သတင်းပေးဆိုသူ အသံတိတ် သေနတ်ဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
မန္တလေးတိုင်း မတ္တရာ မြို့နယ်အတွင်း သတင်းပေးဟု လူပြောများနေသူ အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး အသံတိတ်သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်.
မတ္တရာမြို့၊ တံငါတောင်ကျေးရွာက စစ်ကောင်စီ၏ သတင်းပေးဟု လူပြောများနေသည့် 3.5 တံဆိပ် အုတ်လုပ်ငန်းရှင် အသက် ၇၀ နှစ် အရွယ် ဦးစံလှသည် အသံတိတ် သေနတ်ဖြင့် အနီးကပ် ပစ်သတ် ခံလိုက်ရမှုကြောင့် ဦးခေါင်းတွင် တစ်ချက်၊ ဘယ်လက်ပြင်တွင် တစ်ချက် ထိ မှန်ပြီး နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဦးစံလှသည် အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က တံငါတောင် ရွှေပါဝါလက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသားနှစ်ဦးက အသံတိတ်သေနတ်ဖြင့် နှစ်ချက် ပစ် သွားခြင်း ဖြစ်သည်ဟု အခင်းဖြစ်စဉ်ကို မြင်လိုက်သူ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးတစ်ဦး က ပြောသည်။
“အလောင်းကတော့ ရဲတွေသယ်သွားကြပြီ။ လက်ဖက်ရည်ဆိုင်ရှေ့နဲ့ ဆီဆိုင်ရှေ့မှာတော့ ရဲတွေအများကြီးပဲ” ဟု ပြောသည်။
ဦးစံလှသည် 3.5 အုတ်စက်နှင့် 3.5 စက်သုံး ဆီပန့်ဆိုင် ပိုင်ဆိုင်ပြီး ဆီဆိုင်ပိတ်ထားသည်မှာ တစ်လကျော် ရှိပြီ ဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၁ရက်နေ့)တွင် ဆီဆိုင်ပြန်ဖွင့်သည့်နေ့တွင် အသတ်ခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က တံငါတောင်ကျေးရွာကို စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းနှင့် ဝင်ရောက်၍ NLD ရပ်ကျေး ဥက္ကဋ္ဌကို ဝင်ရောက်ရှာဖွေစဉ် သေနတ် အချက် ၃၀ ခန့် ပစ်ဖောက်ခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။
မတ္တရာမြို့နယ်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင်ရှိပြီး လူဦးရေ ၂ သိန်းခွဲကျော် နေ ထိုင်သည်။
*** ZAWGYI ***
သတင္းေပးဆိုသူ အသံတိတ္ ေသနတ္ျဖင့္ ပစ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
မႏၲေလးတိုင္း မတၱရာ ၿမိဳ႕နယ္အတြင္း သတင္းေပးဟု လူေျပာမ်ားေနသူ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသား တစ္ဦး အသံတိတ္ေသနတ္ျဖင့္ ပစ္သတ္ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္.
မတၱရာၿမိဳ႕၊ တံငါေတာင္ေက်း႐ြာက စစ္ေကာင္စီ၏ သတင္းေပးဟု လူေျပာမ်ားေနသည့္ 3.5 တံဆိပ္ အုတ္လုပ္ငန္းရွင္ အသက္ ၇၀ ႏွစ္ အ႐ြယ္ ဦးစံလွသည္ အသံတိတ္ ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ ခံလိုက္ရမႈေၾကာင့္ ဦးေခါင္းတြင္ တစ္ခ်က္၊ ဘယ္လက္ျပင္တြင္ တစ္ခ်က္ ထိ မွန္ၿပီး ေနရာတြင္ ေသဆုံးခဲ့ျခင္းျဖစ္သည္။
ဦးစံလွသည္ ေအာက္တိုဘာလ ၁ ရက္ေန႔၊ နံနက္ ၉ နာရီ အခ်ိန္ခန႔္က တံငါေတာင္ ေ႐ႊပါဝါလက္ဖက္ ရည္ဆိုင္တြင္ လက္ဖက္ရည္ေသာက္ေနစဥ္ ဆိုင္ကယ္တစ္စီးႏွင့္ အမ်ိဳးသားႏွစ္ဦးက အသံတိတ္ေသနတ္ျဖင့္ ႏွစ္ခ်က္ ပစ္ သြားျခင္း ျဖစ္သည္ဟု အခင္းျဖစ္စဥ္ကို ျမင္လိုက္သူ အသက္ ၃၅ ႏွစ္ အ႐ြယ္အမ်ိဳးသမီးတစ္ဦး က ေျပာသည္။
“အေလာင္းကေတာ့ ရဲေတြသယ္သြားၾကၿပီ။ လက္ဖက္ရည္ဆိုင္ေရွ႕နဲ႔ ဆီဆိုင္ေရွ႕မွာေတာ့ ရဲေတြအမ်ားႀကီးပဲ” ဟု ေျပာသည္။
ဦးစံလွသည္ 3.5 အုတ္စက္ႏွင့္ 3.5 စက္သုံး ဆီပန႔္ဆိုင္ ပိုင္ဆိုင္ၿပီး ဆီဆိုင္ပိတ္ထားသည္မွာ တစ္လေက်ာ္ ရွိၿပီ ျဖစ္ၿပီး ယေန႔ (ေအာက္တိုဘာ ၁ရက္ေန႔)တြင္ ဆီဆိုင္ျပန္ဖြင့္သည့္ေန႔တြင္ အသတ္ခံရျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ၾသဂုတ္ ၂၀ ရက္ေန႔ ည ၈ နာရီ အခ်ိန္ခန႔္က တံငါေတာင္ေက်း႐ြာကို စစ္ေကာင္စီတပ္သားမ်ား အင္အားအလုံးအရင္းႏွင့္ ဝင္ေရာက္၍ NLD ရပ္ေက်း ဥကၠ႒ကို ဝင္ေရာက္ရွာေဖြစဥ္ ေသနတ္ အခ်က္ ၃၀ ခန႔္ ပစ္ေဖာက္ခဲ့ဖူးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မတၱရာၿမိဳ႕နယ္သည္ ျမန္မာႏိုင္ငံ၊ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္တြင္ရွိၿပီး လူဦးေရ ၂ သိန္းခြဲေက်ာ္ ေန ထိုင္သည္။