ပျောက်ဆုံးနေသူ အမျိုးသမီး သတင်းထောက်ကို ဖမ်းဆီးထားကြောင်း ရဲက အကြောင်းကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မိသားစုနှင့် တစ်လခန့် အဆက်အသွယ်ပြတ်နေသည့် သတင်းထောက် မသူဇာသည် အောင်သပြေ စစ်ကြော ရေး စခန်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရဲစခန်းသို့ ရောက်ရှိနေသည်ဟု ရဲစခန်းမှ ဆက်သွယ်လာကြောင်း ခင်ပွန်းဖြစ်သူ ကိုရဲကိုက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့၊ ည ၈ နာရီမထိုးခင်က ရဲစခန်းက ဖုန်းဆက်အကြောင်းလာပြီး မိသားစုအနေဖြင့် တွေ့ခွင့်မရသေးဘဲ မသူဇာလိုအပ်သည့် ပစ္စည်းများကို ရဲတပ်ဖွဲ့မှပင် လာယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရဲစခန်းမှ မိသားစုထံ ဖုန်းဆက်အကြောင်းကြား၍ မသူဇာလိုအပ်သည့်ပစ္စည်းများကို လှမ်းမှာနေစဉ် မသူဇာ၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။

“ရဲနဲ့ဖုန်းပြောနေတဲ့အချိန် သူနောက်ကနေလိုတာတွေ လှမ်းမှာနေတာ ကြားတယ်။ သူ့အသံကတော့ အရင်လို ပါ ပဲ။ ကျန်းကျန်းမာမာပဲ ရှိမယ်ထင်ပါတယ်။ တွေ့ခွင့်ပေးမယ်ဆို ကျနော် အခုချက်ချင်းတောင် သွားတွေ့ချင်တာပေါ့ ဗျာ” ဟု ခင်ပွန်းဖြစ်သူ ကိုရဲကို က ပြောသည်။

သတင်းထောက်မသူဇာ၏ နေအိမ်သို့ စစ်ကောင်စီအဖွဲ့များက မေလအတွင်းက လာရောက်ရှာဖွေခဲ့ရာ တိမ်း ရှောင်နေသဖြင့် လွတ်မြောက်သွားခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ယခု သတင်းထောက် မသူဇာကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားကြောင်း မသူဇာ၏ခင်ပွန်း က ဆိုသည်။

မသူဇာသည် ၂၀၀၇ ခုနှစ်ခန့်က သတင်းလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ် တို့တွင် လုပ်ကိုင်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် Friday Time Journal၊ MPA သတင်းဌာနနှင့် ကိုရီးယား သတင်းဌာနတို့တွင် အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် တိမ်းရှောင်နေခဲ့ရသည်။

*** ZAWGYI ***
ေပ်ာက္ဆုံးေနသူ အမ်ိဳးသမီး သတင္းေထာက္ကို ဖမ္းဆီးထားေၾကာင္း ရဲက အေၾကာင္းၾကား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။

မိသားစုႏွင့္ တစ္လခန႔္ အဆက္အသြယ္ျပတ္ေနသည့္ သတင္းေထာက္ မသူဇာသည္ ေအာင္သေျပ စစ္ေၾကာ ေရး စခန္းမွ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ရဲစခန္းသို႔ ေရာက္ရွိေနသည္ဟု ရဲစခန္းမွ ဆက္သြယ္လာေၾကာင္း ခင္ပြန္းျဖစ္သူ ကိုရဲကိုက ေျပာသည္။

စက္တင္ဘာလ ၂၉ ရက္ေန႔၊ ည ၈ နာရီမထိုးခင္က ရဲစခန္းက ဖုန္းဆက္အေၾကာင္းလာၿပီး မိသားစုအေနျဖင့္ ေတြ႕ခြင့္မရေသးဘဲ မသူဇာလိုအပ္သည့္ ပစၥည္းမ်ားကို ရဲတပ္ဖြဲ႕မွပင္ လာယူမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ရဲစခန္းမွ မိသားစုထံ ဖုန္းဆက္အေၾကာင္းၾကား၍ မသူဇာလိုအပ္သည့္ပစၥည္းမ်ားကို လွမ္းမွာေနစဥ္ မသူဇာ၏ အသံကို ဖုန္းထဲမွ ၾကားလိုက္ရေၾကာင္း ခင္ပြန္းျဖစ္သူက ေျပာသည္။

“ရဲနဲ႔ဖုန္းေျပာေနတဲ့အခ်ိန္ သူေနာက္ကေနလိုတာေတြ လွမ္းမွာေနတာ ၾကားတယ္။ သူ႔အသံကေတာ့ အရင္လို ပါ ပဲ။ က်န္းက်န္းမာမာပဲ ရွိမယ္ထင္ပါတယ္။ ေတြ႕ခြင့္ေပးမယ္ဆို က်ေနာ္ အခုခ်က္ခ်င္းေတာင္ သြားေတြ႕ခ်င္တာ ေပါ့ ဗ်ာ” ဟု ခင္ပြန္းျဖစ္သူ ကိုရဲကို က ေျပာသည္။

သတင္းေထာက္မသူဇာ၏ ေနအိမ္သို႔ စစ္ေကာင္စီအဖြဲ႕မ်ားက ေမလအတြင္းက လာေရာက္ရွာေဖြခဲ့ရာ တိမ္း ေရွာင္ေနသျဖင့္ လြတ္ေျမာက္သြားခဲ့ၿပီးေနာက္ စက္တင္ဘာလ ၁ ရက္ေန႔မွစတင္၍ အဆက္အသြယ္မရေတာ့ပဲ ေပ်ာက္ဆုံးေနျခင္းျဖစ္သည္။

ယခု သတင္းေထာက္ မသူဇာကို စစ္ေကာင္စီက ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုထားေၾကာင္း မသူဇာ၏ခင္ပြန္း က ဆိုသည္။

မသူဇာသည္ ၂၀၀၇ ခုႏွစ္ခန႔္က သတင္းေလာကသို႔ စတင္ဝင္ေရာက္ခဲ့ၿပီး ေမာ္ဒန္၊ ဧရာဝတီ သတင္းဌာန၊ RFA သတင္းဌာန၊ 7 Day သတင္းဌာန၊ Friday Time ဂ်ာနယ္ တို႔တြင္ လုပ္ကိုင္ခဲ့သည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ Friday Time Journal၊ MPA သတင္းဌာနႏွင့္ ကိုရီးယား သတင္းဌာနတို႔တြင္ အလြတ္သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ တိမ္းေရွာင္ေနခဲ့ရသည္။