စက်သုံးဆီဆိုင်အချို့ အကန့်အသတ်ဖြင့်သာ ရောင်းပေးနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်နေသည့်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံး ဆီဆိုင် အချို့ အကန့်အသတ်နှင့်သာ ရောင်းချပေးနေသည်ဟု စက်သုံးဆီဝယ်ယူသူများ က ပြောသည်။
ပန်းတနော်သွားရန် 92 ဆီ သုံးသောင်းခွဲဖိုး ဖြည့်ခိုင်းရာ နှစ်သောင်းဖိုးသာရောင်းချပေးသဖြင့် အခြားဆိုင်တွင် ဝင်ဖြည့်ခဲ့ရကြောင်း လှိုင်မြို့နယ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀အရွယ် ယာဉ်ပိုင်ရှင် တစ်ဦး က ပြော သည်။
“နာမည် မရှိတဲ့ဆိုင်တွေကျတော့ ဆီကားမရောက်သေးတာတို့ သူတို့ဆီမှာ ဆီ လက်ကျန်နည်း နေတာတွေ ကြောင့် ကန့်သတ်လိုက်တာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ဓါတ်ဆီအငှားကား မောင်းသူအချို့ ခရီးသည်မရသဖြင့် ကားအုံနာများထံ ကားများ ပြန်အပ်နေသည်များလည်း ရှိလာကြောင်း မြောက်ဒဂုံမှ တက္ကစီ ယာဉ်မောင်းတစ်ဦး က ပြောသည်။
ယခင်က ဆီ ၁၅၀၀ ကျပ်လျှင် ဆိုင်ကယ်ဆီတိုင်ကီအပြည့်ရပြီး ယခု တိုင်ကီအပြည့်ကို ၃၅၀၀ ကျပ်ဖိုး ဖြည့်ရ ကြောင်း၊ လမ်းဘေးဆီဆိုင်များတွင် တစ်ဗူး ၁၆၀၀ ကျပ် အထိ ဖြစ်လာနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနေသူ တစ်ဦး က ပြောသည်။
“ကယ်ရီသမားတွေလည်း အရင်လိုမပတ်တော့ဘူး။ အထိုင်ပဲ စောင့်ကြတော့တာ။ ခရီးသည်ကလည်း ၁၅၀၀ တန်တဲ့ခရီး ၁၅၀၀ ပဲပေးတာ ၁၀၀၊ ၂၀၀ ပိုတောင်းရင်မသွားတော့ဘူး” ဟု ပြောသည်။
ဆိုင်ကယ် ကယ်ရီမောင်းသူများသည်လည်း ယခုခါ ဆောက်လုပ်ရေးနှင့် အခြား ကျဘန်းပြောင်းလုပ်နေကြ ရ သည်ဟု ဆိုင်ကယ် ကယ်ရီမောင်းသည့် အတွေ့အကြုံ ၁၀ နှစ်ခန့်ရှိသည့် ဦးစိန်ဝင်း က ပြောသည်။
”ကယ်ရီဆွဲတာကမသေချာတော့ဘူး။ အုံနာဘီးတွေဆိုပိုဆိုး“ ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂၉ ရက်ငွေလဲဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၆၀၀ ခန့်နှင့် ဈေးစဖွင့်ပြီး စက်သုံးဆီဈေး ကလည်း အဝယ်သာရှိပြီးအရောင်းမရှိသလောက်ဖြစ်နေသည်ဟု ရန်ကုန်ဈေးကွက်မှ စုံစမ်း သိရရှိရသည်။
စားသုံးဆီ၊ စက်သုံးသုံးစွဲမှုကို ခြိုးခြံချွေတာသုံးစွဲရန်နှင့် လျှပ်စစ်ဓာတ်အား သုံးယာဉ်များ အသုံးပြုနိုင်ရေး ရည် မှန်းဆောင်ရွက်ရန်လိုအပ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ယခုနှစ် ဩဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပနိုင်ငံများမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း စစ်ကောင်စီ ခေါင်းဆောင်က ပြောသည်။
*** ZAWGYI ***
စက္သုံးဆီဆိုင္အခ်ိဳ႕ အကန႔္အသတ္ျဖင့္သာ ေရာင္းေပးႏိုင္
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။
စက္သုံးဆီေဈးႏႈန္း စံခ်ိန္တင္ျမင့္တက္ေနသည့္အတြက္ ရန္ကုန္ၿမိဳ႕အတြင္းရွိ စက္သုံး ဆီဆိုင္ အခ်ိဳ႕ အကန႔္အသတ္ႏွင့္သာ ေရာင္းခ်ေပးေနသည္ဟု စက္သုံးဆီဝယ္ယူသူမ်ား က ေျပာသည္။
ပန္းတေနာ္သြားရန္ 92 ဆီ သုံးေသာင္းခြဲဖိုး ျဖည့္ခိုင္းရာ ႏွစ္ေသာင္းဖိုးသာေရာင္းခ်ေပးသျဖင့္ အျခားဆိုင္တြင္ ဝင္ျဖည့္ခဲ့ရေၾကာင္း လႈိင္ၿမိဳ႕နယ္ ၁ ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၅၀အ႐ြယ္ ယာဥ္ပိုင္ရွင္ တစ္ဦး က ေျပာ သည္။
“နာမည္ မရွိတဲ့ဆိုင္ေတြက်ေတာ့ ဆီကားမေရာက္ေသးတာတို႔ သူတို႔ဆီမွာ ဆီ လက္က်န္နည္း ေနတာေတြ ေၾကာင့္ ကန႔္သတ္လိုက္တာ ျဖစ္ပါလိမ့္မယ္” ဟု ေျပာသည္။
ဓါတ္ဆီအငွားကား ေမာင္းသူအခ်ိဳ႕ ခရီးသည္မရသျဖင့္ ကားအုံနာမ်ားထံ ကားမ်ား ျပန္အပ္ေနသည္မ်ားလည္း ရွိလာေၾကာင္း ေျမာက္ဒဂုံမွ တကၠစီ ယာဥ္ေမာင္းတစ္ဦး က ေျပာသည္။
ယခင္က ဆီ ၁၅၀၀ က်ပ္လွ်င္ ဆိုင္ကယ္ဆီတိုင္ကီအျပည့္ရၿပီး ယခု တိုင္ကီအျပည့္ကို ၃၅၀၀ က်ပ္ဖိုး ျဖည့္ရ ေၾကာင္း၊ လမ္းေဘးဆီဆိုင္မ်ားတြင္ တစ္ဗူး ၁၆၀၀ က်ပ္ အထိ ျဖစ္လာေနေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ ဆိုင္ကယ္ ကယ္ရီေမာင္းေနသူ တစ္ဦး က ေျပာသည္။
“ကယ္ရီသမားေတြလည္း အရင္လိုမပတ္ေတာ့ဘူး။ အထိုင္ပဲ ေစာင့္ၾကေတာ့တာ။ ခရီးသည္ကလည္း ၁၅၀၀ တန္တဲ့ခရီး ၁၅၀၀ ပဲေပးတာ ၁၀၀၊ ၂၀၀ ပိုေတာင္းရင္မသြားေတာ့ဘူး” ဟု ေျပာသည္။
ဆိုင္ကယ္ ကယ္ရီေမာင္းသူမ်ားသည္လည္း ယခုခါ ေဆာက္လုပ္ေရးႏွင့္ အျခား က်ဘန္းေျပာင္းလုပ္ေနၾက ရ သည္ဟု ဆိုင္ကယ္ ကယ္ရီေမာင္းသည့္ အေတြ႕အႀကဳံ ၁၀ ႏွစ္ခန႔္ရွိသည့္ ဦးစိန္ဝင္း က ေျပာသည္။
”ကယ္ရီဆြဲတာကမေသခ်ာေတာ့ဘူး။ အုံနာဘီးေတြဆိုပိုဆိုး“ ဟု ၎က ေျပာသည္။
စက္တင္ဘာ ၂၉ ရက္ေငြလဲေဈးကြက္တြင္ တစ္ေဒၚလာလွ်င္ က်ပ္ ၂၆၀၀ ခန႔္ႏွင့္ ေဈးစဖြင့္ၿပီး စက္သုံးဆီေဈး ကလည္း အဝယ္သာရွိၿပီးအေရာင္းမရွိသေလာက္ျဖစ္ေနသည္ဟု ရန္ကုန္ေဈးကြက္မွ စုံစမ္း သိရရွိရသည္။
စားသုံးဆီ၊ စက္သုံးသုံးစြဲမႈကို ၿခိဳးၿခံေခြၽတာသုံးစြဲရန္ႏွင့္ လွ်ပ္စစ္ဓာတ္အား သုံးယာဥ္မ်ား အသုံးျပဳႏိုင္ေရး ရည္ မွန္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း စက္တင္ဘာ ၂၇ ရက္ေန႔တြင္ ေနျပည္ေတာ္၌ျပဳလုပ္သည့္ ျပည္ေထာင္စု အစိုးရအဖြဲ႕ အစည္းအေဝးတြင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ယခုႏွစ္ ဩဂုတ္လအထိ ကုန္တင္ယာဥ္ႏွင့္ လူစီးေမာ္ေတာ္ယာဥ္စုစုေပါင္း ၁၁၄၀၀၀၀ ေက်ာ္၊ ေမာ္ေတာ္ဆိုင္ကယ္ စုစုေပါင္း ၆၄၅၀၀၀၀ ေက်ာ္ရွိေၾကာင္း၊ အဆိုပါယာဥ္မ်ားအတြက္ စက္သုံးဆီမ်ားအား ျပည္ပႏိုင္ငံမ်ားမွ တန္ခ်ိန္ေပါင္းမ်ားစြာ တင္သြင္းေနရေၾကာင္း စစ္ေကာင္စီ ေခါင္းေဆာင္က ေျပာသည္။