မုံးကိုးတိုက်ပွဲများ အတွင်း ဒေသခံများ ထိခိုက် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ်ထဲတွင် စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့် တပ်မတော်တို့အကြား စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ် ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိနေသည်။
မုံးကိုးမြို့နယ်ထဲက ကောင်းလုံနှင့် ကောင်းဒပ်ကျေးရွာကြားတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နှစ် ဖက်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပြင် အမြောက်များဖြင့်လည်း ပစ်ခတ် နေသည့် အသံများ ကြားနေရသည်ဟု ဒေသခံတစ်ဦး က ပြောသည်။
“ဒီကျနော်တို့ ကောင်းလုံ၊ ကောင်းဒပ် နားမှာ ဖြစ်နေတာက နှစ်ရက် သုံးရက်မကတော့ဘူးဗျ။ တစ်ရက်ရက်ဆို လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်နေကြတယ်။ နောက်ထပ် တစ်ရက်ဆို အမြောက်လား အဲ့ဒါပစ်သံတွေလည်း ကြားနေရတယ်။ အားလုံးကတော့ ပစ်ပြီဆိုရင် အိမ်ပြန်တဲ့လူပြန်တယ်။ စစ်ရှောင်မှာသွားနေတဲ့ လူတွေလည်း ပြန်သွားနေတယ်။ တခါခါဆိုရင် ကျနော်တို့ ဒီလယ်တောမှာ ရှိနေတဲ့ အချိန် သူတို့က ပစ်ကြတယ်နော်။ အဲ့လိုမျိုးဆိုရင် တိုက်ပွဲပိုဖြစ်လာမှာကြောက်လို့ ပြန်ကြတယ်။ အခုက ပစ်သွားလိုက်၊ ခနဆိုလည်း ပြန်ရပ်လိုက်ပဲ” ဟု မုံးကိုးဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၂၈ ရက်နေ့က စတင်၍ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ကောင်းလုံနှင့် ကောင်းဒပ်ကျေးရွာ အနီးနားတဝိုက်တွင် နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုသည်။
နှစ်ဖက်ကြား ပစ်ခတ်မှုများက ရပ်သွားလိုက် ပြန်ပစ်လိုက်နှင့် ဖြစ်နေပြီး စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ အတွင်း ပစ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မုံးကိုးမြို့က ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ “နေ့လည်(၁၂) နာရီ (၃၀) မိနစ်ခန့်တွင် လည်း မုံးကိုးမြစ်အနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ သိန္နီခရိုင်ဘက်တွင် စစ်ကောင်စီတို့သည် ကုန်းသာ တောင်ပေါ် ရှိ ကိုးကန့်တပ်ဖွဲ့ကို လက်နက်ကြီးများ ဖြင့်ကြိုးကြားကြိုးကြားပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မြေ ပြင်မှတစ်ဆင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ ထို့ပြင် ဒီကနေ့ နံနက် (၄) နာရီ (၃၆) မိနစ်ခန့်တွင် စစ် ကောင်စီမှ စစ်ယာဥ်တန်း အစီး ၃၀ သည် ကိုးကန့်ဒေသမှ လားရှိုးသို့ဆင်း၍ နာတီနှင့် နမ့်ဇလပ်ကြားတွင် ကိုး ကန့်တပ်ဖွဲ့နှင့် မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်” ဟု ကိုးကန့်သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန် ထား သည်။
စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေး တင်းမာမှု များကြောင့် မုံးကိုးမြို့အတွင်းရှိ ကျေးရွာပေါင်း ၇ ရွာက ဒေသခံစစ်ရှောင် ၆၀၀ ကျော် မုံးကိုးမြို့ပေါ်ရှိ ခရစ် ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဘုန်းကြီးတို့အတွင် စစ်ဘေးရှောင်နေကြရသည်။
မုံးကိုးမြို့နယ်အတွင်း နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ဩဂုတ်လ ကတည်းက ဖြစ်သည်။
ဓါတ်ပုံ – The Kokang Facebook page
*** ZAWGYI ***
မုံးကိုးတိုက္ပြဲမ်ား အတြင္း ေဒသခံမ်ား ထိခိုက္ ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
ျမန္မာ-တ႐ုတ္နယ္စပ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မုံကိုးၿမိဳ႕နယ္ထဲတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ MNDAA ကိုးကန႔္ တပ္မေတာ္တို႔အၾကား စက္တင္ဘာလ ေနာက္ဆုံးအပတ္အတြင္း တိုက္ပြဲမ်ား ျပင္းျပင္းထန္ထန္ ျဖစ္ ပြားေနၿပီး စစ္ေကာင္စီဘက္က ပစ္ခတ္မႈမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ဒဏ္ရာရရွိျခင္းမ်ား ရွိေနသည္။
မုံးကိုးၿမိဳ႕နယ္ထဲက ေကာင္းလုံႏွင့္ ေကာင္းဒပ္ေက်း႐ြာၾကားတြင္ စက္တင္ဘာလ ၃၀ ရက္ေန႔ နံနက္ပိုင္းတြင္ ႏွစ္ ဖက္ၾကား တိုက္ပြဲေတြျဖစ္ပြားေနၿပီး၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား အျပင္ အေျမာက္မ်ားျဖင့္လည္း ပစ္ခတ္ ေနသည့္ အသံမ်ား ၾကားေနရသည္ဟု ေဒသခံတစ္ဦး က ေျပာသည္။
“ဒီက်ေနာ္တို႔ ေကာင္းလုံ၊ ေကာင္းဒပ္ နားမွာ ျဖစ္ေနတာက ႏွစ္ရက္ သုံးရက္မကေတာ့ဘူးဗ်။ တစ္ရက္ရက္ဆို လက္နက္ႀကီးေတြနဲ႔လည္းပစ္တယ္။ လက္နက္ငယ္ေတြနဲ႔လည္းပစ္ေနၾကတယ္။ ေနာက္ထပ္ တစ္ရက္ဆို အေျမာက္လား အဲ့ဒါပစ္သံေတြလည္း ၾကားေနရတယ္။ အားလုံးကေတာ့ ပစ္ၿပီဆိုရင္ အိမ္ျပန္တဲ့လူျပန္တယ္။ စစ္ေရွာင္မွာသြားေနတဲ့ လူေတြလည္း ျပန္သြားေနတယ္။ တခါခါဆိုရင္ က်ေနာ္တို႔ ဒီလယ္ေတာမွာ ရွိေနတဲ့ အခ်ိန္ သူတို႔က ပစ္ၾကတယ္ေနာ္။ အဲ့လိုမ်ိဳးဆိုရင္ တိုက္ပြဲပိုျဖစ္လာမွာေၾကာက္လို႔ ျပန္ၾကတယ္။ အခုက ပစ္သြားလိုက္၊ ခနဆိုလည္း ျပန္ရပ္လိုက္ပဲ” ဟု မုံးကိုးေဒသခံတစ္ဦးက ေျပာသည္။
စက္တင္ဘာလ ၂၈ ရက္ေန႔က စတင္၍ စက္တင္ဘာလ ၃၀ ရက္ေန႔ အထိ ေကာင္းလုံႏွင့္ ေကာင္းဒပ္ေက်း႐ြာ အနီးနားတဝိုက္တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ားျဖစ္ပြားေနသည္ဟု ေဒသခံမ်ားက ဆိုသည္။
ႏွစ္ဖက္ၾကား ပစ္ခတ္မႈမ်ားက ရပ္သြားလိုက္ ျပန္ပစ္လိုက္ႏွင့္ ျဖစ္ေနၿပီး စက္တင္ဘာလ ၂၉ ရက္ေန႔က တိုက္ပြဲ အတြင္း ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္စထိမွန္ၿပီး ေဒသခံတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု မုံးကိုးၿမိဳ႕က ရပ္မိရပ္ဖတစ္ဦးက ေျပာသည္။
စက္တင္ဘာလ ၃၀ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲႏွင့္ ပတ္သက္၍ “ေန႔လည္(၁၂) နာရီ (၃၀) မိနစ္ခန႔္တြင္ လည္း မုံးကိုးျမစ္အနီးတြင္ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့သည္။ သိႏၷီခ႐ိုင္ဘက္တြင္ စစ္ေကာင္စီတို႔သည္ ကုန္းသာ ေတာင္ေပၚ ရွိ ကိုးကန႔္တပ္ဖြဲ႕ကို လက္နက္ႀကီးမ်ား ျဖင့္ႀကိဳးၾကားႀကိဳးၾကားပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ေျမ ျပင္မွတစ္ဆင့္ ထပ္မံထိုးစစ္ဆင္တိုက္ခိုက္လာခဲ့သည္။ ထို႔ျပင္ ဒီကေန႔ နံနက္ (၄) နာရီ (၃၆) မိနစ္ခန႔္တြင္ စစ္ ေကာင္စီမွ စစ္ယာဥ္တန္း အစီး ၃၀ သည္ ကိုးကန႔္ေဒသမွ လားရႈိးသို႔ဆင္း၍ နာတီႏွင့္ နမ့္ဇလပ္ၾကားတြင္ ကိုး ကန႔္တပ္ဖြဲ႕ႏွင့္ မိနစ္ ၃၀ အၾကာ တိုက္ပြဲျဖစ္ပြား ခဲ့သည္” ဟု ကိုးကန႔္သတင္းႏွင့္ျပန္ၾကားေရးက ထုတ္ျပန္ ထား သည္။
စစ္ေကာင္စီတပ္ႏွင့္ ကိုးကန႔္တပ္မေတာ္ MNDAA တို႔အၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ စစ္ေရး တင္းမာမႈ မ်ားေၾကာင့္ မုံးကိုးၿမိဳ႕အတြင္းရွိ ေက်း႐ြာေပါင္း ၇ ႐ြာက ေဒသခံစစ္ေရွာင္ ၆၀၀ ေက်ာ္ မုံးကိုးၿမိဳ႕ေပၚရွိ ခရစ္ ယာန္ ဘုရားရွိခိုးေက်ာင္းမ်ားႏွင့္ ဘုန္းႀကီးတို႔အတြင္ စစ္ေဘးေရွာင္ေနၾကရသည္။
မုံးကိုးၿမိဳ႕နယ္အတြင္း ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ ဩဂုတ္လ ကတည္းက ျဖစ္သည္။
ဓါတ္ပုံ – The Kokang Facebook page