ကျွန်းစုမြို့နယ်သို့ အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ ကျွန်းစုမြို့နယ်သို့ နေ့စဉ် အသွားအပြန်ပြေးဆွဲပေးနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များ အလှည့်ကြ စနစ်ဖြင့် အောက်တိုဘာ ၃ရက်နေ့မှ စတင်၍ ပုံမှန်အချိန်များတွင် ယခင်နှုန်းထားများအတိုင်း ပြန်လည်ပြေးဆွဲပေးတော့မည်ဟု ဒေသခံများက ပြောသည်။

ယခုပြန်လည်ပြေးဆွဲရာတွင် လူတစ်ဦးလျှင် ယခင်ကဈေးနှုန်းအတိုင်း အသက်အာမခံကြေး တစ်ရာကျပ် အပါ အဝင် ကျပ် ၃၀၀၀ ဖြင့်သာ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ၏ အဖွဲ့ဝင်က ဆက်ပြောသည်။

ကျွန်းစုမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ် မှု ကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းစတင်သည့် ဇူလိုင်လ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရပ်နား ခဲ့ကြသည့် ရေယာဉ်များ ပြန်လည်ပြေးဆွဲပေးတော့မည်ဖြစ်သည်ဟု ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အမြန်ရေယာဉ်များ ရပ်နားထားသည့် လများအတွင်း ဈေးရောင်းသည်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရေးပေါ် လူနာများနှင့် ကိစ္စကြီးငယ်ရှိကြသူများမှာ ပိုက်လှေငယ်များ၊ ကုန်တင်သစ်သားခွံလှေကြီးများကို ပိုက်ဆံပေးကာ လှေကြုံတောင်းစီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နေ့စဉ်ပုံမှန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ရပ်နားလိုက်သည့်အတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စာရိတ်များ မြင့်တက်မှုများရှိခဲ့သည့်အတွက် ဈေးနှုန်းများမှာ တဟုန် ထိုး ကြီးမြင့်သည့်ဒဏ်ကို ခံနေကြရသည်ဟု ဒေသခံများ က ပြောသည်။

“ကုန်ဈေးနှုန်းလည်း နည်းနည်း ပြန်ကျဆင်းလာနိုင်တယ်။ ဒီကြားထဲမှာ ကိစ္စရှိလို့ မြိတ်(ဘိတ်) တက်ရင် ကြား လှေတွေနဲ့ အကြုံလိုက်ရတယ်။ သွားလာစားရိတ် သောင်းကျော်ကုန်တယ်။ လူလည်း ပင်ပန်းတယ်“ ဟု ကျွန်းစု မြို့က ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ အမြန်ရေယာဉ်ပြေးဆွဲမှုအား မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပုံမှန်အချိန်များဖြစ်သည့် နံနက် ၈ နာရီ မှ စတင်ထွက်ခွာမည်ဖြစ်ပြီး အချိန်အားဖြင့် တနာရီကြာမည်ဖြစ်သည်။

ထို့နောက် ကျွန်းစုမြို့မှ မြိတ်မြို့သို့ နံနက် ၉နာရီခွဲ အချိန်တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

နေ့လည်ပိုင်းတွင်လည်း မြိတ်မြို့မှ နေ့လည် ၁၂နာရီ အချိန်တွင် ထွက်ခွာ၍ ကျွန်းစုမြို့မှ မွန်းလွဲ ၁ နာရီခွဲ အချိန် မြိတ်သို့ ပြေးဆွဲသွားမည်ဟု သိရသည်။

ဓါတ်ပုံ ~ CJ

*** ZAWGYI ***
ကြၽန္းစုၿမိဳ႕နယ္သို႔ အျမန္ေရယာဥ္မ်ား ျပန္လည္ေျပးဆြဲေတာ့မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္မွ ကြၽန္းစုၿမိဳ႕နယ္သို႔ ေန႔စဥ္ အသြားအျပန္ေျပးဆြဲေပးေနသည့္ ခရီးသည္တင္ အျမန္ေရယာဥ္မ်ား အလွည့္ၾက စနစ္ျဖင့္ ေအာက္တိုဘာ ၃ရက္ေန႔မွ စတင္၍ ပုံမွန္အခ်ိန္မ်ားတြင္ ယခင္ႏႈန္းထားမ်ားအတိုင္း ျပန္လည္ေျပးဆြဲေပးေတာ့မည္ဟု ေဒသခံမ်ားက ေျပာသည္။

ယခုျပန္လည္ေျပးဆြဲရာတြင္ လူတစ္ဦးလွ်င္ ယခင္ကေဈးႏႈန္းအတိုင္း အသက္အာမခံေၾကး တစ္ရာက်ပ္ အပါ အဝင္ က်ပ္ ၃၀၀၀ ျဖင့္သာ ေျပးဆြဲေပးသြားမည္ ျဖစ္ေၾကာင္း အျမန္ေရယာဥ္ေျပးဆြဲေရး ႀကီးၾကပ္မႈ ေကာ္မတီ ၏ အဖြဲ႕ဝင္က ဆက္ေျပာသည္။

ကြၽန္းစုၿမိဳ႕နယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား ဦးေဆာင္သည့္ ခရီးသည္တင္ အျမန္ေရယာဥ္ေျပးဆြဲေရး ႀကီးၾကပ္ မႈ ေကာ္မတီမွ ကိုဗစ္-၁၉ ကပ္ေရာဂါ တတိယလႈိင္းစတင္သည့္ ဇူလိုင္လ အစည္းအေဝးဆုံးျဖတ္ခ်က္ျဖင့္ ရပ္နား ခဲ့ၾကသည့္ ေရယာဥ္မ်ား ျပန္လည္ေျပးဆြဲေပးေတာ့မည္ျဖစ္သည္ဟု ေကာ္မတီအဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

အျမန္ေရယာဥ္မ်ား ရပ္နားထားသည့္ လမ်ားအတြင္း ေဈးေရာင္းသည္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ အေရးေပၚ လူနာမ်ားႏွင့္ ကိစၥႀကီးငယ္ရွိၾကသူမ်ားမွာ ပိုက္ေလွငယ္မ်ား၊ ကုန္တင္သစ္သားခြံေလွႀကီးမ်ားကို ပိုက္ဆံေပးကာ ေလွႀကဳံေတာင္းစီးခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေန႔စဥ္ပုံမွန္ေျပးဆြဲေနသည့္ အျမန္ေရယာဥ္မ်ား ရပ္နားလိုက္သည့္အတြက္ လူသုံးကုန္ပစၥည္းမ်ား၊ စားေသာက္ ကုန္ ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ရာတြင္ စာရိတ္မ်ား ျမင့္တက္မႈမ်ားရွိခဲ့သည့္အတြက္ ေဈးႏႈန္းမ်ားမွာ တဟုန္ ထိုး ႀကီးျမင့္သည့္ဒဏ္ကို ခံေနၾကရသည္ဟု ေဒသခံမ်ား က ေျပာသည္။

“ကုန္ေဈးႏႈန္းလည္း နည္းနည္း ျပန္က်ဆင္းလာႏိုင္တယ္။ ဒီၾကားထဲမွာ ကိစၥရွိလို႔ ၿမိတ္(ဘိတ္) တက္ရင္ ၾကား ေလွေတြနဲ႔ အႀကဳံလိုက္ရတယ္။ သြားလာစားရိတ္ ေသာင္းေက်ာ္ကုန္တယ္။ လူလည္း ပင္ပန္းတယ္“ ဟု ကြၽန္းစု ၿမိဳ႕က ေဒသခံတစ္ဦး က ေျပာသည္။

အဆိုပါ အျမန္ေရယာဥ္ေျပးဆြဲမႈအား ၿမိတ္ၿမိဳ႕မွ ကြၽန္းစုၿမိဳ႕သို႔ ပုံမွန္အခ်ိန္မ်ားျဖစ္သည့္ နံနက္ ၈ နာရီ မွ စတင္ထြက္ခြာမည္ျဖစ္ၿပီး အခ်ိန္အားျဖင့္ တနာရီၾကာမည္ျဖစ္သည္။

ထို႔ေနာက္ ကြၽန္းစုၿမိဳ႕မွ ၿမိတ္ၿမိဳ႕သို႔ နံနက္ ၉နာရီခြဲ အခ်ိန္တြင္ ျပန္လည္ထြက္ခြာမည္ဟု သိရသည္။

ေန႔လည္ပိုင္းတြင္လည္း ၿမိတ္ၿမိဳ႕မွ ေန႔လည္ ၁၂နာရီ အခ်ိန္တြင္ ထြက္ခြာ၍ ကြၽန္းစုၿမိဳ႕မွ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္ ၿမိတ္သို႔ ေျပးဆြဲသြားမည္ဟု သိရသည္။

ဓါတ္ပုံ ~ CJ