ပုသိမ်တဖက်ကမ်းမှ သတင်းပေးဆိုသူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် တစ်ဦး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ တစ်ဖက်ကမ်းတွင် နေထိုင်သည့် သတင်းပေးအဖြစ် လူသိများသူ အသက် ၅၈ နှစ်ရှိ ဦးကျော်သိန်းထွန်း ဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ ရာရှိသွားကြောင်း ဒေသခံများကသည်။

ပုသိမ်းတဖက်ကမ်း အမှတ် ၁၀ ရပ်ကွက်၊ စံပြလမ်းနေအိမ်ထဲမှ သေနတ်သံ ၃ ချက်ကြား၍ သွားကြည့်ရာ ဦးကျော်သိန်းထွန်းမှာ သွေးအိုင်ထဲတွင် လဲနေ ကြောင်း စစ်ကားများနှင့် လူနာတင်ကား ရောက်လာပြီး စစ်ဆေးရုံသို့ ခေါ်သွားကြောင်း ရပ်ကွက် အတွင်းနေထိုင်သည့် မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

“ဒဏ်ရာက ခေါင်းတစ်ချက် ရှပ်ထိပြီး ပေါင်တစ်ချက်ထိတယ်။ CCTV မှတ်တမ်းအရ ပစ်တဲ့သူက ဒေသခံထဲက မဟုတ်ဘူး။ လူစိမ်း ဧည့်သည်တွေကို စစ်တပ်က ပိတ်ဆို့ စစ်ဆေး စုံစမ်းနေတယ်” အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးကျော်သိန်းထွန်းကို ၎င်း၏ နေအိမ်အတွင်း စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က အမည်မသိ သေနတ်သမားက လက်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည်ဟု ဆိုသည်။

၎င်းသည် ယခင်စစ်အစိုးရ ခေတ်ဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) ခေတ်ကတည်း က သတင်းပေးတစ်ဦး အဖြစ် လူပြောများခဲ့ပြီး မောက်မာသူ ဖြစ်ကြောင်း အာ ဏာရှင် ဆန့်ကျင် ဆန္ဒပြသူ၊ မပြသူ မည်သူကို မဆို ၎င်းနှင့် အဆင်မပြေသူ အချို့အား သတင်းပေးသဖြင့် အဖမ်း ခံရသူများ ရှိနေသည့်အပြင် ထွက်ပြေး တိမ်းရှောင်နေရသူများလည်း ရှိနေကြောင်း ရပ်ကွက် အတွင်း နေထိုင်သူ အချို့က ပြောသည်။

ထို့အပြင် ဦးကျော်သိန်းထွန်းသည် ပုသိမ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ် စည်းရုံး ရေးမှူး ဖြစ်ကာ စွမ်းအားရှင်အဖွဲ့ တွင်ပါဝင်ပြီး၊ (မဘသ) အဖွဲ့၏ ဆန္ဒပြပွဲများ၊ နွေဦးတော်လှန်ရေး အစပိုင်းကာလ တပ်ထောက်ခံသည့် တန်ပြန်ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“ကျော်သိန်းထွန်း က စစ်တပ်ရဲ့အမာခံ ဒလန်ဆိုတာ ဒေသခံတွေစီက အတိအကျ သတင်းအရ သုတ်သင် ရှင်း လင်းခဲ့တာလို့ သတင်း ထုတ်ပြန်ထားတယ်” ဟု ပုသိမ် အနောက် ကာကွယ်ရေးတပ်ဖွဲ့ P.W. D.F ၏ အွန်လိုင်းမှ သတင်းထုတ်ပြန်ချက်ကို ကိုကား၍ မြို့ခံ ဦးတင်ဝင်း က ပြောဆိုသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများကို သေနတ်ဖြင့် ပစ်ခံရမှုများရှိ နေပြီး ယခု ပုသိမ်မြို့က ပစ်ခတ်မှုမှာ ၅ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ထိုသို့သော ပစ်ခတ်မှုများကြောင့် သေဆုံး သူ ၂ ဦး၊ ဒဏ်ရာသူ ၃ ဦး ရှိပြီဟု ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့က ကန်ကြီးထောင့်မြို့မှ စစ်ကောင်စီသတင်းပေး “ဒလန်” ဟုဆိုကာ သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သူ ဦးမောင်မောင်မြင့် ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ မြို့နယ်စည်းရုံး မှူး တစ်ဦးဖြစ်သည်။

*** ZAWGYI ***
ပုသိမ္တဖက္ကမ္းမွ သတင္းေပးဆိုသူ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီဝင္ တစ္ဦး ေသနတ္ပစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ တစ္ဖက္ကမ္းတြင္ ေနထိုင္သည့္ သတင္းေပးအျဖစ္ လူသိမ်ားသူ အသက္ ၅၈ ႏွစ္ရွိ ဦးေက်ာ္သိန္းထြန္း ဆိုသူမွာ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ဒဏ္ရာ ရာရွိသြားေၾကာင္း ေဒသခံမ်ား က သည္။

ပုသိမ္းတဖက္ကမ္း အမွတ္ ၁၀ ရပ္ကြက္၊ စံျပလမ္းေနအိမ္ထဲမွ ေသနတ္သံ ၃ ခ်က္ၾကား၍ သြားၾကည့္ရာ ဦးေက်ာ္သိန္းထြန္းမွာ ေသြးအိုင္ထဲတြင္ လဲေန ေၾကာင္း စစ္ကားမ်ားႏွင့္ လူနာတင္ကား ေရာက္လာၿပီး စစ္ေဆး႐ုံသို႔ ေခၚသြားေၾကာင္း ရပ္ကြက္ အတြင္းေန ထိုင္သည့္ မ်က္ျမင္ေတြ႕ရွိသူ အခ်ိဳ႕က ေျပာသည္။

“ဒဏ္ရာက ေခါင္းတစ္ခ်က္ ရွပ္ထိၿပီး ေပါင္တစ္ခ်က္ထိတယ္။ CCTV မွတ္တမ္းအရ ပစ္တဲ့သူက ေဒသခံထဲက မဟုတ္ဘူး။ လူစိမ္း ဧည့္သည္ေတြကို စစ္တပ္က ပိတ္ဆို႔ စစ္ေဆး စုံစမ္းေနတယ္” အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ဦးေက်ာ္သိန္းထြန္းကို ၎၏ ေနအိမ္အတြင္း စက္တင္ဘာ ၂၃ ရက္ေန႔ ညေန ၅ နာရီ အခ်ိန္ခန႔္က အမည္မသိ ေသနတ္သမားက လက္ေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း CCTV မွတ္တမ္းမ်ားအရ သိရသည္ဟု ဆိုသည္။

၎သည္ ယခင္စစ္အစိုးရ ေခတ္ျဖစ္သည့္ ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕(နဝတ) ေခတ္ကတည္း က သတင္းေပးတစ္ဦး အျဖစ္ လူေျပာမ်ားခဲ့ၿပီး ေမာက္မာသူ ျဖစ္ေၾကာင္း အာ ဏာရွင္ ဆန႔္က်င္ ဆႏၵျပသူ၊ မျပသူ မည္သူကို မဆို ၎ႏွင့္ အဆင္မေျပသူ အခ်ိဳ႕အား သတင္းေပးသျဖင့္ အဖမ္း ခံရသူမ်ား ရွိေနသည့္အျပင္ ထြက္ေျပး တိမ္းေရွာင္ေနရသူမ်ားလည္း ရွိေနေၾကာင္း ရပ္ကြက္ အတြင္း ေနထိုင္သူ အခ်ိဳ႕က ေျပာသည္။

ထို႔အျပင္ ဦးေက်ာ္သိန္းထြန္းသည္ ပုသိမ္ၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနင့္ဖြံ႕ၿဖိဳးေရးပါတီ၏ ၿမိဳ႕နယ္ စည္း႐ုံး ေရးမႉး ျဖစ္ကာ စြမ္းအားရွင္အဖြဲ႕ တြင္ပါဝင္ၿပီး၊ (မဘသ) အဖြဲ႕၏ ဆႏၵျပပြဲမ်ား၊ ေႏြဦးေတာ္လွန္ေရး အစပိုင္း ကာ လ တပ္ေထာက္ခံသည့္ တန္ျပန္ဆႏၵျပပြဲမ်ားကို ဦးေဆာင္ခဲ့သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

“ေက်ာ္သိန္းထြန္း က စစ္တပ္ရဲ႕အမာခံ ဒလန္ဆိုတာ ေဒသခံေတြစီက အတိအက် သတင္းအရ သုတ္သင္ ရွင္း လင္းခဲ့တာလို႔ သတင္း ထုတ္ျပန္ထားတယ္” ဟု ပုသိမ္ အေနာက္ ကာကြယ္ေရးတပ္ဖြဲ႕ P.W. D.F ၏ အြန္လိုင္းမွ သတင္းထုတ္ျပန္ခ်က္ကို ကိုကား၍ ၿမိဳ႕ခံ ဦးတင္ဝင္း က ေျပာဆိုသည္။

ဧရာဝတီတိုင္းတြင္ စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု နာမည္ႀကီးေနသူမ်ားကို ေသနတ္ျဖင့္ ပစ္ခံရမႈမ်ားရွိ ေနၿပီး ယခု ပုသိမ္ၿမိဳ႕က ပစ္ခတ္မႈမွာ ၅ ႀကိမ္ေျမာက္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ေသာ ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆုံး သူ ၂ ဦး၊ ဒဏ္ရာသူ ၃ ဦး ရွိၿပီဟု ေဒသခံမ်ားက ဆိုသည္။

ဩဂုတ္လ ၂၉ ရက္ေန႔က ကန္ႀကီးေထာင့္ၿမိဳ႕မွ စစ္ေကာင္စီသတင္းေပး “ဒလန္” ဟုဆိုကာ ေသနတ္ပစ္ခံရ၍ ေသဆုံးခဲ့သူ ဦးေမာင္ေမာင္ျမင့္ ကလည္း ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ USDP ၏ ၿမိဳ႕နယ္စည္း႐ုံး မႉး တစ္ဦးျဖစ္သည္။