ထီးချိုင့်တွင် ဆိုင်ကယ်စီး အရပ်သား နှစ်ဦးကို စစ်ကောင်စီတပ်များက ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
စစ်ကောင်စီတပ်များနှင့် ထီးချိုင့် PDF များ အပြန်အလှန်ပစ်ခတ်မှုအပြီး ထီးချိုင့်-မြစ်ကြီးနားသွား လမ်းမကြီးပေါ်ရှိ တည်တောရွာ အနီးတွင် ဆိုင် ကယ်စီး ခရီးသွားနှစ်ဦးကို စစ်ကောင်စီတပ်များ ပစ်သတ်သွား သည် ဟု ထီးချိုင့် PDF တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၉ရက် ညနေ ၅ နာရီ အချိန်ခန့် က ထီးချိုင့်-မြစ်ကြီးနားသွား လမ်းမကြီးဘေး တည်တောရွာ အလွန် မုဒ်တစ်ထောင်ဘုရားကုန်းအနီးတွင် ကားသုံးစီးပါ စစ်ကောင်စီယဉ်တန်းကို ထီးချိုင့် PDF အဖွဲ့က မိုင်း ဆွဲတိုက်ခိုက်ရာ မိုင်းမကွဲပဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပွားခဲ့ပြီးနောက် ဆိုင်ကယ်စီးလာသူနှစ်ဦး ကို စစ်ကောင် စီဘက်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ထီးချိုင့် PDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။
“သူတို့ပြန်ဆုတ်တော့ တည်တောရွာအနီးမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်ကိုပစ်သတ်ပြီး ဆိုင်ကယ်နဲ့ တစ် ယောက်ကိုတော့ ကားပေါ်တင်သွားတယ် လမ်းဘေးမှာ တစ်လောင်းချန်ထားခဲ့တယ်“ ဟု ပြောသည်။
မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ အရပ်သား ပြည်သူများကို ပစ်သတ်သည်နှင့် မည်သို့ ပစ်သတ်လိုက်သည်ကို မသိဟု အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။
နှစ်ဘက်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပေါက်ကုန်း ကျေးရွာ က အမျိုးသားတစ်ဦးလည်း ခြေထောက်ကို လက်နက်ကြီးစထိမှန်သွားသည်ဟု တည်တောရွာက ရွာသားတစ်ဦး က ပြောသည်။
ကြက်သေချောင်းရွာမှ အိမ်တစ်လုံးပေါ်သို့လည်း လက်နက်ကြီးကျ၍ အမျိုးသမီးနှစ်ဦးထိမှန်ပြီး တစ်ဦး ဝမ်းဗိုက် နှင့် တစ်ဦးမှာ ဦးခေါင်းတို့တွင် လက်နက်ကျည်ကြီးစ ထိမှန် ဒဏ်ရာရခဲ့သည်ဟု တည်တောရွာသားက ဆက် ပြောသည်။
“လက်နက်ကြီးသံတွေက တဝုန်းဝုန်းနဲ့ ဆက်တိုက်ပဲ သေနတ်သံကလည်း ဆက်တိုက်ပဲ။ တော်တော်ကြာတယ်။ ပစ်လိုက်ရပ်သွားလိုက် ထပ်ပြန်ပစ်လိုက်နဲ့” ဟု ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်များသည် ထီးချိုင့်ဘောလုံးကွင်းတွင် တစ်ညအိပ်ပြီး စက်တင်ဘာ ၃၀ ရက် (ယမန် နေ့) နံနက် ၁၀ နာရီ အချိန်ခန့်က ကသာဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်သွားကြောင်း သိရသည်။
*** ZAWGYI ***
ထီးခ်ိဳင့္တြင္ ဆိုင္ကယ္စီး အရပ္သား ႏွစ္ဦးကို စစ္ေကာင္စီတပ္မ်ားက ပစ္သတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
စစ္ေကာင္စီတပ္မ်ားႏွင့္ ထီးခ်ိဳင့္ PDF မ်ား အျပန္အလွန္ပစ္ခတ္မႈအၿပီး ထီးခ်ိဳင့္-ျမစ္ႀကီးနားသြား လမ္းမႀကီးေပၚရွိ တည္ေတာ႐ြာ အနီးတြင္ ဆိုင္ ကယ္စီး ခရီးသြားႏွစ္ဦးကို စစ္ေကာင္စီတပ္မ်ား ပစ္သတ္သြား သည္ ဟု ထီးခ်ိဳင့္ PDF တာဝန္ရွိသူႏွင့္ ေဒသခံမ်ားက ေျပာသည္။
စက္တင္ဘာလ ၂၉ရက္ ညေန ၅ နာရီ အခ်ိန္ခန႔္ က ထီးခ်ိဳင့္-ျမစ္ႀကီးနားသြား လမ္းမႀကီးေဘး တည္ေတာ႐ြာ အလြန္ မုဒ္တစ္ေထာင္ဘုရားကုန္းအနီးတြင္ ကားသုံးစီးပါ စစ္ေကာင္စီယဥ္တန္းကို ထီးခ်ိဳင့္ PDF အဖြဲ႕က မိုင္း ဆြဲတိုက္ခိုက္ရာ မိုင္းမကြဲပဲ အျပန္အလွန္ပစ္ခတ္မႈျဖစ္ခဲ့ပြားခဲ့ၿပီးေနာက္ ဆိုင္ကယ္စီးလာသူႏွစ္ဦး ကို စစ္ေကာင္ စီဘက္က ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟု ထီးခ်ိဳင့္ PDF တာဝန္ရွိသူ တစ္ဦး က ေျပာသည္။
“သူတို႔ျပန္ဆုတ္ေတာ့ တည္ေတာ႐ြာအနီးမွာ ဆိုင္ကယ္စီးလာတဲ့ လူႏွစ္ေယာက္ကိုပစ္သတ္ၿပီး ဆိုင္ကယ္နဲ႔ တစ္ ေယာက္ကိုေတာ့ ကားေပၚတင္သြားတယ္ လမ္းေဘးမွာ တစ္ေလာင္းခ်န္ထားခဲ့တယ္“ ဟု ေျပာသည္။
မည္သည့္အေၾကာင္းေၾကာင့္ ထိုကဲ့သို႔ အရပ္သား ျပည္သူမ်ားကို ပစ္သတ္သည္ႏွင့္ မည္သို႔ ပစ္သတ္လိုက္သည္ကို မသိဟု အဆိုပါ PDF တာဝန္ရွိသူက ေျပာသည္။
ႏွစ္ဘက္ပစ္ခတ္မႈအၿပီး စစ္ေကာင္စီတပ္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေပါက္ကုန္း ေက်း႐ြာ က အမ်ိဳးသားတစ္ဦးလည္း ေျခေထာက္ကို လက္နက္ႀကီးစထိမွန္သြားသည္ဟု တည္ေတာ႐ြာက ႐ြာသားတစ္ဦး က ေျပာသည္။
ၾကက္ေသေခ်ာင္း႐ြာမွ အိမ္တစ္လုံးေပၚသို႔လည္း လက္နက္ႀကီးက်၍ အမ်ိဳးသမီးႏွစ္ဦးထိမွန္ၿပီး တစ္ဦး ဝမ္းဗိုက္ ႏွင့္ တစ္ဦးမွာ ဦးေခါင္းတို႔တြင္ လက္နက္က်ည္ႀကီးစ ထိမွန္ ဒဏ္ရာရခဲ့သည္ဟု တည္ေတာ႐ြာသားက ဆက္ ေျပာသည္။
“လက္နက္ႀကီးသံေတြက တဝုန္းဝုန္းနဲ႔ ဆက္တိုက္ပဲ ေသနတ္သံကလည္း ဆက္တိုက္ပဲ။ ေတာ္ေတာ္ၾကာတယ္။ ပစ္လိုက္ရပ္သြားလိုက္ ထပ္ျပန္ပစ္လိုက္နဲ႔” ဟု ေျပာသည္။
ထို႔ေနာက္ စစ္ေကာင္စီတပ္မ်ားသည္ ထီးခ်ိဳင့္ေဘာလုံးကြင္းတြင္ တစ္ညအိပ္ၿပီး စက္တင္ဘာ ၃၀ ရက္ (ယမန္ ေန႔) နံနက္ ၁၀ နာရီ အခ်ိန္ခန႔္က ကသာဘက္သို႔ ဧရာဝတီျမစ္ေၾကာင္းအတိုင္း တက္သြားေၾကာင္း သိရသည္။