ရေကြည်မြို့နယ်တွင် အုပ်ကြီးအချို့ကို ပစ္စတို ထုတ်ပေးမည်ဟု သတင်းထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

ဧရာဝတီတိုင်း ဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း PDF မှ ထုတ်ပြန်ထားသည့် ဒလန်အမည် စာရင်း တွင် ပါဝင်သူ သတင်းပေးများ အနက် အယောက် ၂၀ ကို စစ်ကောင်စီအဖွဲ့က လက်နက် တပ်ဆင်ပေးမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့ ဝင်အချို့ ထံမှ သိရသည်။

ရေကြည်မြို့နယ် အတွင်းရှိ မြို့ ၃ မြို့မှ ဒလန် အမည်စာရင်းပေါက်နေသူ သတင်းပေးများကို စစ်ကောင်စီ က ခေါ်ယူတွေ့ဆုံးပြီး ၎င်းတို့ အနက် အယောက် ၂၀ ကို ပစ္စတို အလက် ၂၀ ထုတ်ပေးမည် ဟု ကြားသိရကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောသည်။

“တကယ်ပေးပြီးတယ် မပေးရသေးဘူးတော့ မသိပါဘူး။ ဒါပေမယ့် PDF က ဒလန်စာရင်းမှာပါတဲ့ ဦးအေးလွင် ကတော့ သူ့ ဖေ့ဘုတ်မှာ ပစ္စတို သေနတ်တင်ထားတာတော့ တွေ့တယ်” ဟု ရေကြည် မြို့ခံလူငယ် တစ်ဦး က ပြော သည်။

ရေကြည်မြို့နယ် အတွင်းရှိ လစ်လပ်နေသည့် ရပ်ကျေး အုပ်ချုပ်ရေးမှုး နေရာတွင် ဦးအေးလွင် က ၎င်းအနေဖြင့် လုပ်လိုကြောင်း စစ်ကောင်စီထံ တင်ပြထားသည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး ဝန်ထမ်းအချို့ထံမှ သိရသည်။

ပြည်သူများကမူ အုပ်ချုပ်ရေးမှူးများအား လက်နက်ထုတ်ပေးခြင်းဖြင့် အလွဲသုံးကာ လူထုအပေါ် ဖိနှိပ်မှုများ ပြုမူလာမည်ကို စိုးရိမ်နေကြသည်။

“စစ်ကောင်စီ အနေနဲ့ အခုလိုလုပ်တာတွေဟာ ဒေသအတွင်းမှာ မလိုလားအပ်တဲ့ ရာဇဝတ်မှုနဲ့ တရားမဲ့ပြု ကျင့် မှုတွေ ဖြစ်ဖို့ပိုများမယ်” ဟုအသက် ၆၅ နှစ်အရွယ် ရှိ ရေကြည်မြို့ခံ ဦးကိုကိုဝင်း က ပြောသည်။

ရေကြည်မြို့နယ်အတွင်း ရှိ ဒလန် ၄၈ ဦး အမည်စာရင်းကို မြစ်ဝကျွန်းပေါ် ပြောက်ကြား စစ်ဆင်ရေး တပ်ပေါင်း စု က ထုတ်ပြန်ကြေငြာထားပြီး သြဂုတ်လဆန်းပိုင်းက အသုတ်မြို့မှ ဒလန် ဟု နာမည်ကြီးနေသူ ဦးနိုင်ဝင်းဦး မှာ ပထမဆုံး အကြိမ် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

ရေကြည်မြို့နယ်တွင် ရေကြည် ၊ ငသိုင်းချောင်း၊ အသုတ် မြို့ ၃ မြို့ ပါဝင်ပြီး ရပ်ကွက်ကျေးရွာ အုပ်စု ၁၀၀ ကျော်ရှိကြောင်း ဧရာဝတီတိုင်း ပြည်သူအင်အား နှင့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန မှတ်တမ်းအရ သိရသည်။

*** ZAWGYI ***
ေရၾကည္ၿမိဳ႕နယ္တြင္ အုပ္ႀကီးအခ်ိဳ႕ကို ပစၥတို ထုတ္ေပးမည္ဟု သတင္းထြက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။

ဧရာဝတီတိုင္း ေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္အတြင္း PDF မွ ထုတ္ျပန္ထားသည့္ ဒလန္အမည္ စာရင္း တြင္ ပါဝင္သူ သတင္းေပးမ်ား အနက္ အေယာက္ ၂၀ ကို စစ္ေကာင္စီအဖြဲ႕က လက္နက္ တပ္ဆင္ေပးမည္ ျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ ဝင္အခ်ိဳ႕ ထံမွ သိရသည္။

ေရၾကည္ၿမိဳ႕နယ္ အတြင္းရွိ ၿမိဳ႕ ၃ ၿမိဳ႕မွ ဒလန္ အမည္စာရင္းေပါက္ေနသူ သတင္းေပးမ်ားကို စစ္ေကာင္စီ က ေခၚယူေတြ႕ဆုံးၿပီး ၎တို႔ အနက္ အေယာက္ ၂၀ ကို ပစၥတို အလက္ ၂၀ ထုတ္ေပးမည္ ဟု ၾကားသိရေၾကာင္း စစ္ေကာင္စီ၏ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္အခ်ိဳ႕က ေျပာသည္။

“တကယ္ေပးၿပီးတယ္ မေပးရေသးဘူးေတာ့ မသိပါဘူး။ ဒါေပမယ့္ PDF က ဒလန္စာရင္းမွာပါတဲ့ ဦးေအးလြင္ ကေတာ့ သူ႔ ေဖ့ဘုတ္မွာ ပစၥတို ေသနတ္တင္ထားတာေတာ့ ေတြ႕တယ္” ဟု ေရၾကည္ ၿမိဳ႕ခံလူငယ္ တစ္ဦး က ေျပာ သည္။

ေရၾကည္ၿမိဳ႕နယ္ အတြင္းရွိ လစ္လပ္ေနသည့္ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႈး ေနရာတြင္ ဦးေအးလြင္ က ၎အေနျဖင့္ လုပ္လိုေၾကာင္း စစ္ေကာင္စီထံ တင္ျပထားသည္ဟု ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး႐ုံး ဝန္ထမ္းအခ်ိဳ႕ထံမွ သိရသည္။

ျပည္သူမ်ားကမူ အုပ္ခ်ဳပ္ေရးမႉးမ်ားအား လက္နက္ထုတ္ေပးျခင္းျဖင့္ အလြဲသုံးကာ လူထုအေပၚ ဖိႏွိပ္မႈမ်ား ျပဳမူလာမည္ကို စိုးရိမ္ေနၾကသည္။

“စစ္ေကာင္စီ အေနနဲ႔ အခုလိုလုပ္တာေတြဟာ ေဒသအတြင္းမွာ မလိုလားအပ္တဲ့ ရာဇဝတ္မႈနဲ႔ တရားမဲ့ျပဳ က်င့္ မႈေတြ ျဖစ္ဖို႔ပိုမ်ားမယ္” ဟုအသက္ ၆၅ ႏွစ္အ႐ြယ္ ရွိ ေရၾကည္ၿမိဳ႕ခံ ဦးကိုကိုဝင္း က ေျပာသည္။

ေရၾကည္ၿမိဳ႕နယ္အတြင္း ရွိ ဒလန္ ၄၈ ဦး အမည္စာရင္းကို ျမစ္ဝကြၽန္းေပၚ ေျပာက္ၾကား စစ္ဆင္ေရး တပ္ေပါင္း စု က ထုတ္ျပန္ေၾကျငာထားၿပီး ၾသဂုတ္လဆန္းပိုင္းက အသုတ္ၿမိဳ႕မွ ဒလန္ ဟု နာမည္ႀကီးေနသူ ဦးႏိုင္ဝင္းဦး မွာ ပထမဆုံး အႀကိမ္ ေသနတ္ပစ္ခံရၿပီး ေသဆုံးသြားခဲ့သည္။

ေရၾကည္ၿမိဳ႕နယ္တြင္ ေရၾကည္ ၊ ငသိုင္းေခ်ာင္း၊ အသုတ္ ၿမိဳ႕ ၃ ၿမိဳ႕ ပါဝင္ၿပီး ရပ္ကြက္ေက်း႐ြာ အုပ္စု ၁၀၀ ေက်ာ္ရွိေၾကာင္း ဧရာဝတီတိုင္း ျပည္သူအင္အား ႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရး ဦးစီးဌာန မွတ္တမ္းအရ သိရသည္။