ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီနှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ် နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကျား TYC-PDF တပ်ဖွဲ့တို့ အကြား နှစ်ဘက်အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့ (ယမန်နေ့) နံနက် ၄ နာရီ ၄၅ မိနစ် အချိန်ခန့်မှ စတင်ကာ တောင်ပျောက် တိုက်နယ်အတွင်းရှိ ကျွဲခြံကျေးရွာတွင် ပစ်ခတ်မှု စတင်ဖြစ်ပွား ခဲ့ သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသည်ဟု ဒေါင်းမင်းစစ်ဆင်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အပြန်အလှန် အနီးကပ်ပစ်ကြတာဆိုပေမယ့် ကျနော်တို့ဘက်က နှစ်ဦးဒဏ်ရာရခဲ့ပြီး ပျောက်ဆုံးရာမှာ ပြန်ရှာ တွေ့သူ တစ်ဦးကတော့ ဒဏ်ရာပြင်းပြီး သွေးထွက်လွန်နေလို့ စိုးရိမ်ရတာတော့ရှိတယ်“ ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲမှာ နံနက် ၄ နာရီကျော်မှ နံနက် ၈ နာရီခွဲအချိန် ၃ နာရီကျော်အကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ပြင်းထန်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး သဲချောင်းကြီးဘက်သို့ ပြန်ဆုတ် သွားကာ VIGO ကားနှင့် အလောင်းများကို တာလပတ် အုပ်၍ ပြန်သယ်သွားသည်ကို တွေ့ရသည်ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်များက ပြန်လည်ဆုတ်ခွာနေစဉ်အတွင်း နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ရွာ သားတစ်ဦး၏ နေအိမ်ကို မီးရှို့ဖျက်စီးခဲ့ကာ အဖမ်းခံရသူ ရွာသား အချို့ရှိခဲ့သော်လည်း ယနေ့အချိန်ထိ သီးခြား အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက သဲချောင်းကြီး၊ ဝင်းကဖော်ကျေးရွာများတွင် တပ်စွဲကာ ဒေသခံများကို PDF အဖွဲ့ များနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုကာ ကျေးရွာများအတွင်း လိုက်လံရှာဖွေပြီး ပစ်ခတ်ဖမ်းဆီးခြင်း၊ ဥယျာဉ်ခြံ များဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ထို့အပြင် စက်တင်ဘာလ အတွင်းလည်း TYC-PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲငယ် အချို့ ဖြစ်ပွားခဲ့သေးသည်။
*** ZAWGYI ***
ထားဝယ္ခ႐ိုင္အတြင္း စစ္ေကာင္စီႏွင့္ ေဒသခံ PDF မ်ား တိုက္ပြဲျဖစ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။
ထားဝယ္ခ႐ိုင္၊ သရက္ေခ်ာင္းၿမိဳ႕နယ္အတြင္းတြင္ စစ္ေကာင္စီတပ္ ႏွင့္ ေဒါင္းမင္းစစ္ဆင္ေရးေပ်ာက္က်ား TYC-PDF တပ္ဖြဲ႕တို႔ အၾကား ႏွစ္ဘက္အျပန္အလွန္ပစ္ခတ္ တိုက္ပြဲျဖစ္ ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာ ၃ ရက္ေန႔ (ယမန္ေန႔) နံနက္ ၄ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္မွ စတင္ကာ ေတာင္ေပ်ာက္ တိုက္နယ္အတြင္းရွိ ကြၽဲၿခံေက်း႐ြာတြင္ ပစ္ခတ္မႈ စတင္ျဖစ္ပြား ခဲ့ သည့္ အဆိုပါ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးခန႔္ ေသဆုံးခဲ့ၿပီး ၁၀ ဦးေက်ာ္ ဒဏ္ရာရရွိသည္ဟု ေဒါင္းမင္းစစ္ဆင္ေရး တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။
“အျပန္အလွန္ အနီးကပ္ပစ္ၾကတာဆိုေပမယ့္ က်ေနာ္တို႔ဘက္က ႏွစ္ဦးဒဏ္ရာရခဲ့ၿပီး ေပ်ာက္ဆုံးရာမွာ ျပန္ရွာ ေတြ႕သူ တစ္ဦးကေတာ့ ဒဏ္ရာျပင္းၿပီး ေသြးထြက္လြန္ေနလို႔ စိုးရိမ္ရတာေတာ့ရွိတယ္“ ၎က ေျပာသည္။
အဆိုပါတိုက္ပြဲမွာ နံနက္ ၄ နာရီေက်ာ္မွ နံနက္ ၈ နာရီခြဲအခ်ိန္ ၃ နာရီေက်ာ္အၾကာ ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲမ်ား ျပင္းထန္သည္ဟု ေဒသခံမ်ားက ေျပာသည္။
စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီး အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ၿပီး သဲေခ်ာင္းႀကီးဘက္သို႔ ျပန္ဆုတ္ သြားကာ VIGO ကားႏွင့္ အေလာင္းမ်ားကို တာလပတ္ အုပ္၍ ျပန္သယ္သြားသည္ကို ေတြ႕ရသည္ဟု မ်က္ျမင္ ေဒသခံတစ္ဦးက ေျပာသည္။
တိုက္ပြဲၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားက ျပန္လည္ဆုတ္ခြာေနစဥ္အတြင္း နံနက္ ၁၀ နာရီခြဲ အခ်ိန္ခန႔္တြင္ ႐ြာ သားတစ္ဦး၏ ေနအိမ္ကို မီးရႈိ႕ဖ်က္စီးခဲ့ကာ အဖမ္းခံရသူ ႐ြာသား အခ်ိဳ႕ရွိခဲ့ေသာ္လည္း ယေန႔အခ်ိန္ထိ သီးျခား အတည္မျပဳႏိုင္ေသးေပ။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက သဲေခ်ာင္းႀကီး၊ ဝင္းကေဖာ္ေက်း႐ြာမ်ားတြင္ တပ္စြဲကာ ေဒသခံမ်ားကို PDF အဖြဲ႕ မ်ားႏွင့္ ဆက္စပ္မႈရွိသည္ဟု ဆိုကာ ေက်း႐ြာမ်ားအတြင္း လိုက္လံရွာေဖြၿပီး ပစ္ခတ္ဖမ္းဆီးျခင္း၊ ဥယ်ာဥ္ၿခံ မ်ားဘက္ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္ဟု ေဒသခံ႐ြာသားမ်ားက ေျပာသည္။
ထို႔အျပင္ စက္တင္ဘာလ အတြင္းလည္း TYC-PDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲငယ္ အခ်ိဳ႕ ျဖစ္ပြားခဲ့ေသးသည္။