ငပုတောမှ ရွာသား ၁၆ ဦးအား စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ အသက် ၁၄ နှစ်သား တစ်ဦး အပါအဝင် ရွာသား ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသ ခံများက ပြောသည်။

ကျေးရွာအတွင်း စစ်သား အယောက် ၁၀၀ ကျော်ခန့်ဖြင့် ဝင်ရောက်တပ်စွဲပြီးနောက်ငပုတောမြို့နယ် ငရုတ်ကောင်းကမ်းခြေမြို့၊ သဲဖြူကျေးရွာ၏ အဝင်ပေါက်နှင့် အထွက်ပေါက်များကို ပိတ်ဆို့ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

စစ်သင်တန်းပေး နေတယ်ဆိုပြီးတော့ PDF လို့ စွပ်စွဲပြီး ရမ်းသမ်းဖမ်း နေတာ။ ရိုက်နှက်ဖမ်းကြတာ ဟု အသက် ၄၅ နှစ် အရွယ်ရှိ သဲဖြူကျေးရွာက ဒေသခံရွာသားတစ်ဦး က ပြောသည်။

၎င်းတို့ ကျေးရွာတွင်  စစ်သင်တန်း လေ့ကျင့်နေသည်ဟု မကြားမိ မမြင်မိကြောင်း ၊ ဖမ်းဆီးခံရသူ အများစု မှာNLD ပါတီဝင်အချို့ နှင့် ဝန်းရံသူများသာ ဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။  

စက်တင်ဘာလ ၂၅ ရက်နေ့ ညက ကျေးရွာအား ပိတ်ပြီး ရွာသားများကို PDF ဟု စွပ်စွဲ၍ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သဲဖြူရွာသားများက ပြောသည်။

စစ်သားများက ကျေးရွာထိပ်တွင် ယာယီအချုပ် ခန်းဆောက်ပြီး လိုက်ဖမ်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

က်ရှိအခြေအနေက နောက်ထပ်ဖမ်းမှာကို ရွာသားတွေ က စိုးရိမ်နေကြတယ်။ ကိုယ်မဟုတ်ပါဘဲ ဒလန်က ဂျောက်ချလိုက်မှာကို စိုးရိမ်နေတာ။ စစ်တပ်ကလည်း ဖမ်းတာနဲ့ PDF တံဆိပ်ံကပ်တော့တာပဲ ဟု ငရုတ် ကောင်း ဒေသခံ ဦးမြသိန်း က ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းကမ်းခြေမြို့ ဒေသရှိ သစ်ရောင်းရွာ၌ နေထိုင်သူ ဦးလှမြင့် နှင့် ရွာသား ၄ ဦးကိုလည်း စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက PDF ဟုဆိုကာ ဖမ်းသွားပြီး ယနေ့တိုင် ပြန် လည်လွှတ်ပေးခြင်း မရှိသေးဘူးဟု ရွာသားများက ပြောသည်။ 

စက်တင်ဘာ ၇ ရက်နေ့ က စစ်ကောင်စီကို တော်လှန်ကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ NUG က  ကြေညာခဲ့ ပြီး နောက်ပိုင်း  ဧရာဝတီတိုင်းအတွင်းရှိ ဒေသအတော်တော်များများတွင်လည်း အခြားသော တိုင်းနှင့် ပြည်နယ် များရှိ ပြည်သူများ ဖမ်းဆီးခံနေသကဲ့သို့ စစ်ကောင်စီတပ်က အင်အားသုံးဖိနှိပ်မှုများ၊ ဖမ်းဆီးမှုများ ပိုများလာနေ သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချို့က ပြောသည်။

***ZAWGYI***
ငပုေတာမွ ႐ြာသား ၁၆ ဦးအား စစ္ေကာင္စီ ဖမ္းဆီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္။ 

ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္မွ အသက္ ၁၄ ႏွစ္သား တစ္ဦး အပါအဝင္ ႐ြာသား ၁၆ ဦးကို စစ္ေကာင္စီတပ္က ဖမ္းဆီးသြားသည္ဟု ေဒသ ခံမ်ားက ေျပာသည္။

ေက်း႐ြာအတြင္း စစ္သား အေယာက္ ၁၀၀ ေက်ာ္ခန႔္ျဖင့္ ဝင္ေရာက္တပ္စြဲၿပီးေနာက္ငပုေတာၿမိဳ႕နယ္ င႐ုတ္ေကာင္းကမ္းေျခၿမိဳ႕၊ သဲျဖဴေက်း႐ြာ၏ အဝင္ေပါက္ႏွင့္ အထြက္ေပါက္မ်ားကို ပိတ္ဆို႔ကာ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။

စစ္သင္တန္းေပး ေနတယ္ဆိုၿပီးေတာ့ PDF လို႔ စြပ္စြဲၿပီး ရမ္းသမ္းဖမ္း ေနတာ။ ႐ိုက္ႏွက္ဖမ္းၾကတာ ဟု အသက္ ၄၅ ႏွစ္ အ႐ြယ္ရွိ သဲျဖဴေက်း႐ြာက ေဒသခံ႐ြာသားတစ္ဦး က ေျပာသည္။

၎တို႔ ေက်း႐ြာတြင္  စစ္သင္တန္း ေလ့က်င့္ေနသည္ဟု မၾကားမိ မျမင္မိေၾကာင္း ၊ ဖမ္းဆီးခံရသူ အမ်ားစု မွာ NLD ပါတီဝင္အခ်ိဳ႕ ႏွင့္ ဝန္းရံသူမ်ားသာ ျဖစ္ၾကေၾကာင္း ေဒသခံမ်ားက ေျပာသည္။  

စက္တင္ဘာလ ၂၅ ရက္ေန႔ ညက ေက်း႐ြာအား ပိတ္ၿပီး ႐ြာသားမ်ားကို PDF ဟု စြပ္စြဲ၍ ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု သဲျဖဴ႐ြာသားမ်ားက ေျပာသည္။

စစ္သားမ်ားက ေက်း႐ြာထိပ္တြင္ ယာယီအခ်ဳပ္ ခန္းေဆာက္ၿပီး လိုက္ဖမ္းေနျခင္း ျဖစ္သည္ဟု ဆိုသည္။

လက္ရွိအေျခအေနက ေနာက္ထပ္ဖမ္းမွာကို ႐ြာသားေတြ က စိုးရိမ္ေနၾကတယ္။ ကိုယ္မဟုတ္ပါဘဲ ဒလန္က ေဂ်ာက္ခ်လိုက္မွာကို စိုးရိမ္ေနတာ။ စစ္တပ္ကလည္း ဖမ္းတာနဲ႔ PDF တံဆိပ္ံကပ္ေတာ့တာပဲ ဟု င႐ုတ္ ေကာင္း ေဒသခံ ဦးျမသိန္း က ေျပာသည္။

စက္တင္ဘာ ၈ ရက္ေန႔က ငပုေတာၿမိဳ႕နယ္၊ င႐ုတ္ေကာင္းကမ္းေျခၿမိဳ႕ ေဒသရွိ သစ္ေရာင္း႐ြာ၌ ေနထိုင္သူ ဦးလွျမင့္ ႏွင့္ ႐ြာသား ၄ ဦးကိုလည္း စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ားက PDF ဟုဆိုကာ ဖမ္းသြားၿပီး ယေန႔တိုင္ ျပန္ လည္လႊတ္ေပးျခင္း မရွိေသးဘူးဟု ႐ြာသားမ်ားက ေျပာသည္။ 

စက္တင္ဘာ ၇ ရက္ေန႔ က စစ္ေကာင္စီကို ေတာ္လွန္ၾကရန္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG က  ေၾကညာခဲ့ ၿပီး ေနာက္ပိုင္း  ဧရာဝတီတိုင္းအတြင္းရွိ ေဒသအေတာ္ေတာ္မ်ားမ်ားတြင္လည္း အျခားေသာ တိုင္းႏွင့္ ျပည္နယ္ မ်ားရွိ ျပည္သူမ်ား ဖမ္းဆီးခံေနသကဲ့သို႔ စစ္ေကာင္စီတပ္က အင္အားသုံးဖိႏွိပ္မႈမ်ား၊ ဖမ္းဆီးမႈမ်ား ပိုမ်ားလာေန သည္ဟု ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အခ်ိဳ႕က ေျပာသည္။