သတင်းပေးက PDF များ ရှိသည် ဆိုခြင်းကြောင်း စစ်ကောင်စီတပ်များက အိမ်များ မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်။
သတင်းပေးတစ်ဦးက PDF များ ရှိသည်ဟုဆိုခြင်းကြောင့် မန္တလေးတိုင်း၊ မတ္တရာမြို့အတွင်း ရွာတစ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ခန့် လာရောက်ပြီး နေအိမ်များဖျက်စီး မီးရှို့ရာ အိမ် ၁၀ လုံး ပြာကျ ခဲ့ သည်။
အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၃နာရီခွဲ အချိန်ခန့်က ရွာခံသတင်းပေးတစ်ဦးနှင့် စစ်သားများသဖန်းကိုင်းကျေးရွာသို့ ရောက် လာပြီး မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၀ အရွယ် သဖန်းကိုင်းရွာသားတစ်ဦး က ပြောသည်။
“မီးရှို့တာက ဗျာ ရိုးရိုးရှို့တာမဟုတ်ဘူး။ နံရံတွေကို မိုင်းခွဲပြီးရှို့တာ။ နောက်ထပ်လည်း လာရှို့အုံးမှာလို့ ပြောသွားသေးတယ်” ဟု ပြောသည်။
သဖန်းကိုင်းကျေးရွာ အရှေ့ပိုင်းရှိ ဆေးခန်းမျက်နှာချင်းဆိုင် အိမ်ကို စတင်ပြီးမီးရှို့ခဲ့ပြီး အခြား အိမ်တစ်အိမ်မှ လည်း ငွေကျပ်သိန်း ၇၀ နှင့် ရွှေထည်များ ယူသွားကြောင်း၊ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ရှင် အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ပါတီ NLD ကို ထောက်ခံသူဖြစ်ကြောင်း ရွာသားများက ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့ အချိန်အထိ ရွာသားများ ကြောက်ရွံပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
လက်ရှိ ရွာထဲတွင် နေထိုင်သူမရှိဖြစ်နေကြောင်း၊ ရွာသားများ ကြောက်ရွံ့ကာ ရွာအနီးရှိတောတန်းများနှင့် အခြား ကျေးရွာများသို့ ပစ္စည်းများသယ်ကာ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် နှစ်ပတ်မှစတင်၍ အိမ်သုံးလုံးအား စစ်ကောင်စီများက လာရောက်ဖျက်ဆီးခဲ့ပြီး ဦးဆင်ပေါက် ဆိုသူ ကို ဖမ်းဆီးသွားကြောင်း၊ ထို့နောက် အောက်တိုဘာ ၁ ရက်နေ့တွင် ဒုတိယအကြိမ်လာရောက်စဉ် ဖမ်းခံထားရ သည့် ဦးဆင်ပေါက်၏ ဇနီးကို စစ်ကောင်စီတပ်များက ခေါ်ယူမေးမြန်း စစ်ဆေးမှုများလည်း ရှိသည်ဟု ဆိုသည်။
*** ZAWGYI ***
သတင္းေပးက PDF မ်ား ရွိသည္ ဆိုျခင္းေၾကာင္း စစ္ေကာင္စီတပ္မ်ားက အိမ္မ်ား မီးရႈိ႕
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၄ ရက္။
သတင္းေပးတစ္ဦးက PDF မ်ား ရွိသည္ဟုဆိုျခင္းေၾကာင့္ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕အတြင္း ႐ြာတစ္႐ြာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၅ ေယာက္ခန႔္ လာေရာက္ၿပီး ေနအိမ္မ်ားဖ်က္စီး မီးရႈိ႕ရာ အိမ္ ၁၀ လုံး ျပာက် ခဲ့ သည္။
ေအာက္တိုဘာလ ၁ ရက္ေန႔၊ ညေန ၃နာရီခြဲ အခ်ိန္ခန႔္က ႐ြာခံသတင္းေပးတစ္ဦးႏွင့္ စစ္သားမ်ားသဖန္းကိုင္းေက်း႐ြာသို႔ ေရာက္ လာၿပီး မီးရႈိ႕ခဲ့ျခင္း ျဖစ္သည္ဟု အသက္ ၃၀ အ႐ြယ္ သဖန္းကိုင္း႐ြာသားတစ္ဦး က ေျပာသည္။
“မီးရႈိ႕တာက ဗ်ာ ႐ိုး႐ိုးရႈိ႕တာမဟုတ္ဘူး။ နံရံေတြကို မိုင္းခြဲၿပီးရႈိ႕တာ။ ေနာက္ထပ္လည္း လာရႈိ႕အုံးမွာလို႔ ေျပာ သြား ေသးတယ္” ဟု ေျပာသည္။
သဖန္းကိုင္းေက်း႐ြာ အေရွ႕ပိုင္းရွိ ေဆးခန္းမ်က္ႏွာခ်င္းဆိုင္ အိမ္ကို စတင္ၿပီးမီးရႈိ႕ခဲ့ၿပီး အျခား အိမ္တစ္အိမ္မွ လည္း ေငြက်ပ္သိန္း ၇၀ ႏွင့္ ေ႐ႊထည္မ်ား ယူသြားေၾကာင္း၊ ေက်း႐ြာအတြင္း မီးရႈိ႕ဖ်က္ဆီးခံရသည့္ အိမ္ရွင္ အမ်ားစုမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ပါတီ NLD ကို ေထာက္ခံသူျဖစ္ေၾကာင္း ႐ြာသားမ်ားက ေျပာသည္။
ေအာက္တိုဘာ ၃ ရက္ေန႔ အခ်ိန္အထိ ႐ြာသားမ်ား ေၾကာက္႐ြံၿပီး ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု ဆိုသည္။
လက္ရွိ ႐ြာထဲတြင္ ေနထိုင္သူမရွိျဖစ္ေနေၾကာင္း၊ ႐ြာသားမ်ား ေၾကာက္႐ြံ႕ကာ ႐ြာအနီးရွိေတာတန္းမ်ားႏွင့္ အျခား ေက်း႐ြာမ်ားသို႔ ပစၥည္းမ်ားသယ္ကာ ထြက္ေျပးတိမ္းေရွာင္းေနၾကရသည္ဟု ႐ြာသားမ်ားက ေျပာသည္။
ၿပီးခဲ့သည့္ ႏွစ္ပတ္မွစတင္၍ အိမ္သုံးလုံးအား စစ္ေကာင္စီမ်ားက လာေရာက္ဖ်က္ဆီးခဲ့ၿပီး ဦးဆင္ေပါက္ ဆိုသူ ကို ဖမ္းဆီးသြားေၾကာင္း၊ ထို႔ေနာက္ ေအာက္တိုဘာ ၁ ရက္ေန႔တြင္ ဒုတိယအႀကိမ္လာေရာက္စဥ္ ဖမ္းခံထားရ သည့္ ဦးဆင္ေပါက္၏ ဇနီးကို စစ္ေကာင္စီတပ္မ်ားက ေခၚယူေမးျမန္း စစ္ေဆးမႈမ်ားလည္း ရွိသည္ဟု ဆိုသည္။