ဧရာဝတီတိုင်း ထွေအုပ် ဒု-ဦးစီးမှူး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ဧရာဝတီတိုင်း တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင်ကို စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးသွားသည်ဟု ၎င်းနှင့် နီးစပ်သူအချို့က ပြောသည်။
အသက် ၃၀ ကျော် အရွယ်ရှိ ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင် က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မကောင်းကြောင်း ရေးသားထားသည့် post တစ်ခုကို ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းအချို့ က ပြောသည်။
“သူကပြောင်းလာတာ သိပ်မကြာသေးဘူး။ ရုံးမှာ အလုပ်လုပ်နေတုန်း စစ်သား ၁၀ ယောက်လောက် ရောက် လာပြီး ဝင်ဖမ်းသွားတာပါ။ ရုံးစာကို ဖေ့စ်ဘုတ် တင်လို့ ဖမ်းတာလို့ ပြောတယ်” ဟု ရုံးဝန်ထမ်း တစ်ဦးက ပြော သည်။
တိုင်း ဒု-ဦးစီးမှူး ဦးမိုးကိုကိုလွင်ကို စက်တင်ဘာလ ၂၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း၏ ရုံးခန်းတွင် အလုပ် လုပ်နေချိန် ဖမ်းသွားခြင်း ဖြစ်သည်ဟု ပြောသည်။
ဌာနအကြီးအကဲ ခွင့်ပြုချက်ဖြင့် ဒု-ဦးစီး အပါအဝင် ရုံးဝန်ထမ်း လူငယ် ၃ ဦးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီး ခြင်း ဖြစ်သော်လည်း လူငယ် ရုံးဝန်ထမ်း ၂ ဦးက ရုံးမတက်ဘဲ ရှောင်တိမ်းနေကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ ဌာနဆိုင်ရာ ရုံးများတွင် CDM လုပ်ခဲ့သည့် ဝန်ထမ်းများ၏ လူမှုကွန်ယက်စာမျက်နှာ (Facebook) တို့ကို သီးသန့်စောင့်ကြည့်ရန်အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးထားပြီး ရုံးဝန်ထမ်းအချင်းချင်း ပြန်လည် သတင်း ပေးနိုင်ရန်လည်း ငွေကြေးပေးကာ ခိုင်းစေထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းအချို့ က ပြောသည်။
“စစ်ခေါင်းဆောင်ဟာ သူရဲ့လုပ်ရပ်က မမှန်တော့ နောက်ကျောမလုံဘူး။ အဲ့တော့ တပည့်မွေး ဆရာမွေး လုပ် မယ်။ သတင်းပေးမွေးမယ်။ ဒါပေမယ့် သူ့ အာဏာမြဲဖို့အတွက် ဘယ်သူ့ကိုမှ မယုံတော့ဘူးဖြစ်နေတယ်” ဟု ပုသိမ်မြို့က အငြိမ်းစား ဝန်ထမ်းဟောင်း တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ တတိယ အပတ်ကလည်း ကန်ကြီးထောင့်မြို့နယ်မှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ ကိုလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့ တိုင် ပြန်လွှတ်ပေးခြင်း မရှိသေးဘူးဟု ဒေသခံများက ဆိုသည်။
*** ZAWGYI ***
ဧရာဝတီတိုင္း ေထြအုပ္ ဒု-ဦးစီးမႉး ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။
ဧရာဝတီတိုင္း တိုင္းေဒသႀကီး အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန မွ ဒု-ဦးစီးမႉး ဦးမိုးကိုကိုလြင္ကို စစ္ေကာင္စီတပ္ဖြဲ႕ က ဖမ္းဆီးသြားသည္ဟု ၎ႏွင့္ နီးစပ္သူအခ်ိဳ႕က ေျပာသည္။
အသက္ ၃၀ ေက်ာ္ အ႐ြယ္ရွိ ဒု-ဦးစီးမႉး ဦးမိုးကိုကိုလြင္ က စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ မေကာင္း ေၾကာင္း ေရးသားထားသည့္ post တစ္ခုကို ၎၏လူမႈကြန္ရက္ စာမ်က္ႏွာတြင္ မွ်ေဝသျဖင့္ ဖမ္းဆီးခံရျခင္း ျဖစ္သည္ဟု ပုသိမ္ၿမိဳ႕ရွိ တိုင္းေဒသႀကီး အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးမွ ဝန္ထမ္းအခ်ိဳ႕ က ေျပာသည္။
“သူကေျပာင္းလာတာ သိပ္မၾကာေသးဘူး။ ႐ုံးမွာ အလုပ္လုပ္ေနတုန္း စစ္သား ၁၀ ေယာက္ေလာက္ ေရာက္ လာၿပီး ဝင္ဖမ္းသြားတာပါ။ ႐ုံးစာကို ေဖ့စ္ဘုတ္ တင္လို႔ ဖမ္းတာလို႔ ေျပာတယ္” ဟု ႐ုံးဝန္ထမ္း တစ္ဦးက ေျပာ သည္။
တိုင္း ဒု-ဦးစီးမႉး ဦးမိုးကိုကိုလြင္ကို စက္တင္ဘာလ ၂၈ ရက္ေန႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ၎၏ ႐ုံးခန္းတြင္ အလုပ္ လုပ္ေနခ်ိန္ ဖမ္းသြားျခင္း ျဖစ္သည္ဟု ေျပာသည္။
ဌာနအႀကီးအကဲ ခြင့္ျပဳခ်က္ျဖင့္ ဒု-ဦးစီး အပါအဝင္ ႐ုံးဝန္ထမ္း လူငယ္ ၃ ဦးကို စစ္တပ္က ဝင္ေရာက္ ဖမ္းဆီး ျခင္း ျဖစ္ေသာ္လည္း လူငယ္ ႐ုံးဝန္ထမ္း ၂ ဦးက ႐ုံးမတက္ဘဲ ေရွာင္တိမ္းေနေၾကာင္း သိရသည္။
ဧရာဝတီတိုင္းရွိ ဌာနဆိုင္ရာ ႐ုံးမ်ားတြင္ CDM လုပ္ခဲ့သည့္ ဝန္ထမ္းမ်ား၏ လူမႈကြန္ယက္စာမ်က္ႏွာ (Facebook) တို႔ကို သီးသန႔္ေစာင့္ၾကည့္ရန္အတြက္ အဖြဲ႕တစ္ဖြဲ႕ ဖြဲ႕စည္းေပးထားၿပီး ႐ုံးဝန္ထမ္းအခ်င္းခ်င္း ျပန္လည္ သတင္း ေပးႏိုင္ရန္လည္း ေငြေၾကးေပးကာ ခိုင္းေစထားေၾကာင္း ဌာနဆိုင္ရာ ဝန္ထမ္းအခ်ိဳ႕ က ေျပာသည္။
“စစ္ေခါင္းေဆာင္ဟာ သူရဲ႕လုပ္ရပ္က မမွန္ေတာ့ ေနာက္ေက်ာမလုံဘူး။ အဲ့ေတာ့ တပည့္ေမြး ဆရာေမြး လုပ္ မယ္။ သတင္းေပးေမြးမယ္။ ဒါေပမယ့္ သူ႔ အာဏာၿမဲဖို႔အတြက္ ဘယ္သူ႔ကိုမွ မယုံေတာ့ဘူးျဖစ္ေနတယ္” ဟု ပုသိမ္ၿမိဳ႕က အၿငိမ္းစား ဝန္ထမ္းေဟာင္း တစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ တတိယ အပတ္ကလည္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္မွ ဒုတိယ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးျပည့္စုံ ကိုလည္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူမ်ားႏွင့္ ဆက္သြယ္သည္ဟု စြပ္စြဲကာ စစ္တပ္က ဖမ္းဆီးခဲ့ၿပီး ယေန႔ တိုင္ ျပန္လႊတ္ေပးျခင္း မရွိေသးဘူးဟု ေဒသခံမ်ားက ဆိုသည္။