ေတာ့ ဒီဘက္မွာကေတာ့ ျမန္မာေငြနဲ႔ ျပန္ေရာင္းတာဆိုေတာ့ ျမန္မာေငြက အခုေငြလဲႏႈန္းနဲ႔ဆိုရင္ အရမ္းေလ်ာ့ေနတယ္။ က်မတို႔အတြက္ အဆင္မေျပတာရွိတယ္။ ခါတိုင္းလိုေတာ့ ေရာင္း လို႔မရေတာ့ဘူး ျဖစ္သြားတယ္။ တ႐ုတ္ေငြေဈး ျမင့္ေလေလ က်မတို႔ ကုန္ပစၥည္းကို ျမန္မာေငြလို ေျပာလိုက္ မယ္ဆိုရင္ အရမ္းမ်ားသြားသလိုျဖစ္သြားတယ္။ က်မတို႔လည္း ဟိုဘက္က ယူလာတဲ့ေဈးနဲ႔ ဒီဘက္ ျပန္ေရာင္း တဲ့ေဈးနဲ႔ ဘယ္ေလာက္မွေတာ့ မစားဘူး။ တစ္ယြမ္ေလာက္ဘဲစားေပမယ့္ ျမန္မာေငြနဲ႔ ျပန္ေျပာ လိုက္မယ္ ဆို ရင္ေတာ့ အရမ္းေဈးမ်ားသြားသလို ျဖစ္သြားတယ္ေလ” ဟု ေျပာသည္။

ထိုကဲ့သို႔ ေငြလဲလွယ္ႏႈန္းထားမ်ား မတည္မၿငိမ္ျဖစ္မႈေၾကာင့္ ေရာင္းသူ/ဝယ္သူအၾကား ႀကဳံေနရသည့္ ေငြေပး ေခ်မႈ အခက္အခဲမ်ား တစ္စုံတစ္ရာ ေျဖရွင္းႏိုင္ေရး ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ၏ လိုင္ဇာၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ ေရးအဖြဲ႕၊ စည္ပင္သာယာ႐ုံးမွ တာဝန္ရွိသူမ်ားႏွင့္ ေစ်းသည္၊ ကုန္သည္မ်ား စက္တင္ဘာလ ၁၈ ရက္ေန႔က အစည္းအေဝးတစ္ရပ္လုပ္ေဆာင္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါ အစည္းအေဝးသို႔ သြားေရာက္နားေထာင္ခဲ့သည့္ ေဒသခံတစ္ဦးက “တ႐ုတ္ပစၥည္းကို တ႐ုတ္ေငြနဲ႔ယူ ျမန္မာေငြနဲ႔ ဝယ္တာကို ျမန္မာေငြနဲ႔ယူၿပီး ေရာင္းၾကပါ တ႐ုတ္ေငြခ်ည္းဘဲ မယူၾကပါနဲ႔လို႔ ေျပာတယ္ သိပ္ လည္း ေဈးမတင္ၾကပါနဲ႔လို႔ ေျပာတယ္ တခ်ိဳ႕ဆိုင္ေတြက တ႐ုတ္ေငြဘဲ ယူတယ္လို႔ေျပာတယ္ ျမန္မာေငြနဲ႔ ဝယ္ တာကို တ႐ုတ္ေငြနဲ႔ေရာင္းတယ္” ဟု ေျပာသည္။

KIO အေနျဖင့္ ေငြေၾကးအတက္အက်ျမန္ဆန္မႈ ျပႆနာအေပၚ အခြင့္ေကာင္းယူေနၾကသည့္ ေစ်းသည္မ်ားအား မိမိတို႔ ထိန္းခ်ဳပ္နယ္ေျမအတြင္း ေငြေၾကးလဲလွယ္ႏႈန္းထားကို တသမတ္တည္း ကန႔္သတ္လိုက္ျခင္းျဖင့္လည္း ထိန္းခ်ဳပ္သင့္သည္ဟုလည္း ေဒသခံအခ်ိဳ႕က ေျပာသည္။

KIO ဗဟိုဌာနခ်ဳပ္လိုင္ဇာအပါအဝင္ အျခားေသာ ေနရာမ်ားတြင္ ကခ်င္စစ္ေရွာင္မ်ားလည္း ေနထိုင္ေနသည့္ အတြက္ ေငြေၾကးလဲလွယ္ႏႈန္းျမင့္တက္မႈေၾကာင့္ သာမာန္ျပည္သူမ်ားအေပၚ ႐ိုက္ခတ္ေန႐ုံသာမက စစ္ေရွာင္ မ်ားအေပၚလည္း ႐ိုက္ခတ္မႈရွိေနသည္ဟု လိုင္ဇာေဒသခံမ်ားက ေျပာသည္။

ကမာၻ႔ကပ္ေရာဂါျဖစ္သည့္ ကိုဗစ္-၁၉ ကူးစက္မႈအျပင္ အာဏာသိမ္းၿပီးေနာက္ပိုင္း ၈ လ နီးပါး အတြင္း ႏိုင္ငံ တကာ ထုတ္ကုန္ သြင္းကုန္ လည္ပတ္မႈမ်ား ရပ္တန႔္သြားျခင္းေၾကာင့္ ျမန္မာေငြေၾကးတန္ဖိုး အဆမတန္ က် ဆင္းသြားျခင္း ျဖစ္သည္ဟု ပညာရွင္အခ်ိဳ႕က ေထာက္ျပထားၾကသည္။

ထိုအေျခအေနမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ အျခား နယ္စပ္ေဒသမ်ား အပါအဝင္ ျမန္မာ-တ႐ုတ္ နယ္စပ္ရွိ KIO ထိန္းခ်ဳပ္နယ္ေျမမ်ားထဲတြင္လည္း ေငြေဈးအတက္အက် မတည္မၿငိမ္ ျဖစ္မႈမ်ား ျဖစ္ေနသည့္အတြက္ ျပည္သူ မ်ားႏွင့္ စစ္ေရွာင္မ်ား ေန႔စဥ္ စားဝတ္ေနေရး၊ ေရာင္းဝယ္ေရးတို႔တြင္ အခက္အခဲမ်ား ႀကဳံေတြ႕ေနၾကရသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔ (ယေန႔) တြင္ တ႐ုတ္-ျမန္မာနယ္စပ္ လိုင္ဇာၿမိဳ႕တြင္ တ႐ုတ္ ၁ ယြမ္ကို ျမန္မာေငြ ၂၉၅ က်ပ္ ႏႈန္းျဖင့္ လဲလွယ္ေနရသည္ဟု လိုင္ဇာေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂၂ ရက္ေန႔ ေငြလဲလွယ္ႏႈန္းမွာ အေမရိကန္ ၁ ေဒၚလာလွ်င္ ျမန္မာေငြ ၁၇၅၅ က်ပ္၊ တ႐ုတ္ေငြ ၁ ယြမ္လွ်င္ ျမန္မာေငြ ၂၇၁.၃၁ က်ပ္ႏွင့္ ထိုင္း ၁ ဘတ္လွ်င္ ျမန္မာေငြ ၅၃ က်ပ္ ရွိသည္ဟု ျမန္မာႏိုင္ငံ ဗဟိုဘဏ္ က ထုတ္ျပန္ထားေသာ္လည္း ေျမျပင္တြင္ ေငြလဲေစ်းႏႈန္းမွာ အဆမတန္ကြာျခားမႈ ရွိေနသည္။