ညောင်တုန်း စည်ပင်ဝင်းအတွင်း ဗုံးပေါက်ကွဲ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ စည်ပင်သာယာ ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံ များက ပြောသည်။

ညောင်တုန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှာရှိ စည်ပင်သာယာရေးရုံးဝင်း အတွင်း စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ရုံးအနောက်ဖက်က ပေါက်ကွဲ သံကြား ပြီးမီးခိုးတွေ ထွက်လာတွေ့တယ်။ နောက် ရဲနဲ့စစ်တပ်က ဝင်သွားတာ လည်းတွေ့တယ်။ ထိခိုက်လို့ လူနာသယ်တာမျိုး မတွေ့ဘူး” ဟု ရုံးအနီး ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်တွင် လူထိခိုက် ဒဏ်ရာခြင်း မရှိ ဟု မြို့ခံများက ဆိုသည်။

သို့သော် ဗုံးပေါက်ကွဲမှုဖြစ်စဉ် အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စည်ပင်သာယာရုံးဝန်း အတွင်းမှ အမျိုး သားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ညောင်တုန်းမြို့နယ် အနီးဝန်းကျင်ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် စစ် ဆေးရှာဖွေမှုများ လုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ဖမ်းထားတဲ့သူ က ဝန်ထမ်းမဟုတ်တော့ အမည် မသိဘူး။ ပြန်လွှတ်တယ်လို့လည်း မကြားမိသေးဘူး” ဟု ယင်းရုံးနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ညောင်တုန်းမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှု ၅ ကြိမ်ခန့် ဖြစ်ခဲ့သော်လည်း သေဆုံး ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးသက်ခိုင် က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဗုံးဖောက်ခွဲသူများကိုလည်း အမှန်တကယ် ဖော်ထုတ်နိုင်ခြင်း မရှိဘဲ သံသယဖြင့် ဖမ်း ဆီးခံထားရသူ ၂၅ ဦးခန့်ရှိနေရာ ၎င်းတို့ကို ပြန်လွှတ်ပေးခြင်း မရှိသေးဟုလည်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

*** ZAWGYI ***
ေညာင္တုန္း စည္ပင္ဝင္းအတြင္း ဗုံးေပါက္ကြဲ။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕ စည္ပင္သာယာ ႐ုံးဝင္းအတြင္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ၿမိဳ႕ခံ မ်ားက ေျပာသည္။

ေညာင္တုန္းၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးေရွ႕မွာရွိ စည္ပင္သာယာေရး႐ုံးဝင္း အတြင္း စက္တင္ဘာလ ၂၂ ရက္ေန႔ ည ၇ နာရီအခ်ိန္ခန႔္က ဗုံး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“႐ုံးအေနာက္ဖက္က ေပါက္ကြဲ သံၾကား ၿပီးမီးခိုးေတြ ထြက္လာေတြ႕တယ္။ ေနာက္ ရဲနဲ႔စစ္တပ္က ဝင္သြားတာ လည္းေတြ႕တယ္။ ထိခိုက္လို႔ လူနာသယ္တာမ်ိဳး မေတြ႕ဘူး” ဟု ႐ုံးအနီး ရပ္ကြက္အတြင္း ေနထိုင္သူ တစ္ဦး
က ေျပာသည္။

ထိုေပါက္ကြဲမႈ ျဖစ္စဥ္တြင္ လူထိခိုက္ ဒဏ္ရာျခင္း မရွိ ဟု ၿမိဳ႕ခံမ်ားက ဆိုသည္။

သို႔ေသာ္ ဗုံးေပါက္ကြဲမႈျဖစ္စဥ္ အၿပီးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စည္ပင္သာယာ႐ုံးဝန္း အတြင္းမွ အမ်ိဳး သားတစ္ဦးကို ဖမ္းဆီးသြားခဲ့ၿပီး ေညာင္တုန္းၿမိဳ႕နယ္ အနီးဝန္းက်င္ရွိ ရပ္ကြက္မ်ားႏွင့္ ေက်း႐ြာအခ်ိဳ႕တို႔တြင္ စစ္ ေဆးရွာေဖြမႈမ်ား လုပ္ခဲ့သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။

“ဖမ္းထားတဲ့သူ က ဝန္ထမ္းမဟုတ္ေတာ့ အမည္ မသိဘူး။ ျပန္လႊတ္တယ္လို႔လည္း မၾကားမိေသးဘူး” ဟု ယင္း႐ုံးႏွင့္ နီးစပ္သူ တစ္ဦးကေျပာသည္။

ေညာင္တုန္းၿမိဳ႕နယ္ အတြင္း ဗုံးေပါက္ကြဲမႈ ၅ ႀကိမ္ခန႔္ ျဖစ္ခဲ့ေသာ္လည္း ေသဆုံး ထိခိုက္ ဒဏ္ရာရသူ မရွိခဲ့ ဟု ၿမိဳ႕ခံတစ္ဦးျဖစ္သူ ဦးသက္ခိုင္ က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕သည္ ဗုံးေဖာက္ခြဲသူမ်ားကိုလည္း အမွန္တကယ္ ေဖာ္ထုတ္ႏိုင္ျခင္း မရွိဘဲ သံသယျဖင့္ ဖမ္း ဆီးခံထားရသူ ၂၅ ဦးခန႔္ရွိေနရာ ၎တို႔ကို ျပန္လႊတ္ေပးျခင္း မရွိေသးဟုလည္း ၿမိဳ႕ခံမ်ား၏ ေျပာျပခ်က္အရ သိရ သည္။