ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမနှင့် မိုးမောက်တို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်နှင့် မိုးမောက်မြို့နယ်ထဲတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ပြောသည်။
လဝါးကျေးရွာက ဒေသခံတစ်ဦးက “အခုရက်ပိုင်းက ဆက်တိုက်ပဲ ဖြစ်နေကြတာ။ စစ်တပ်ကလည်း ကားနဲ့ လာတယ်။ အဲ့ဒါကို ဒီဘကက်လည်း မိုင်းခွဲတိုက်ခိုက်တယ်။ မိုးကောင်းဘက်ကနေ တက်လာတဲ့ စစ်ကားတွေကို KIA က ပြန်တိုက်တာပါ။ ဒီကျနော်တို့တိန်ကောက်ဘက်မှာ စစ်တပ်တွေ ရောက်နေတာလည်း ရှိတယ်လို့ ပြောကြတယ်” ဟု ပြောသည်။
တနိုင်း-လီဒိုလမ်းဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်ကောင်စီ၏ ယာဉ်တန်းများ ဝင်လာသည့် အတွက် တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်ဟု ဒေသခံများ က ပြောသည်။
တနိုင်း-လီဒိုလမ်းတစ် လျှောက် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများ၊ မိုင်းခွဲတိုက်ခိုက်ခံနေရမှုများမှာ စက်တင်ဘာလ နောက်ဆုံးအပတ် တစ်ပတ်လုံးနီးပါး ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီး နော် ဘူ က “ဟုတ်ကဲ့ပါ။ ကျနော်လည်း တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကြားပါတယ်။ ဖြစ်တာကတော့ သုံးလေး ရက် ငါးရက်လောက်ရှိပြီ။ လဝါး၊ ဒွန်ဘုန်း၊ ဂွမ်ဂျာယန် အဲ့နားတဝိုက်မှာပေါ့ စစ်ကောင်စီဘက်က စစ်လှုပ်ရှား လာလို့ ခုခံ တိုက်ပွဲဖြစ်တာ ကြားပါတယ်” ဟု ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကျေးရွာအချို့ထဲကို လက်နက် ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက KIO ကို အကြောင်းကြားမှုများ ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
“စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်း ကျင်ကို ရမ်းသမ်းပစ်နေတဲ့ သတင်းတွေ ကြားပါတယ်။ ပြည်သူလူထုလည်း သူတို့ရဲ့ ရွာထဲမှာတော့ အခုထက်ထိ ကတော့ ဘာမှ စိုးရိမ်စရာတော့ မရှိ ဘူးတဲ့။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သေနတ်သံတွေ လက်နက်ကြီးသံတွေ ပေါ့နော် ကြားရနေလို့ စိုးရိမ်နေတဲ့ အကြောင်းတွေတော့ အကြောင်းကြားလာတာ သိရပါတယ်” ဟု ဆက်ပြောသည်။
အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းအချိန်ကလည်း မိုးမောက်မြို့နယ်ထဲက ကျောက် စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီ၏ စစ်ကြောင်းကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦး က ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
*** ZAWGYI ***
ကခ်င္ျပည္နယ္ တႏိုင္း-လီဒိုလမ္းမႏွင့္ မိုးေမာက္တို႔တြင္ တိုက္ပြဲမ်ား ဆက္ျဖစ္ေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
ကခ်င္ျပည္နယ္ တႏိုင္း-လီဒိုလမ္းမေပၚႏွင့္ မိုးေမာက္ၿမိဳ႕နယ္ထဲတြင္ ယခုရက္ပိုင္းအတြင္း စစ္ေကာင္စီတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု ေဒသခံမ်ားႏွင့္ ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO က ေျပာသည္။
လဝါးေက်း႐ြာက ေဒသခံတစ္ဦးက “အခုရက္ပိုင္းက ဆက္တိုက္ပဲ ျဖစ္ေနၾကတာ။ စစ္တပ္ကလည္း ကားနဲ႔ လာတယ္။ အဲ့ဒါကို ဒီဘကက္လည္း မိုင္းခြဲတိုက္ခိုက္တယ္။ မိုးေကာင္းဘက္ကေန တက္လာတဲ့ စစ္ကားေတြကို KIA က ျပန္တိုက္တာပါ။ ဒီက်ေနာ္တို႔တိန္ေကာက္ဘက္မွာ စစ္တပ္ေတြ ေရာက္ေနတာလည္း ရွိတယ္လို႔ ေျပာၾကတယ္” ဟု ေျပာသည္။
တႏိုင္း-လီဒိုလမ္းဘက္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမွာ စစ္ေကာင္စီ၏ ယာဥ္တန္းမ်ား ဝင္လာသည့္ အတြက္ တိုက္ခိုက္ခံေနရျခင္းျဖစ္ၿပီး စစ္ေကာင္စီဘက္က ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားလည္း ရွိေနသည္ဟု ေဒသခံမ်ား က ေျပာသည္။
တႏိုင္း-လီဒိုလမ္းတစ္ ေလွ်ာက္ ျဖစ္ပြားေနသည့္ ပစ္ခတ္မႈမ်ား၊ မိုင္းခြဲတိုက္ခိုက္ခံေနရမႈမ်ားမွာ စက္တင္ဘာလ ေနာက္ဆုံးအပတ္ တစ္ပတ္လုံးနီးပါး ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံဗိုလ္မႉးႀကီး ေနာ္ ဘူ က “ဟုတ္ကဲ့ပါ။ က်ေနာ္လည္း တိုက္ပြဲျဖစ္တယ္ဆိုတာေလာက္ပဲ ၾကားပါတယ္။ ျဖစ္တာကေတာ့ သုံးေလး ရက္ ငါးရက္ေလာက္ရွိၿပီ။ လဝါး၊ ဒြန္ဘုန္း၊ ဂြမ္ဂ်ာယန္ အဲ့နားတဝိုက္မွာေပါ့ စစ္ေကာင္စီဘက္က စစ္လႈပ္ရွား လာလို႔ ခုခံ တိုက္ပြဲျဖစ္တာ ၾကားပါတယ္” ဟု ေျပာသည္။
ထိုသို႔ တိုက္ပြဲမ်ားျဖစ္ပြားခ်ိန္တြင္ စစ္ေကာင္စီဘက္ တႏိုင္း-လီဒိုလမ္းမေပၚရွိ ေက်း႐ြာအခ်ိဳ႕ထဲကို လက္နက္ ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက KIO ကို အေၾကာင္းၾကားမႈမ်ား ရွိသည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ဆက္ေျပာသည္။
“စစ္ေကာင္စီဘက္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပတ္ဝန္း က်င္ကို ရမ္းသမ္းပစ္ေနတဲ့ သတင္းေတြ ၾကားပါတယ္။ ျပည္သူလူထုလည္း သူတို႔ရဲ႕ ႐ြာထဲမွာေတာ့ အခုထက္ထိ ကေတာ့ ဘာမွ စိုးရိမ္စရာေတာ့ မရွိ ဘူးတဲ့။ ဒါေပမယ့္ ပတ္ဝန္းက်င္မွာ ေသနတ္သံေတြ လက္နက္ႀကီးသံေတြ ေပါ့ေနာ္ ၾကားရေနလို႔ စိုးရိမ္ေနတဲ့ အေၾကာင္းေတြေတာ့ အေၾကာင္းၾကားလာတာ သိရပါတယ္” ဟု ဆက္ေျပာသည္။
အလားတူ စက္တင္ဘာလ ၃၀ ရက္ေန႔ (ယမန္ေန႔) နံနက္ပိုင္းအခ်ိန္ကလည္း မိုးေမာက္ၿမိဳ႕နယ္ထဲက ေက်ာက္ စခန္းအနီးတြင္ စစ္အင္အားတိုးခ်ဲ႕လာတဲ့ စစ္ေကာင္စီ၏ စစ္ေၾကာင္းကို KIA တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံတစ္ဦး က ေျပာသည္။
စက္တင္ဘာလ ၂၇ ရက္ေန႔တြင္လည္း မိုးေမာက္ၿမိဳ႕နယ္၊ စိန္လုံအတက္လမ္းခြဲရွိ ယာဥ္ထိန္းရဲစခန္းအနီးတြင္ မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး စစ္ေကာင္စီဘက္က ၃ ေယာက္ထက္မနည္း ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။