ပုလောမြို့နယ်အတွင်း လူတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ပုလောမြို့နယ်အတွင်း လှေလိုက်သူ တစ်ဦး အောက်တိုဘာ ၁ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံရသည်။
သေဆုံးသူများ ပုလောမြို့နယ် ပုလောကုန်းကျေးရွာက လှေလိုက်နေသူ ကိုမျိုးမင်းထိုက် အသက် ၃၉ နှစ် ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
ကိုမျိုးမင်းထိုက်ကို သေနတ်ဒဏ်ရာ ၇ ချက်ဖြင့် အင်းမကျေးရွာ နှင့်ကျောက်လိပ်ကျေးရွာအကြားတွင် တွေ့ ရှိခဲ့ ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ကိုမျိုးမင်းထိုက် အလောင်းအနီးတွင် ကိုးလုံးကျည်ဟုခေါ်သည့် ကျည် ၂၅ တောင့် နှင့် တူမီးသေနတ်တစ်လက် တွေ့ရှိရပြီး အဆိုပါပစ္စည်းများသည် ကိုမျိုးမင်းထိုက်၏ ပစ္စည်းများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ပုလောကုန်းကျေးရွာက ရွာသားတစ်ဦး က ပြောသည်။
“ညက ရွာထဲမှာ ပျူစောထီးတွေက သေနတ်တွေနဲ့လျှောက်ပစ်နေတာကြားတယ်။ သေနတ်ကိုင်ပြီး ရမ်းကား တတ်တာဆိုလို့ ရွာမှာ သူတို့ပဲရှိတယ်။ သေသူရဲ့ ဖုန်းကို ပုလောကုန်း ပြည်သူ့စစ်က သိမ်းယူထားတယ် လို့ သိရတယ်” ဟု ၎င်း က ပြောသည်။
အင်းမကျေးရွာ နှင့်ကျောက်လိပ်ကျေးရွာအကြားတွင် ကိုမျိုးမင်းထိုက်၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်ကို အတိအကျ မသိရသေးသော်လည်း ညပိုင်းကတည်းက ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်းနှင့် သေ ဆုံးသူကို ပျူစောထီးအဖွဲ့များက ပစ်ခတ်သွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။
“အစ်ကိုက လှေလိုက်နေတဲ့သူပါ။ အနေလည်း အေးပြီး ရန်ညှိုးရန်စမျိုးလည်းမရှိဘူး။ တူမီးသေနတ်နဲ့ ကျည်ဆံ တွေက ကျနော့် အကိုဟာမဟုတ်ပါဘူး။ တမင်အကွက်ဆင်တာ ဖြစ်လိမ့်မယ်“ ဟု သေဆုံးသူ၏ ညီဝမ်းကွဲက ပြောသည်။
ထိုသို့ သေဆုံးမှုနှင့် ပတ်သက်၍ PDF များက လုပ်ကြံသည်ဟူသည့် သတင်းမှားလွှင့်ခြင်းမျိုးလည်း ရှိနေကြောင်း ဒေသခံ တစ်ဦး က ပြောသည်။
ကိုမျိုးမင်းထိုက် ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိမေးမြန်းနိုင်ရန်အတွက် ပုလောမြို့မ ရဲစခန်းသို့ စုံစမ်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
*** ZAWGYI ***
ပုေလာၿမိဳ႕နယ္အတြင္း လူတစ္ဦး ပစ္သတ္ခံရ
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
ပုေလာၿမိဳ႕နယ္အတြင္း ေလွလိုက္သူ တစ္ဦး ေအာက္တိုဘာ ၁ ရက္ေန႔က ေသနတ္ျဖင့္ ပစ္သတ္ခံရသည္။
ေသဆုံးသူမ်ား ပုေလာၿမိဳ႕နယ္ ပုေလာကုန္းေက်း႐ြာက ေလွလိုက္ေနသူ ကိုမ်ိဳးမင္းထိုက္ အသက္ ၃၉ ႏွစ္ ျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ကိုမ်ိဳးမင္းထိုက္ကို ေသနတ္ဒဏ္ရာ ၇ ခ်က္ျဖင့္ အင္းမေက်း႐ြာ ႏွင့္ေက်ာက္လိပ္ေက်း႐ြာအၾကားတြင္ ေတြ႕ ရွိခဲ့ ျခင္းျဖစ္သည္ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။
ကိုမ်ိဳးမင္းထိုက္ အေလာင္းအနီးတြင္ ကိုးလုံးက်ည္ဟုေခၚသည့္ က်ည္ ၂၅ ေတာင့္ ႏွင့္ တူမီးေသနတ္တစ္လက္ ေတြ႕ရွိရၿပီး အဆိုပါပစၥည္းမ်ားသည္ ကိုမ်ိဳးမင္းထိုက္၏ ပစၥည္းမ်ားျဖစ္သည္ဟု ရဲတပ္ဖြဲ႕က ေျပာဆိုေၾကာင္း အသက္ ၄၀ ႏွစ္အ႐ြယ္ခန႔္ရွိသူ ပုေလာကုန္းေက်း႐ြာက ႐ြာသားတစ္ဦး က ေျပာသည္။
“ညက ႐ြာထဲမွာ ပ်ဴေစာထီးေတြက ေသနတ္ေတြနဲ႔ေလွ်ာက္ပစ္ေနတာၾကားတယ္။ ေသနတ္ကိုင္ၿပီး ရမ္းကား တတ္တာဆိုလို႔ ႐ြာမွာ သူတို႔ပဲရွိတယ္။ ေသသူရဲ႕ ဖုန္းကို ပုေလာကုန္း ျပည္သူ႔စစ္က သိမ္းယူထားတယ္ လို႔ သိရ တယ္” ဟု ၎ က ေျပာသည္။
အင္းမေက်း႐ြာ ႏွင့္ေက်ာက္လိပ္ေက်း႐ြာအၾကားတြင္ ကိုမ်ိဳးမင္းထိုက္၏ အေလာင္းကို ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ေသဆုံးခ်ိန္ကို အတိအက် မသိရေသးေသာ္လည္း ညပိုင္းကတည္းက ပစ္ခတ္ခံရျခင္း ျဖစ္ႏိုင္ေၾကာင္းႏွင့္ ေသ ဆုံးသူကို ပ်ဴေစာထီးအဖြဲ႕မ်ားက ပစ္ခတ္သြားျခင္း ျဖစ္ႏိုင္သည္ဟု ေဒသခံမ်ားက ယူဆေနၾကသည္။
“အစ္ကိုက ေလွလိုက္ေနတဲ့သူပါ။ အေနလည္း ေအးၿပီး ရန္ညႇိဳးရန္စမ်ိဳးလည္းမရွိဘူး။ တူမီးေသနတ္နဲ႔ က်ည္ဆံ ေတြက က်ေနာ့္ အကိုဟာမဟုတ္ပါဘူး။ တမင္အကြက္ဆင္တာ ျဖစ္လိမ့္မယ္“ ဟု ေသဆုံးသူ၏ ညီဝမ္းကြဲက ေျပာသည္။
ထိုသို႔ ေသဆုံးမႈႏွင့္ ပတ္သက္၍ PDF မ်ားက လုပ္ႀကံသည္ဟူသည့္ သတင္းမွားလႊင့္ျခင္းမ်ိဳးလည္း ရွိေနေၾကာင္း ေဒသခံ တစ္ဦး က ေျပာသည္။
ကိုမ်ိဳးမင္းထိုက္ ပစ္ခတ္ခံရၿပီး ေသဆုံးမႈႏွင့္ပတ္သက္၍ အေသးစိတ္ သိရွိေမးျမန္းႏိုင္ရန္အတြက္ ပုေလာၿမိဳ႕မ ရဲစခန္းသို႔ စုံစမ္းဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍မရရွိခဲ့ပါ။