စစ်ကောင်စီ တပ်ဖွဲ့များက စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မွန်ပြည်နယ် ရေးမြို့၊ ရေး-ချောင်းတောင် တံတားဂိတ်တွင် စိတ်ဝေဒနာရှင် လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ က ပစ်သတ်ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များ က ပြောသည်။

ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန် ခန့်က နေအိမ်မှ ထွက်သွားခဲ့ပြီး ည ၇ နာရီကျော် အချိန်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည် ဟု မိသားစုဝင်များ က ပြောသည်။

“သူ (မောင်ရဲနိုင်ဦး) အိမ်က ထွက်သွားတော့ သူ့ သူငယ်ချင်းတွေနဲ့ အတူရှိနေတယ်လို့ပဲ ထင်နေတာ။ ည ၇ နာရီ ကျော်ကျော်လောက်မှာတော့ ခေါဇာစခန်းကနေ ဖုန်းဆက်လာတယ်။ ချောင်းတောင် တံတားဂိတ်မှာ မောင်ရဲနိုင် ဦး ပစ်သတ်ခဲ့ရတယ်” ဟု သေဆုံးသူ မောင်ရဲနိုင်ဦး ၏ မိသားစုဝင်တစ်ဦး က ပြောသည်။

မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေး ဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။

မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီတပ်ဖွဲ့ ဝင် များက အလောင်းကို ပြန်မပေးပဲ ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်များ က ပြောသည်။

“အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်။ ကိုင်လည်း မပေးကိုင်ဘူး။ မျက်နှာကို ကြည့်ရုံနဲ့ ဘယ် လောက် နှိပ်စက်ခံထားရသလဲဆိုတာ သိနိုင်ပါတယ်” ဟု အဆိုပါ မိသားစုဝင် က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မောင်ရဲနိုင်ဦးသည် စစ်ဆေးမေးမြန်းသည်ကို လက်မခံပဲ ထွက်ပြေးသည်ဟု ဆိုကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ရေး-ချောင်းတောင် တံတားဂိတ်တွင် ဗုံးလာပစ်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က လူတစ်ဦးကို ပစ်သတ်ခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို စစ် ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ပစ်သတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့်အပြင် ယခုကဲ့သို့ လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ဆေးသည်ကို လက်မခံပဲ ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ သည်များလည်း ရှိသည်။

ထို့အပြင် ညပိုင်းတွင် သွားလာနေကြသည့် ပြည်သူများကိုလည်း စစ်ဆေးမေးမြန်းခြင်း တစ်စုံတစ်ရာ မပြုပဲ ပစ်သတ်သည့် ဖြစ်စဉ်များလည်း ရှိသည်။

*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက စိတ္ေဝဒနာရွင္ လူငယ္တစ္ဦးကို ပစ္သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္။

မြန္ျပည္နယ္ ေရးၿမိဳ႕၊ ေရး-ေခ်ာင္းေတာင္ တံတားဂိတ္တြင္ စိတ္ေဝဒနာရွင္ လူငယ္တစ္ဦးကို စစ္ေကာင္စီ တပ္ဖြဲ႕ ဝင္မ်ား က ပစ္သတ္ခဲ့ေၾကာင္း ေသဆုံးသူ၏ မိသားစုဝင္မ်ား က ေျပာသည္။

ေရးၿမိဳ႕နယ္ ေခါဇာၿမိဳ႕မွ အသက္ ၂၇ ႏွစ္အ႐ြယ္ ေမာင္ရဲႏိုင္ဦးသည္ စက္တင္ဘာလ ၂၈ ရက္ေန႔ နံနက္ပိုင္း အခ်ိန္ ခန႔္က ေနအိမ္မွ ထြက္သြားခဲ့ၿပီး ည ၇ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ ေမာင္ရဲႏိုင္ဦး ပစ္သတ္ခံရေၾကာင္းကို ရဲစခန္းက အေၾကာင္းၾကားလာခဲ့သည္ ဟု မိသားစုဝင္မ်ား က ေျပာသည္။

“သူ (ေမာင္ရဲႏိုင္ဦး) အိမ္က ထြက္သြားေတာ့ သူ႔ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနတယ္လို႔ပဲ ထင္ေနတာ။ ည ၇ နာရီ ေက်ာ္ေက်ာ္ေလာက္မွာေတာ့ ေခါဇာစခန္းကေန ဖုန္းဆက္လာတယ္။ ေခ်ာင္းေတာင္ တံတားဂိတ္မွာ ေမာင္ရဲႏိုင္ ဦး ပစ္သတ္ခဲ့ရတယ္” ဟု ေသဆုံးသူ ေမာင္ရဲႏိုင္ဦး ၏ မိသားစုဝင္တစ္ဦး က ေျပာသည္။

ေမာင္ရဲႏိုင္ဦးသည္ ထိုင္းႏိုင္ငံမွ ျပန္ေရာက္လာသည္မွာ ရက္ပိုင္းသာရွိေသးေၾကာင္း စိတ္က်န္းမာေရး ေဝဒနာ ခံစားေနရသူ တစ္ဦးျဖစ္ေၾကာင္း မိသားစုဝင္မ်ား က ေျပာသည္။

ေမာင္ရဲႏိုင္ဦး ႐ုပ္အေလာင္းကို ျပန္ေပးရန္ မိသားစုဝင္မ်ားက ေတာင္းဆိုခဲ့ၾကေသာ္လည္း စစ္ေကာင္စီတပ္ဖြဲ႕ ဝင္ မ်ားက အေလာင္းကို ျပန္မေပးပဲ ၎တို႔အစီအစဥ္ျဖင့္ သၿဂႋဳဟ္ခဲ့သည္ဟု မိသားစုဝင္မ်ား က ေျပာသည္။

“အေလာင္းကို မ်က္ႏွာေလာက္ပဲ ၾကည့္ခြင့္ေပးတယ္။ ကိုင္လည္း မေပးကိုင္ဘူး။ မ်က္ႏွာကို ၾကည့္႐ုံနဲ႔ ဘယ္ ေလာက္ ႏွိပ္စက္ခံထားရသလဲဆိုတာ သိႏိုင္ပါတယ္” ဟု အဆိုပါ မိသားစုဝင္ က ေျပာသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က ေမာင္ရဲႏိုင္ဦးသည္ စစ္ေဆးေမးျမန္းသည္ကို လက္မခံပဲ ထြက္ေျပးသည္ဟု ဆိုကာ ပစ္သတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၂၀ ရက္ေန႔ကလည္း ေရး-ေခ်ာင္းေတာင္ တံတားဂိတ္တြင္ ဗုံးလာပစ္သည္ဟုဆိုကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား က လူတစ္ဦးကို ပစ္သတ္ခဲ့ေသးသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္း၌ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနသူမ်ားကို စစ္ ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မၾကာခဏ ပစ္သတ္မႈျဖစ္စဥ္မ်ား ျဖစ္ပြားေနသည့္အျပင္ ယခုကဲ့သို႔ လုံၿခဳံေရး အေၾကာင္းျပခ်က္ျဖင့္ စစ္ေဆးသည္ကို လက္မခံပဲ ထြက္ေျပးသည္ဟုဆိုကာ ပစ္သတ္ခဲ့ သည္မ်ားလည္း ရွိသည္။

ထို႔အျပင္ ညပိုင္းတြင္ သြားလာေနၾကသည့္ ျပည္သူမ်ားကိုလည္း စစ္ေဆးေမးျမန္းျခင္း တစ္စုံတစ္ရာ မျပဳပဲ ပစ္သတ္သည့္ ျဖစ္စဥ္မ်ားလည္း ရွိသည္။