လူမှု ကွန်ရက်မှ ဒလန်အကြောင်း ပြောမိသည့် ရွာသား ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် Facebook လူမှုကွန်ယက်စာမျက်နှာမှ သတင်းများတွင်ပါရှိသည့် ဒလန်အကြောင်းအရာများ ပြောမိသည့် ရွာသားတစ်ဦးကို ရွာခံဒလန်ဟုစွပ်စွဲခံရသူက ရဲတိုင် ဖမ်းခိုင်းခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရဲအတိုင်ခံရသူ ကိုသန်းလွင် အား ဒီရေတောအတွင်း ရဲတပ်ဖွဲ့ အင်အား ၁၀ ကျော်ခန့်ဖြင့် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အထက်မြို့တွေမှာ ဒလန်တွေ အရမ်းသေနေကြတယ်လို့ ပြောမိတဲ့အချိန် ရွာခံဒလန်လို့ နာမည်ကြီးနေတဲ့ ကိုအောင်စိုးက အိမ်ရှေ့က ဖြတ်သွားရင်း ကြားသွားခဲ့ပြီးတော့ နှစ်ယောက်စကား အခြေအတင်များပြီး လုံးထွေး သတ်ပုတ်တဲ့အထိဖြစ်ကုန်တာ” ဟု အသက် ၅၀ အရွယ်ခန့်ရှိသည့် ရွာသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပြီးနောက်မှာ ကိုအောင်စိုးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းလတ်ကို အကြောင်းကြားရာမှ တဆင့် ရဲကိုခေါ်ပြီး ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် အတိုင်ခံရသူ ကိုသန်းလွင်သည် ဒီရေတောအတွင်း တိမ်းရှောင်ခဲ့သော်လည်း ဖမ်းဆီးခံလိုက်ရသည်ဟု ရွာသားများက ဆိုသည်။

“ဖမ်းမိပြီးနောက်မှာ လက်နောက်ပြန်ကြိုးချည်ပြီး ဝိုင်းပြီး ထိုးကြိတ်ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေမနည်းဘူး“ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ ပန်းဇင်ရွာသား တစ်ဦးက ပြောသည်။

ကိုသန်းလွင် ဖမ်းခံရပြီးနောက် တဆက်တည်း NLD ပါတီဝင် တစ်ဦးဖြစ်သည့် ကိုမိုးထက်အောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ပြီး ကိုမိုးထက်အောင်ကို မတွေ့သည့်အတွက် ညီဖြစ်သူ ကိုဇော်အောင် အား ဖမ်းဆီးခေါ်သွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် တစ်ဦးဖြစ်သည့် ကိုမိုးထက်အောင် ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရေး စုံစမ်းမေးမြန်းနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းလတ်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

*** ZAWGYI ***
လူမႈ ကြန္ရက္မွ ဒလန္အေၾကာင္း ေျပာမိသည့္ ႐ြာသား ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။

ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္တြင္ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွ သတင္းမ်ားတြင္ပါရွိသည့္ ဒလန္အေၾကာင္းအရာမ်ား ေျပာမိသည့္ ႐ြာသားတစ္ဦးကို ႐ြာခံဒလန္ဟုစြပ္စြဲခံရသူက ရဲတိုင္ ဖမ္းခိုင္းခဲ့သည့္ အျဖစ္အပ်က္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ႐ြာသားမ်ားက ေျပာသည္။

ေအာက္တိုဘာ ၂ ရက္ေန႔၊ နံနက္ ၁၀ နာရီဝန္းက်င္ခန႔္တြင္ ရဲအတိုင္ခံရသူ ကိုသန္းလြင္ အား ဒီေရေတာအတြင္း ရဲတပ္ဖြဲ႕ အင္အား ၁၀ ေက်ာ္ခန႔္ျဖင့္ ရွာေဖြဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

“အထက္ၿမိဳ႕ေတြမွာ ဒလန္ေတြ အရမ္းေသေနၾကတယ္လို႔ ေျပာမိတဲ့အခ်ိန္ ႐ြာခံဒလန္လို႔ နာမည္ႀကီးေနတဲ့ ကိုေအာင္စိုးက အိမ္ေရွ႕က ျဖတ္သြားရင္း ၾကားသြားခဲ့ၿပီးေတာ့ ႏွစ္ေယာက္စကား အေျခအတင္မ်ားၿပီး လုံးေထြး သတ္ပုတ္တဲ့အထိျဖစ္ကုန္တာ” ဟု အသက္ ၅၀ အ႐ြယ္ခန႔္ရွိသည့္ ႐ြာသားတစ္ဦးက ေျပာသည္။

အခင္းျဖစ္ၿပီးေနာက္မွာ ကိုေအာင္စိုးသည္ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းလတ္ကို အေၾကာင္းၾကားရာမွ တဆင့္ ရဲကိုေခၚၿပီး ဖမ္းဆီးခိုင္းခဲ့ျခင္း ျဖစ္သည္ဟု ႐ြာသားမ်ားက ေျပာသည္။

ထိုသို႔ ရဲတပ္ဖြဲ႕ဝင္မ်ား လာေရာက္ဖမ္းဆီးစဥ္ အတိုင္ခံရသူ ကိုသန္းလြင္သည္ ဒီေရေတာအတြင္း တိမ္းေရွာင္ခဲ့ေသာ္လည္း ဖမ္းဆီးခံလိုက္ရသည္ဟု ႐ြာသားမ်ားက ဆိုသည္။

“ဖမ္းမိၿပီးေနာက္မွာ လက္ေနာက္ျပန္ႀကိဳးခ်ည္ၿပီး ဝိုင္းၿပီး ထိုးႀကိတ္႐ိုက္ႏွက္ခဲ့လို႔ ဒဏ္ရာေတြမနည္းဘူး“ ဟု ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့သူ ပန္းဇင္႐ြာသား တစ္ဦးက ေျပာသည္။

ကိုသန္းလြင္ ဖမ္းခံရၿပီးေနာက္ တဆက္တည္း NLD ပါတီဝင္ တစ္ဦးျဖစ္သည့္ ကိုမိုးထက္ေအာင္၏ ေနအိမ္ကို ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွာေဖြခဲ့ၿပီး ကိုမိုးထက္ေအာင္ကို မေတြ႕သည့္အတြက္ ညီျဖစ္သူ ကိုေဇာ္ေအာင္ အား ဖမ္းဆီးေခၚသြားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဝင္ တစ္ဦးျဖစ္သည့္ ကိုမိုးထက္ေအာင္ ၏ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္သိရွိႏိုင္ေရး စုံစမ္းေမးျမန္းႏိုင္ရန္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးဝင္းလတ္ထံ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ေပ။