တောင်တရုတ်ပင်လယ် မုန်တိုင်းကြောင့် အချို့နေရာများ မိုးများနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ် မှ မုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် မိုးများနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်း က စက်တင်ဘာ ၂၄ ရက်နေ့ တွင် ပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံဖက်ကို ရွှေ့လျားနိုင်ကြောင်း ဦးလှထွန်း က ပြောသည်။
“လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံနဲ့ နီးနေပေမယ့် အနောက်ဖက် ပင်လယ်ပြင်ကို ရွှေ့သွားနိုင်လို့ မြန်မာ နိုင်ငံ အတွက် စိတ်ပူစရာမရှိပါဘူး။ အဲ့ဒီအရှိန်ကြောင့် အလယ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ မိုးတော့ကောင်း နိုင်တယ်”ဟု ဦးလှထွန်းကပြောသည်။
ထို့အတူ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း “ဒရမ်မူ”(Dianmu)သည် ဗီယက်နမ် နိုင်ငံအလယ်ပိုင်း ကမ်းခြေကို ယနေ့တွင်ဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိကာ အနောက်ဖက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်း ထုတ်ပြန်ထားသည်။
“ဒီနေ့ ဗီယက်နမ်ကို ဖြတ်ပြီဆိုတော့ အဲဒီဖက်က အကြွင်းအကျန် လေပွေက မြန်မာနိုင်ငံဖက်ကို လာမှာပေါ့ လေ။ မွန်၊ ကရင်၊ မြစ်ဝကျွန်းပေါ်ကို ဖြတ်ပြီးတော့ ဘင်္လားပင်လယ်ထဲ သွားမှာဆိုတော့ အဲဒီဟာ ဖြတ်နေတဲ့ အချိန်တော့ မိုးများမှာပေါ့လေ”ဟု ဦးလှထွန်း က ပြောသည်။
စက်တင်ဘာ၊ အောက်တိုဘာလများသည် စပါးများရင့်မှည့်ပြီး ရိတ်သိမ်းချိန်ရောက်နေ၍ မိုးများလျှင် စပါး အလေအလွင့်များနိုင်သကဲ့သို့ လယ်ကွက်ထဲ ရေများနေလျှင်လည်း ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုရန် ခက် ခဲနိုင်ကြောင်း ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်၊ သာစည်ကျေးရွာက လယ်သမားတစ်ဦး က ပြော သည်။
ဘင်္လားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည့် မိုးသက် လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေ အထိ ရှိနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ သတိပြုကြရန်အတွက်လည်း မိုး/ဇလက အကြံပြုထားသည်။
*** ZAWGYI ***
ေတာင္တ႐ုတ္ပင္လယ္ မုန္တိုင္းေၾကာင့္ အခ်ိဳ႕ေနရာမ်ား မိုးမ်ားႏိုင္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္။
ဘဂၤလားပင္လယ္ေအာ္အတြင္း ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္းႏွင့္ ေတာင္တ႐ုတ္ပင္လယ္ မွ မုန္တိုင္း အရွိန္ေၾကာင့္ စက္တင္ဘာလကုန္အထိ ျမန္မာႏိုင္ငံတြင္ မိုးမ်ားႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးလွထြန္း က စက္တင္ဘာ ၂၄ ရက္ေန႔ တြင္ ေျပာသည္။
ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းသည့္ ေလဖိအားနည္း ရပ္ဝန္းအျဖစ္သို႔ ေရာက္ရွိလာႏိုင္ၿပီး အိႏၵိယႏိုင္ငံဖက္ကို ေ႐ႊ႕လ်ားႏိုင္ေၾကာင္း ဦးလွထြန္း က ေျပာသည္။
“ေလဖိအားနည္းရပ္ဝန္းက ျမန္မာႏိုင္ငံနဲ႔ နီးေနေပမယ့္ အေနာက္ဖက္ ပင္လယ္ျပင္ကို ေ႐ႊ႕သြားႏိုင္လို႔ ျမန္မာ ႏိုင္ငံ အတြက္ စိတ္ပူစရာမရွိပါဘူး။ အဲ့ဒီအရွိန္ေၾကာင့္ အလယ္ပိုင္းနဲ႔ ေအာက္ပိုင္းေတြမွာ မိုးေတာ့ ေကာင္း ႏိုင္ တယ္”ဟု ဦးလွထြန္းကေျပာသည္။
ထို႔အတူ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနသည့္ အပူပိုင္းမုန္တိုင္း “ဒရမ္မူ”(Dianmu)သည္ ဗီယက္နမ္ ႏိုင္ငံအလယ္ပိုင္း ကမ္းေျခကို ယေန႔တြင္ျဖတ္ေက်ာ္ခဲ့ၿပီး ကုန္းတြင္းမုန္တိုင္းအျဖစ္ ဆက္လက္တည္ရွိကာ အေနာက္ဖက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန က သတင္း ထုတ္ျပန္ထားသည္။
“ဒီေန႔ ဗီယက္နမ္ကို ျဖတ္ၿပီဆိုေတာ့ အဲဒီဖက္က အႂကြင္းအက်န္ ေလေပြက ျမန္မာႏိုင္ငံဖက္ကို လာမွာေပါ့ ေလ။ မြန္၊ ကရင္၊ ျမစ္ဝကြၽန္းေပၚကို ျဖတ္ၿပီးေတာ့ ဘလၤားပင္လယ္ထဲ သြားမွာဆိုေတာ့ အဲဒီဟာ ျဖတ္ေနတဲ့ အခ်ိန္ေတာ့ မိုးမ်ားမွာေပါ့ေလ”ဟု ဦးလွထြန္း က ေျပာသည္။
စက္တင္ဘာ၊ ေအာက္တိုဘာလမ်ားသည္ စပါးမ်ားရင့္မွည့္ၿပီး ရိတ္သိမ္းခ်ိန္ေရာက္ေန၍ မိုးမ်ားလွ်င္ စပါး အေလအလြင့္မ်ားႏိုင္သကဲ့သို႔ လယ္ကြက္ထဲ ေရမ်ားေနလွ်င္လည္း ရိတ္သိမ္းေခြၽေလွ႔စက္မ်ား အသုံးျပဳရန္ ခက္ ခဲႏိုင္ေၾကာင္း ပဲခူးတိုင္း အေနာက္ျခမ္း နတ္တလင္းၿမိဳ႕နယ္၊ သာစည္ေက်း႐ြာက လယ္သမားတစ္ဦး က ေျပာ သည္။
ဘလၤားပင္လယ္ေအာ္အတြင္း ေလဖိအားနည္းရပ္ဝန္းႏွင့္ ေတာင္တ႐ုတ္ မုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာ့ကမ္း႐ိုး တန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္နာရီလွ်င္ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္သည့္ မိုးသက္ ေလျပင္းမ်ား က်ေရာက္ႏိုင္ၿပီး လႈိင္းအျမင့္ ၁၁ ေပ အထိ ရွိႏိုင္ေၾကာင္း မိုး/ဇလ က ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရးႏွင့္ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလွ်ာက္ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္း ေရယာဥ္မ်ား သတိျပဳၾကရန္အတြက္လည္း မိုး/ဇလက အႀကံျပဳထားသည္။