ဘိုကလေးမှ ပျူစောထီး ဆိုသူ လူ ၃၀ ကို လုံခြုံရေး တာဝန်ပေးရန် ရန်ကုန်သို့ စေလွှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ပျုစောထီးအဖွဲ့ဝင်ဆိုသူ အယောက် ၃၀ ကို ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်း က စေလွှတ်လိုက်သည်ဟု ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လုံခြုံကိစ္စအတွက် ဟုဆိုကာ ရုပ်ဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း က ရန်ကုန်မြို့သို့ လူ ၃၀ ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။
“ဘိုကလေး နဲ့ ရန်ကုန်က ကားနဲ့သွားရင် နေ့ချင်းပြန်လို့ရတယ်။ “ ဟု ၎င်း က ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ဧရာဝတီတိုင်း အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်စုလျှင် လူငယ် လူလတ် အယောက် ၃၀ ဦး အနည်းဆုံး စုဆောင်းပေးရန် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့၏ ပြောပြချက်အရသိရသည်။
သို့သော် စစ်ကောင်စီသတင်းပေး ဒလန် ဟု စွပ်စွဲခံရသူများ နှင့် မဘသ အချို့သာ လုံခြုံရေးလုပ်ရန် အတွက် စာရင်းပေးကြကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောသည်။
ပျူစောထီးများကို ရန်ကုန်တိုင်းတွင်းရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ်များက အခြေခံ စစ်ပညာ နှင့် လက်နက် ငယ် သင်တန်းများပေးကာ သင်တန်းတစ်ခုလျှင် အယောက် ၂၀ ခန့်ကို လက်နက်များ တပ်ဆင်ပေးကြောင်း ပျူ စောထီး ဗဟို၏ လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ချက်ကို ကိုးကား၍ ဘိုကလေး ဒေသခံ ဦးမောင်မောင် က ပြောသည်။
စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းက ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ လက်နက်တပ်ဆင်ပေးထားခြင်းများလည်း မရှိကြောင်း စက်တင်ဘာလ လယ်ပိုင်း က ငြင်းဆိုထားသည်။
***ZAWGYI***
ဘိုကေလးမွ ပ်ဴေစာထီး ဆိုသူ လူ ၃၀ ကို လုံၿခဳံေရး တာဝန္ေပးရန္ ရန္ကုန္သို႔ ေစလႊတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္မွ ပ်ဳေစာထီးအဖြဲ႕ဝင္ဆိုသူ အေယာက္ ၃၀ ကို ရန္ကုန္ၿမိဳ႕သို႔ စက္တင္ဘာ ၂၆ ရက္ေန႔ နံနက္ပိုင္း က ေစလႊတ္လိုက္သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
စစ္ေကာင္စီတပ္ႏွင့္ ပူးေပါင္း၍ လုံၿခဳံကိစၥအတြက္ ဟုဆိုကာ ႐ုပ္ဆိုင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းမင္း က ရန္ကုန္ၿမိဳ႕သို႔ လူ ၃၀ ကို ေစလႊတ္လိုက္ျခင္း ျဖစ္သည္ဟု အုပ္ခ်ဳပ္ေရးမႉး ႏွင့္ နီးစပ္သူ တစ္ဦး က ေျပာသည္။
“ဘိုကေလး နဲ႔ ရန္ကုန္က ကားနဲ႔သြားရင္ ေန႔ခ်င္းျပန္လို႔ရတယ္။ “ ဟု ၎ က ေျပာသည္။
ၿပီးခဲ့သည့္ ဇြန္လမွ စတင္၍ ဧရာဝတီတိုင္း အတြင္းရွိ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု တစ္စုလွ်င္ လူငယ္ လူလတ္ အေယာက္ ၃၀ ဦး အနည္းဆုံး စုေဆာင္းေပးရန္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို စစ္ေကာင္စီက ၫႊန္ၾကားခဲ့ေၾကာင္း ေဒသအတြင္းရွိ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္အခ်ိဳ႕၏ ေျပာျပခ်က္အရသိရသည္။
သို႔ေသာ္ စစ္ေကာင္စီသတင္းေပး ဒလန္ ဟု စြပ္စြဲခံရသူမ်ား ႏွင့္ မဘသ အခ်ိဳ႕သာ လုံၿခဳံေရးလုပ္ရန္ အတြက္ စာရင္းေပးၾကေၾကာင္း ေဒသခံ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က ေျပာသည္။
ပ်ဴေစာထီးမ်ားကို ရန္ကုန္တိုင္းတြင္းရွိ စစ္ေကာင္စီ၏ ေလ့က်င့္ေရးတပ္မ်ားက အေျခခံ စစ္ပညာ ႏွင့္ လက္နက္ ငယ္ သင္တန္းမ်ားေပးကာ သင္တန္းတစ္ခုလွ်င္ အေယာက္ ၂၀ ခန႔္ကို လက္နက္မ်ား တပ္ဆင္ေပးေၾကာင္း ပ်ဴ ေစာထီး ဗဟို၏ လူမႈကြန္ရက္ စာမ်က္ႏွာမွ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ဘိုကေလး ေဒသခံ ဦးေမာင္ေမာင္ က ေျပာသည္။
စစ္ေကာင္စီ၏ သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံျဖစ္ေသာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ပ်ဴေစာထီးအဖြဲ႕မ်ားကို ဖြဲ႕စည္းထားျခင္းမရွိေၾကာင္း၊ လက္နက္တပ္ဆင္ေပးထားျခင္းမ်ားလည္း မရွိေၾကာင္း စက္တင္ဘာလ လယ္ပိုင္း က ျငင္းဆိုထားသည္။