မြန်အောင်မြို့နယ်တွင် သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် စစ်ကောင်စီ၏ သတင်းပေးဟု ဆိုကာ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီခွဲ ဝန်းကျင်ခန့်က အသက် ၄၀ ကျော်ခန့်ရှိ သပြေကုန်းရွာသား ဦးဝင်း မြင့်အောင် (ခေါ်) ဂျပ်ကြီးဆိုသူက ဆိုင်ကယ်စီးလာစဉ် သပြေကုန်းတိုက်နယ် ဈေးအနီးတွင် သေနတ်သမားတစ်ဦး က ပစ်ခတ် သွားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ထံမှ သိရသည်။

သေဆုံးသူမှာ စစ်တပ်နှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူကအရင်ကတည်းက ရဲသတင်းပေး သပြေကုန်း ရဲစခန်းကို မီးပုလင်းနဲ့ ပစ်မယ်ဆိုတဲ့ကိစ္စမှာ သူပဲသတင်း ပေးလို့ မဆိုင်သူတွေ တပ်ရဲ့ ဖမ်းဆီးတာ နှိပ်စက်တာခံနေရတယ်”ဟု ဒေသခံ ဦးကြီးလေး က ရှင်းပြသည်။

သေနတ်ကျည်သည် ညာဘက်နားထင်နှင့် ညာဘက်မျက်စိထိမှန်ခြင်းဖြစ်၍ နေရာတွင်သေဆုံးခြင်းဖြစ်ကြောင်း ပစ်ခတ်သွားသူကို စုံးစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

စက်တင်ဘာလ တတိယ အပတ်အတွင်းက ဒေသခံ PDF တပ်ဖွဲ့က သပြေကုန်း တိုက်နယ်ရဲစခန်းကို မီးပုလင်း ဖြင့် ပစ်ပေါက်ရန် ကြံစည်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မသင်္ကာသူ ၂၀ ဦးခန့် ဖမ်းထားပြီး ပြန်လွှတ် ပေး ခြင်း မရှိသေးကြောင်း မြို့ခံအ ချို့ကပြောသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများကို သေနတ်ဖြင့် ပစ်ခံရမှုများရှိ နေပြီး ယခု မြန်အောင်က ပစ်ခတ်မှုမှာ ၆ ကြိမ်မြောက်ဖြစ်ကာ ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာ ရရှိသူ ၂ ဦး ရှိပြီဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

*** ZAWGYI ***
ျမန္ေအာင္ၿမိဳ႕နယ္တြင္ သတင္းေပးဆိုသူ တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ သတင္းေပးဟု ဆိုကာ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၁ ရက္ေန႔၊ ညေန ၅ နာရီခြဲ ဝန္းက်င္ခန႔္က အသက္ ၄၀ ေက်ာ္ခန႔္ရွိ သေျပကုန္း႐ြာသား ဦးဝင္း ျမင့္ေအာင္ (ေခၚ) ဂ်ပ္ႀကီးဆိုသူက ဆိုင္ကယ္စီးလာစဥ္ သေျပကုန္းတိုက္နယ္ ေဈးအနီးတြင္ ေသနတ္သမားတစ္ဦး က ပစ္ခတ္ သြားျခင္း ျဖစ္သည္ဟု ရဲတပ္ဖြဲ႕ ထံမွ သိရသည္။

ေသဆုံးသူမွာ စစ္တပ္ႏွင့္ နီးစပ္သူတစ္ဦးျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“သူကအရင္ကတည္းက ရဲသတင္းေပး သေျပကုန္း ရဲစခန္းကို မီးပုလင္းနဲ႔ ပစ္မယ္ဆိုတဲ့ကိစၥမွာ သူပဲသတင္း ေပးလို႔ မဆိုင္သူေတြ တပ္ရဲ႕ ဖမ္းဆီးတာ ႏွိပ္စက္တာခံေနရတယ္”ဟု ေဒသခံ ဦးႀကီးေလး က ရွင္းျပသည္။

ေသနတ္က်ည္သည္ ညာဘက္နားထင္ႏွင့္ ညာဘက္မ်က္စိထိမွန္ျခင္းျဖစ္၍ ေနရာတြင္ေသဆုံးျခင္းျဖစ္ေၾကာင္း ပစ္ခတ္သြားသူကို စုံးစမ္းရွာေဖြေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

စက္တင္ဘာလ တတိယ အပတ္အတြင္းက ေဒသခံ PDF တပ္ဖြဲ႕က သေျပကုန္း တိုက္နယ္ရဲစခန္းကို မီးပုလင္း ျဖင့္ ပစ္ေပါက္ရန္ ႀကံစည္မႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕က မသကၤာသူ ၂၀ ဦးခန႔္ ဖမ္းထားၿပီး ျပန္လႊတ္ ေပး ျခင္း မရွိေသးေၾကာင္း ၿမိဳ႕ခံအ ခ်ိဳ႕ကေျပာသည္။

ဧရာဝတီတိုင္းတြင္ စစ္ေကာင္စီသတင္းေပး (ဒလန္) ဟု နာမည္ႀကီးေနသူမ်ားကို ေသနတ္ျဖင့္ ပစ္ခံရမႈမ်ားရွိ ေနၿပီး ယခု ျမန္ေအာင္က ပစ္ခတ္မႈမွာ ၆ ႀကိမ္ေျမာက္ျဖစ္ကာ ပစ္ခတ္မႈမ်ားေၾကာင့္ ေသဆုံးသူ ၄ ဦး၊ ဒဏ္ရာ ရရွိသူ ၂ ဦး ရွိၿပီဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။