ပုလောမြို့နယ်တွင် “ပျူစောထီးအဖွဲ့ဝင်” လေးဦး ပစ်ခံရ၊ နှစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့ဟု အမည်တပ်ထားသည့် ပျူစောထီးအဖွဲ့ဝင်လေးဦး သေနတ်ဖြင့်အပစ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၉ ရက်နေ့ က ရှပ်ပုံကျေးရွာက ၄ ဦး နှင့် ကဒဲကျေးရွာက တစ်ဦးတို့အား သေနတ်သမား အချို့က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“အငိုက်မိပြီးတော့ ပစ်ခံလိုက်ရတာ အခုပစ်ခံရတဲ့သူတွေက အဖွဲ့ဝင်တွေ ခေါင်းဆောင် လုပ်သူတွေတော့ မပါဘူး” လို့ ရှပ်ပုံကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။
ရှပ်ပုံကျေးရွာ ဝါးတန်းရပ် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်လေးဦးကို အမည်မသိအဖွဲ့ က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး လေးဦးထဲက ဦးသိန်းဇော်ဌေး နှင့် သားဖြစ်သူ ရန်လင်းဇော်တို့ အခင်း ဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။ ကျန် နှစ်ဦးမှာ လက်ရှိတွင် ပုလော ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပုလောမြို့နယ် ကဒဲကျေးရွာက ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ ခေါင်းဆောင် ဦးဝင်းအောင် ဆိုသူကို လည်း စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် အမည်မသိအဖွဲ့က သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ပုလောဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု အသက် ၄၀ အရွယ် ကဒဲကျေးရွာသား တစ်ဦး က ပြောသည်။
“သေနတ်နဲ့ အချက်အများကြီး ပစ်သွားတာ။ ဒဏ်ရာက လေးချက်လောက်ရှိတယ်လို့ သွားကြည့်တဲ့သူတွေ ပြောနေကြတယ်။ ကျနော်တော့ မကြည့်ရဲလို့ မသွားခဲ့ဘူး။ ပုလောဆေးရုံမှာ အဆင်မပြေလို့ ရန်ကုန်ဆေးရုံ တင်ဖို့ သွားနေပြီလို့ ကြားတယ်” ဟု ပြောသည်။
ထိုသို့ ပြည်သူ့စစ်( ပျူစောထီး)အဖွဲ့ဝင်များ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာ များထဲသို့ ဝင်ရောက်ကာ ကျေးရွာအတွင်းရှိ လူငယ်များအား လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
ရှပ်ပုံကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖမ်းဆီးခံထားရသူ လူငယ် ၁၀ ဦးခန့် ရှိနေကြောင်း သိရသည်။
*** ZAWGYI ***
ပုေလာၿမိဳ႕နယ္တြင္ “ပ်ဴေစာထီးအဖြဲ႕ဝင္” ေလးဦး ပစ္ခံရ၊ ႏွစ္ဦးေသ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။
ၿမိတ္ခ႐ိုင္ ပုေလာၿမိဳ႕နယ္အတြင္း ျပည္သူ႔စစ္အဖြဲ႕ ဟု အမည္ တပ္ထားသည့္ ပ်ဴေစာထီးအဖြဲ႕ဝင္ေလးဦး ေသနတ္ျဖင့္အပစ္ခံရၿပီး ႏွစ္ဦးေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာ သည္။
စက္တင္ဘာ ၂၉ ရက္ေန႔ က ရွပ္ပုံေက်း႐ြာက ၄ ဦး ႏွင့္ ကဒဲေက်း႐ြာက တစ္ဦးတို႔အား ေသနတ္သမား အခ်ိဳ႕က လာေရာက္ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။
“အငိုက္မိၿပီးေတာ့ ပစ္ခံလိုက္ရတာ အခုပစ္ခံရတဲ့သူေတြက အဖြဲ႕ဝင္ေတြ ေခါင္းေဆာင္ လုပ္သူေတြေတာ့ မပါဘူး” လို႔ ရွပ္ပုံေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။
ရွပ္ပုံေက်း႐ြာ ဝါးတန္းရပ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ရွိေနသည့္ ျပည္သူ႔စစ္အဖြဲ႕ဝင္ေလးဦးကို အမည္မသိအဖြဲ႕ က ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ျခင္းျဖစ္ၿပီး ေလးဦးထဲက ဦးသိန္းေဇာ္ေဌး ႏွင့္ သားျဖစ္သူ ရန္လင္းေဇာ္တို႔ အခင္း ျဖစ္ပြားသည့္ေနရာတြင္ ေသဆုံးသြားခဲ့သည္။ က်န္ ႏွစ္ဦးမွာ လက္ရွိတြင္ ပုေလာ ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
အလားတူ ပုေလာၿမိဳ႕နယ္ ကဒဲေက်း႐ြာက ျပည္သူ႔စစ္(ပ်ဴေစာထီး) အဖြဲ႕ ေခါင္းေဆာင္ ဦးဝင္းေအာင္ ဆိုသူကို လည္း စက္တင္ဘာလ ၂၉ ရက္ေန႔ နံနက္ ၉ နာရီဝန္းက်င္ခန႔္တြင္ အမည္မသိအဖြဲ႕က ေသနတ္ျဖင့္ လာေရာက္ ပစ္ခတ္ခဲ့သည့္အတြက္ ဒဏ္ရာအျပင္းအထန္ရရွိၿပီး ပုေလာေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု အသက္ ၄၀ အ႐ြယ္ ကဒဲေက်း႐ြာသား တစ္ဦး က ေျပာသည္။
“ေသနတ္နဲ႔ အခ်က္အမ်ားႀကီး ပစ္သြားတာ။ ဒဏ္ရာက ေလးခ်က္ေလာက္ရွိတယ္လို႔ သြားၾကည့္တဲ့သူေတြ ေျပာေနၾကတယ္။ က်ေနာ္ေတာ့ မၾကည့္ရဲလို႔ မသြားခဲ့ဘူး။ ပုေလာေဆး႐ုံမွာ အဆင္မေျပလို႔ ရန္ကုန္ေဆး႐ုံ တင္ဖို႔ သြားေနၿပီလို႔ ၾကားတယ္” ဟု ေျပာသည္။
ထိုသို႔ ျပည္သူ႔စစ္( ပ်ဴေစာထီး)အဖြဲ႕ဝင္မ်ား ပစ္ခတ္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေက်း႐ြာ မ်ားထဲသို႔ ဝင္ေရာက္ကာ ေက်း႐ြာအတြင္းရွိ လူငယ္မ်ားအား လိုက္လံဖမ္းဆီးေနေၾကာင္း သိရသည္။
ရွပ္ပုံေက်း႐ြာတြင္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား၏ ဖမ္းဆီးခံထားရသူ လူငယ္ ၁၀ ဦးခန႔္ ရွိေနေၾကာင္း သိရသည္။