ပုသိမ်တဖက်ကမ်း ကြက်ခြံအလုပ်သမား ၃ ဦး PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ တစ်ဘက်ကမ်းကြက်ခြံ မှ အလုပ်သမား ၃ ဦးကို PDF များ ဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က  ဖမ်းဆီး သွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၂၃ ရက်က ပုသိမ်မြို့ တစ်ဘက်ကမ်းက စစ်ကောင်စီသတင်းပေး ဒလန် ဟု လူပြောများသူ ဦးကျော်သိန်းထွန်း အား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နောက် သံသယဖြင့် အသက် ၂၀ နှင့် ၂၅ နှစ် အကြား အမှတ် ၁၀ ရပ်ကွက် ပိတောက်ချောင်းကုန်းနေ ဦးတင်ဟန် ပိုင်ဆိုင်သည့် ကြက်ခြံမှ ကြက်ခြံ လုပ်သား လူငယ် ၃ ဦးကို  ဖမ်းဆီးခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့ က ပြောသည်။

သေနတ်နဲ့ပစ်ခံသူ ကိုကျော်သိန်းထွန်း မိန်းမက ကြက်ခြံထဲမှာ ပုန်းနေမယ် ထင်တယ် ပြောတော့ စစ်တပ် က PDF ဆိုပြီး မသင်္ကာလို့ ဖမ်းတာပါ။ ဘယ်ခေါ်သွားလဲ မသိရဘူး။ စစ်ဆေးပြီး ရင်တော့ ပြန်လွှတ်ပေးလိမ့် ထင် တယ် ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသည့် သူ၏ အမျိုးသမီး က မျက်ခုန်းကောင်းကောင်း ဆိုင်ကယ်အဖြူ စီးသည့် လူငယ် တစ်ဦးက သူမ၏ အမျိုးသားကို သေနတ်ဖြင့် ပစ်ကာ ထွက်သွားကြောင်း စစ်ကောင်စီတပ် ကို ပြောပြထား သည်ဟု ဆိုသည်။ 

အဖမ်းခံရသည့် သူများသည် ကျေးလက်တောရွာမှ တက်လာပြီး ရိုးရိုးသားသား ကြက်ခြံတွင် အလုပ် လုပ်နေ ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ လူငယ် ၃ ဦး၏ သတင်းကြောင့် ၎င်းတို့ မိဘဆွေမျိုးများကလည်း စိတ်ပူနေကြသည်ဟု ဒေသခံ ဦးအံထွန်း က ပြောသည်။

အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ NUG က DDay ဟု ကြေငြာပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကို သံသယဖြင့် PDF ဟု တံဆိပ်ကပ် ဖမ်းဆီးကာ စစ်ဆေးနေခြင်းများကြောင့် ကျီးလန့်စာ စားရသကဲ့သို့ ဖြစ်နေရ ကြောင်း ပုသိမ်မြို့ခံများ က ပြောသည်။

အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ NUG က DDay ကြေငြာပြီးနောက် ပုသိမ်မြို့နယ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိနေပြီဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ ရေတွက်လျှင် ဖမ်းဆီးခံထားရသူ ၁၀၀ ကျော် ရှိလာနေပြီဟု ပုသိမ် မြို့ခံများက ပြောသည်။

***ZAWGYI***
ပုသိမ္တဖက္ကမ္း ၾကက္ၿခံအလုပ္သမား ၃ ဦး PDF ဟု စြပ္စြဲၿပီး ဖမ္းဆီးခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕ တစ္ဘက္ကမ္းၾကက္ၿခံ မွ အလုပ္သမား ၃ ဦးကို PDF မ်ား ဟု စြပ္စြဲကာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား က  ဖမ္းဆီး သြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၂၃ ရက္က ပုသိမ္ၿမိဳ႕ တစ္ဘက္ကမ္းက စစ္ေကာင္စီသတင္းေပး ဒလန္ ဟု လူေျပာမ်ားသူ ဦးေက်ာ္သိန္းထြန္း အား ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေနာက္ သံသယျဖင့္ အသက္ ၂၀ ႏွင့္ ၂၅ ႏွစ္ အၾကား အမွတ္ ၁၀ ရပ္ကြက္ ပိေတာက္ေခ်ာင္းကုန္းေန ဦးတင္ဟန္ ပိုင္ဆိုင္သည့္ ၾကက္ၿခံမွ ၾကက္ၿခံ လုပ္သား လူငယ္ ၃ ဦးကို  ဖမ္းဆီးျခင္း ျဖစ္သည္ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္အခ်ိဳ႕ က ေျပာသည္။

သနတ္နဲ႔ပစ္ခံသူ ကိုေက်ာ္သိန္းထြန္း မိန္းမက ၾကက္ၿခံထဲမွာ ပုန္းေနမယ္ ထင္တယ္ ေျပာေတာ့ စစ္တပ္ က PDF ဆိုၿပီး မသကၤာလို႔ ဖမ္းတာပါ။ ဘယ္ေခၚသြားလဲ မသိရဘူး။ စစ္ေဆးၿပီး ရင္ေတာ့ ျပန္လႊတ္ေပးလိမ့္ ထင္ တယ္ ဟု အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ေသနတ္ျဖင့္ အပစ္ခံရသည့္ သူ၏ အမ်ိဳးသမီး က မ်က္ခုန္းေကာင္းေကာင္း ဆိုင္ကယ္အျဖဴ စီးသည့္ လူငယ္ တစ္ဦးက သူမ၏ အမ်ိဳးသားကို ေသနတ္ျဖင့္ ပစ္ကာ ထြက္သြားေၾကာင္း စစ္ေကာင္စီတပ္ ကို ေျပာျပထား သည္ဟု ဆိုသည္။ 

အဖမ္းခံရသည့္ သူမ်ားသည္ ေက်းလက္ေတာ႐ြာမွ တက္လာၿပီး ႐ိုး႐ိုးသားသား ၾကက္ၿခံတြင္ အလုပ္ လုပ္ေန ၾကျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖမ္းဆီးခံရသူ လူငယ္ ၃ ဦး၏ သတင္းေၾကာင့္ ၎တို႔ မိဘေဆြမ်ိဳးမ်ားကလည္း စိတ္ပူေနၾကသည္ဟု ေဒသခံ ဦးအံထြန္း က ေျပာသည္။

အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအဖြဲ႕ NUG က DDay ဟု ေၾကျငာၿပီးေနာက္ စစ္ေကာင္စီတပ္က ေဒသခံမ်ားကို သံသယျဖင့္ PDF ဟု တံဆိပ္ကပ္ ဖမ္းဆီးကာ စစ္ေဆးေနျခင္းမ်ားေၾကာင့္ က်ီးလန႔္စာ စားရသကဲ့သို႔ ျဖစ္ေနရ ေၾကာင္း ပုသိမ္ၿမိဳ႕ခံမ်ား က ေျပာသည္။

အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအဖြဲ႕ NUG က DDay ေၾကျငာၿပီးေနာက္ ပုသိမ္ၿမိဳ႕နယ္အတြင္း ဖမ္းဆီးခံရသူ ၂၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္းမွ ေရတြက္လွ်င္ ဖမ္းဆီးခံထားရသူ ၁၀၀ ေက်ာ္ ရွိလာေနၿပီဟု ပုသိမ္ ၿမိဳ႕ခံမ်ားက ေျပာသည္။