သတင်းထောက် မသူဇာအား အောက်တိုဘာ ၁၃ ရက်တွင် ရုံးတင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံထားရသည့် သတင်းထောက် မသူဇာကို အောက်တိုဘာ ၁၃ ရက်နေ့ တွင် ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် ရုံးတင်မည်ဟု သူမ၏ ရှေ့နေက ပြောသည်။

နိုင်ငံတော် ဆူပူမှု ဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း မသူဇာ ၏ အကျိုးဆောင်ရှေ့နေ ကပြောသည်။

မသူဇာ၏ အမှုလိုက်ရှေ့နေက “သူ့အမှုကို ကိုင်တဲ့ ရဲအရာရှိက ပြောတာပေါ့။ အခုချုပ်ရမန်ယူထားပြီး အမှု တည် ဆောက်နေတယ်။ ရမန်က ၁၃ ရက်နေ့ပြည့်မှာဆိုတော့ အဲဒီနေ့မှာ ဥပေဒအကြံဉာဏ် တောင်းခံပြီးတော့ တရားစွဲ တင်မယ်လို့ ပြောပါတယ်” ဟု ပြောသည်။

သတင်းထောက်မသူဇာသည် ဒဂုံမြို့သစ် အရှေ့ပိုင်း ရဲစခန်းတွင်ရောက်ရှိပြီး ရှေ့နေအဖွဲ့က သွားရောက်တွေ့ဆုံ ခဲ့ရာ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် သူမတွင် ဒဏ်ရာဒဏ်ချက်များ မရှိကြောင်းကို တွေ့ရသည်ဟု ရှေ့နေ အဖွဲ့၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့သွားတွေ့တော့ သူကျန်းကျန်းမာမာပါပဲ။ စစ်ကြောရေးမှာ သူ့ကို ရိုက်နှက်တာတွေ၊ နှိပ်စက်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်” ဟု မသူဇာ၏ အမှုကို ကူညီဆောင်ရွက်ပေးမည့် တရား လွှတ်တော်ရှေ့နေ က ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မိသားစုနှင့်အဆက်အသွယ်ပြတ်တောက်သွားသည့် သတင်းထောက် မသူဇာ သည် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းသို့ စက်တင်ဘာ ၂၉ ရက်နေ့က အောင်သပြေစစ်ကြောရေးစခန်း မှ ရောက်ရှိလာခြင်း ဖြစ်သည်။

သတင်းထောက် မသူဇာသည် ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-က ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မေလအတွင်းက နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့ သော်လည်း ထိုအချိန်က အဖမ်းမခံရပဲ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် နေအိမ်တွင် မနေတော့ပဲ တိမ်းရှောင်နေထိုင်ခဲ့ရာမှ စက်တင်ဘာလ ၁ ရက်နေ့တွင် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားပြီးနောက် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

*** ZAWGYI ***
သတင္းေထာက္ မသူဇာအား ေအာက္တိုဘာ ၁၃ ရက္တြင္ ႐ုံးတင္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။

စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းကိုခံထားရသည့္ သတင္းေထာက္ မသူဇာကို ေအာက္တိုဘာ ၁၃ ရက္ေန႔ တြင္ ဒဂုံ ၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ တရား႐ုံးတြင္ ႐ုံးတင္မည္ဟု သူမ၏ ေရွ႕ေနက ေျပာသည္။

ႏိုင္ငံေတာ္ ဆူပူမႈ ဆိုင္ရာ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲတင္မည္ျဖစ္ေၾကာင္း မသူဇာ ၏ အက်ိဳးေဆာင္ေရွ႕ေန ကေျပာသည္။

မသူဇာ၏ အမႈလိုက္ေရွ႕ေနက “သူ႔အမႈကို ကိုင္တဲ့ ရဲအရာရွိက ေျပာတာေပါ့။ အခုခ်ဳပ္ရမန္ယူထားၿပီး အမႈ တည္ ေဆာက္ေနတယ္။ ရမန္က ၁၃ ရက္ေန႔ျပည့္မွာဆိုေတာ့ အဲဒီေန႔မွာ ဥေပဒအႀကံဉာဏ္ ေတာင္းခံၿပီးေတာ့ တရားစြဲ တင္မယ္လို႔ ေျပာပါတယ္” ဟု ေျပာသည္။

သတင္းေထာက္မသူဇာသည္ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္း ရဲစခန္းတြင္ေရာက္ရွိၿပီး ေရွ႕ေနအဖြဲ႕က သြားေရာက္ေတြ႕ဆုံ ခဲ့ရာ က်န္းမာေရးေကာင္းမြန္ေၾကာင္းႏွင့္ သူမတြင္ ဒဏ္ရာဒဏ္ခ်က္မ်ား မရွိေၾကာင္းကို ေတြ႕ရသည္ဟု ေရွ႕ေန အဖြဲ႕၏ ေျပာျပခ်က္အရ သိရသည္။

“က်ေနာ္တို႔သြားေတြ႕ေတာ့ သူက်န္းက်န္းမာမာပါပဲ။ စစ္ေၾကာေရးမွာ သူ႔ကို ႐ိုက္ႏွက္တာေတြ၊ ႏွိပ္စက္တာေတြ မရွိဘူးလို႔လည္း ေျပာပါတယ္” ဟု မသူဇာ၏ အမႈကို ကူညီေဆာင္႐ြက္ေပးမည့္ တရား လႊတ္ေတာ္ေရွ႕ေန က ေျပာသည္။

စက္တင္ဘာလ ၁ ရက္ေန႔မွ စတင္၍ မိသားစုႏွင့္အဆက္အသြယ္ျပတ္ေတာက္သြားသည့္ သတင္းေထာက္ မသူဇာ သည္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းရဲစခန္းသို႔ စက္တင္ဘာ ၂၉ ရက္ေန႔က ေအာင္သေျပစစ္ေၾကာေရးစခန္း မွ ေရာက္ရွိလာျခင္း ျဖစ္သည္။

သတင္းေထာက္ မသူဇာသည္ ဆူပူလႈံ႕ေဆာ္မႈဆိုင္ရာပုဒ္မ ၅၀၅-က ျဖင့္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ဖမ္းဝရမ္းထုတ္ခံထားရသူျဖစ္ၿပီး ေမလအတြင္းက ေနအိမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ရွာေဖြခဲ့ ေသာ္လည္း ထိုအခ်ိန္က အဖမ္းမခံရပဲ လြတ္ေျမာက္သြားခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ေနအိမ္တြင္ မေနေတာ့ပဲ တိမ္းေရွာင္ေနထိုင္ခဲ့ရာမွ စက္တင္ဘာလ ၁ ရက္ေန႔တြင္ မိသားစုႏွင့္ အဆက္အသြယ္ျပတ္သြားၿပီးေနာက္ အဖမ္းခံလိုက္ရျခင္း ျဖစ္သည္။