စိုက်ပျိုးရေး သုံး ပစ္စည်းများ ဈေးတက်၍ တောင်သူများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။

ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှု အကျိုးဆက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ဈေးနှုန်းမြင့် တက်လာသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက် တောင်သူများ အခက်အခဲဖြစ်နေသည်။

ရိတ်သိမ်း ချွေလှေ့စက် နှင့် ပို့ဆောင်သယ် ယူရေးအတွက် လိုအပ်သည့် ဓါတ်ဆီ၊ စက်သုံးဆီနှင့် ဓာတ်မြေသြဇာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် အခက်ကြုံနေခြင်း ဖြစ်သည်။

“စက်သုံး ဆီဈေးတက်နေတယ်။ ဆေးအိတ်ဈေးက နှစ်ဆ တက်နေတယ်။ ပြန်ကျဖို့ မမြင်ဘူး။ လက်ရှိ စပါး ပေါက်ဈေးနဲ့က အရှုံးပြနေတယ်။ ဒီလိုဆက်ဖြစ်နေရင် ဘာလုပ်ရမှန်းကို မသိတော့ဘူး” ဟု ကျောင်းကုန်းမြို့ နယ်မှ တောင်သူ ဦးထွန်းလှ က ပြောသည်။

အောက်တိုဘာ လဆန်းတွင် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ကျပ် ဒေသတွင်း ပေါက်ဈေးဖြစ်လာပြီး စက်သုံးဆီမှာ တစ်ပေပါလျှင် ၁၃၅၀၀၀ ကျပ် မှ ၄၅၀၀၀၀ ကျပ်၊ ယူရီးယားပုလဲ ဓာတ်မြေသြဇာ တစ်အိတ် လျှင် ၂၅၀၀၀ကျပ် မှ ၅၀၀၀၀ ကျပ်ကျော်၊ တီစူပါ ဓာတ်မြေသြဇာ အနက် ၂၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ် အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း တောင်သူများက ပြောသည်။

ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခ တစ်ဧက ၃၅၀၀၀ ကျပ် မှ တစ်ဧက ၆၀၀၀၀ ကျပ်ဖြစ်လာပြီး လက်ရှိ မိုးစပါး ဈေးမှာ တင်းတစ်ရာလျှင် ၄,၈၀၀၀၀ ကျပ် ဈေးစဖွင့်ထားကာ ဆောင်းစပါးစိုက်ချိန် အထိ ၇ သိန်းထက်မပို နိုင် ကြောင်း ပုသိမ်၊ မြောင်းမြ ဆန်စပါး ကုန်သည်များအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စပါးဈေး ၇ သိန်း ရမည့် အချိန်ထိတောင်သူများက ၎င်းတို့စပါးကို ထိန်းမထားနိုင်ဘဲ အစောပိုင်း ပေါ်ဦးပေါ်ဖျား ကာလမှာ ပင်ထုတ် ရောင်းနေကြရသဖြင့် စပါးစိုက်တောင်သူများ အတွက် အရှုံးပြနေပြီ ဖြစ်ကြောင်း ကန်ကြီး ဒေါင့်မြို့နယ်က လယ်သမား ဦးတင်ဝင်းက ပြောသည်။

စပါးစိုက်တောင်သူများ အနေဖြင့် အရှုံးပေါ်နေခြင်း၊ ပြည်ပဝယ်လိုအား မရှိခြင်း၊ ဒေသတွင်း ဈေးကွက်ကိုသာ မှီခိုနေရခြင်းတို့ကြောင့် တွက်ခြေမကိုက်သဖြင့် တောင်သူ အများစုက ဝမ်းစာအတွက်သာ စိုက်ပျိုးရတော့မည့် အခြေအနေများ တို့ကြောင့် စပါးစိုက်ပျိုးနှုန်း လျော့ကျလာနိုင်ကာ ဒေသတွင်း စားနပ်ရိက္ခာ ပိုမိုကြပ်တည်း လာနိုင်ကြောင်း ဦးတင်ဝင်း က သုံးသပ်ပြောဆိုသည်။

ဧရာဝတီတိုင်းတွင်းရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေတောင်သူများ ဖြစ်ပြီး မိုးစပါးစိုက်ပျိုးဧက ၁ ဒဿမ ၃ သန်းကျော်ရှိပြီး နွေစပါးစိုက်ဧက ၃ ဒဿမ ၆ သန်းကျော်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လယ် ယာစိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

*** ZAWGYI ***
စိုက္ပ်ိဳးေရး သုံး ပစၥည္းမ်ား ေဈးတက္၍ ေတာင္သူမ်ား အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။

ေဒၚလာေဈး စံခ်ိန္တင္ျမင့္တက္မႈ အက်ိဳးဆက္အျဖစ္ စိုက္ပ်ိဳးေရးလုပ္ငန္းသုံး ပစၥည္းမ်ား ေဈးႏႈန္းျမင့္ တက္လာသျဖင့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ စပါးစိုက္ ေတာင္သူမ်ား အခက္အခဲျဖစ္ေနသည္။

ရိတ္သိမ္း ေခြၽေလွ႔စက္ ႏွင့္ ပို႔ေဆာင္သယ္ ယူေရးအတြက္ လိုအပ္သည့္ ဓါတ္ဆီ၊ စက္သုံးဆီႏွင့္ ဓာတ္ေျမၾသဇာ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး ေဈးႏႈန္းမ်ား ျမင့္တက္မႈတို႔ေၾကာင့္ အခက္ႀကဳံေနျခင္း ျဖစ္သည္။

“စက္သုံး ဆီေဈးတက္ေနတယ္။ ေဆးအိတ္ေဈးက ႏွစ္ဆ တက္ေနတယ္။ ျပန္က်ဖို႔ မျမင္ဘူး။ လက္ရွိ စပါး ေပါက္ေဈးနဲ႔က အရႈံးျပေနတယ္။ ဒီလိုဆက္ျဖစ္ေနရင္ ဘာလုပ္ရမွန္းကို မသိေတာ့ဘူး” ဟု ေက်ာင္းကုန္းၿမိဳ႕ နယ္မွ ေတာင္သူ ဦးထြန္းလွ က ေျပာသည္။

ေအာက္တိုဘာ လဆန္းတြင္ တစ္ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ ၂၇၀၀ က်ပ္ ေဒသတြင္း ေပါက္ေဈးျဖစ္လာၿပီး စက္သုံးဆီမွာ တစ္ေပပါလွ်င္ ၁၃၅၀၀၀ က်ပ္ မွ ၄၅၀၀၀၀ က်ပ္၊ ယူရီးယားပုလဲ ဓာတ္ေျမၾသဇာ တစ္အိတ္ လွ်င္ ၂၅၀၀၀က်ပ္ မွ ၅၀၀၀၀ က်ပ္ေက်ာ္၊ တီစူပါ ဓာတ္ေျမၾသဇာ အနက္ ၂၅၀၀၀ က်ပ္မွ ၆၀၀၀၀ က်ပ္ အထိ ေဈးႏႈန္းမ်ား ျမင့္တက္လာေၾကာင္း ေတာင္သူမ်ားက ေျပာသည္။

ရိတ္သိမ္းေႁခြေလွ႔စက္ ငွားရမ္းခ တစ္ဧက ၃၅၀၀၀ က်ပ္ မွ တစ္ဧက ၆၀၀၀၀ က်ပ္ျဖစ္လာၿပီး လက္ရွိ မိုးစပါး ေဈးမွာ တင္းတစ္ရာလွ်င္ ၄,၈၀၀၀၀ က်ပ္ ေဈးစဖြင့္ထားကာ ေဆာင္းစပါးစိုက္ခ်ိန္ အထိ ၇ သိန္းထက္မပို ႏိုင္ ေၾကာင္း ပုသိမ္၊ ေျမာင္းျမ ဆန္စပါး ကုန္သည္မ်ားအသင္း တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

စပါးေဈး ၇ သိန္း ရမည့္ အခ်ိန္ထိေတာင္သူမ်ားက ၎တို႔စပါးကို ထိန္းမထားႏိုင္ဘဲ အေစာပိုင္း ေပၚဦးေပၚဖ်ား ကာလမွာ ပင္ထုတ္ ေရာင္းေနၾကရသျဖင့္ စပါးစိုက္ေတာင္သူမ်ား အတြက္ အရႈံးျပေနၿပီ ျဖစ္ေၾကာင္း ကန္ႀကီး ေဒါင့္ၿမိဳ႕နယ္က လယ္သမား ဦးတင္ဝင္းက ေျပာသည္။

စပါးစိုက္ေတာင္သူမ်ား အေနျဖင့္ အရႈံးေပၚေနျခင္း၊ ျပည္ပဝယ္လိုအား မရွိျခင္း၊ ေဒသတြင္း ေဈးကြက္ကိုသာ မွီခိုေနရျခင္းတို႔ေၾကာင့္ တြက္ေျခမကိုက္သျဖင့္ ေတာင္သူ အမ်ားစုက ဝမ္းစာအတြက္သာ စိုက္ပ်ိဳးရေတာ့မည့္ အေျခအေနမ်ား တို႔ေၾကာင့္ စပါးစိုက္ပ်ိဳးႏႈန္း ေလ်ာ့က်လာႏိုင္ကာ ေဒသတြင္း စားနပ္ရိကၡာ ပိုမိုၾကပ္တည္း လာႏိုင္ေၾကာင္း ဦးတင္ဝင္း က သုံးသပ္ေျပာဆိုသည္။

ဧရာဝတီတိုင္းတြင္းရွိ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းမွာ ေက်းလက္ေနေတာင္သူမ်ား ျဖစ္ၿပီး မိုးစပါးစိုက္ပ်ိဳးဧက ၁ ဒႆမ ၃ သန္းေက်ာ္ရွိၿပီး ေႏြစပါးစိုက္ဧက ၃ ဒႆမ ၆ သန္းေက်ာ္ရွိေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး လယ္ ယာစိုက္ပ်ိဳးေရး ဦးစီးဌာန၏ မွတ္တမ္းမ်ားအရ သိရသည္။