သူနာပြုနှင့် သားဖွား နောက်ဆုံးနှစ် ကျောင်းသူများအား ကျောင်းပြန်တက်ရန် အာဏာပိုင်များက အတင်းတိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ က သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသူများအား တာဝန်ရှိသူများက မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်းဆက်ခေါ်နေသည်ဟု သင်တန်းသူများက ပြောသည်။
တစ်ပတ်ခန့် ကျောင်းပြန်တက်ပြီးနောက် စာမေးပွဲဖြေဆိုရန် သင်တန်းနောက်ဆုံး နှစ်ကျောင်းသူများကို ဖုန်းဆက် ၍ အကြောင်းကြားထားကြောင်း ပုသိမ်မြို့က သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တာဝန်ရှိသူ က ပြောသည်။
“အောက်တိုဘာလထဲမှာ ကျောင်းပြန်ဖွင့်မယ်။ လာတက်ရမယ်။ တစ်လအတွင်း စာမေးပွဲဖြေရမယ်။ မဖြစ်မ နေတက်ဖို့ ဖုန်းနဲ့ပြောတယ်” ဟု သူနာပြု သင်တန်းသူ တစ်ဦး က ပြောသည်။
စစ်ကောင်စီ လက်အောက်တွင် ကျောင်းဆက်တက်ပြီး တာဝန်မထမ်းဆောင်လိုသူ အချို့က ဖုန်းနံပါတ်များကို ပြောင်းကိုင်ထားကြပြီး ကျောင်းတာဝန်ရှိသူများနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြောင်း ယင်း သင်တန်း ကျောင်း၊ ကျောင်းသားသမဂ္ဂ အဖွဲ့ထံမှ သိရသည်။
ကျောင်းပြန်မတက်ဘဲ CDM ဆက်လုပ်မည့် ကျောင်းသူများက အများစုဖြစ်ပြီး စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝန်းက ကျောင်းသူ အချို့သာ ကျောင်းပြန်တက်ကြရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် CDM လုပ်နေသူ နောက်ဆုံးနှစ်ကျောင်းသူ တစ်ဦးက “အာဏာရှင်ရဲ့ လက် အောက်မှာ အနာဂတ် မရှိဘူး။ မလုံခြုံဘူး။ အာမခံချက် မရှိဘူး။ ဒါကြောင့် ကျမတို့ အနာဂတ်အတွက် ဆက် ပြီး CDM လုပ်မယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန အောက်မှ ဝန်ထမ်း အများအပြားမှာ လူထုအာဏာ ဖီဆန်မှုအနေဖြင့် အလုပ်ဆက်မလုပ်ပဲ သပိတ်မှောက်ကြသည်။ ထိုသူများ နေရာတွင် လူသစ်များ အစားထိုးရန် စစ်ကောင်စီက အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သူနာပြုနှင့် သားဖွား သင်တန်းမှ ကျောင်းသူများသည် စစ်တပ်အာဏာပြီးနောက် ပုသိမ်ဆေးရုံအုပ်ကြီး၊ ပင်း တယမီးအိမ်ရှင်တို့နှင့်အတူ ဧရာဝတီတိုင်းတွင် အစောဆုံး CDM ပြုလုပ်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် သင်တန်းကျောင်းလည်း ဖြစ်သည်။
*** ZAWGYI ***
သူနာျပဳႏွင့္ သားဖြား ေနာက္ဆုံးႏွစ္ ေက်ာင္းသူမ်ားအား ေက်ာင္းျပန္တက္ရန္ အာဏာပိုင္မ်ားက အတင္းတိုက္တြန္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕ က သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းမွ ေနာက္ဆုံးႏွစ္ ေက်ာင္းသူမ်ားအား တာဝန္ရွိသူမ်ားက မျဖစ္မေန ေက်ာင္းျပန္တက္ရန္ ဖုန္းဆက္ေခၚေနသည္ဟု သင္တန္းသူမ်ားက ေျပာသည္။
တစ္ပတ္ခန႔္ ေက်ာင္းျပန္တက္ၿပီးေနာက္ စာေမးပြဲေျဖဆိုရန္ သင္တန္းေနာက္ဆုံး ႏွစ္ေက်ာင္းသူမ်ားကို ဖုန္းဆက္ ၍ အေၾကာင္းၾကားထားေၾကာင္း ပုသိမ္ၿမိဳ႕က သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္း တာဝန္ရွိသူ က ေျပာသည္။
“ေအာက္တိုဘာလထဲမွာ ေက်ာင္းျပန္ဖြင့္မယ္။ လာတက္ရမယ္။ တစ္လအတြင္း စာေမးပြဲေျဖရမယ္။ မျဖစ္မ ေနတက္ဖို႔ ဖုန္းနဲ႔ေျပာတယ္” ဟု သူနာျပဳ သင္တန္းသူ တစ္ဦး က ေျပာသည္။
စစ္ေကာင္စီ လက္ေအာက္တြင္ ေက်ာင္းဆက္တက္ၿပီး တာဝန္မထမ္းေဆာင္လိုသူ အခ်ိဳ႕က ဖုန္းနံပါတ္မ်ားကို ေျပာင္းကိုင္ထားၾကၿပီး ေက်ာင္းတာဝန္ရွိသူမ်ားႏွင့္ အဆက္အသြယ္ ျဖတ္ေတာက္ထားေၾကာင္း ယင္း သင္တန္း ေက်ာင္း၊ ေက်ာင္းသားသမဂၢ အဖြဲ႕ထံမွ သိရသည္။
ေက်ာင္းျပန္မတက္ဘဲ CDM ဆက္လုပ္မည့္ ေက်ာင္းသူမ်ားက အမ်ားစုျဖစ္ၿပီး စစ္ေကာင္စီႏွင့္ နီးစပ္သည့္ အသိုင္းအဝန္းက ေက်ာင္းသူ အခ်ိဳ႕သာ ေက်ာင္းျပန္တက္ၾကရန္ ျပင္ဆင္ေနၾကသည္ဟု ဆိုသည္။
လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ CDM လုပ္ေနသူ ေနာက္ဆုံးႏွစ္ေက်ာင္းသူ တစ္ဦးက “အာဏာရွင္ရဲ႕ လက္ ေအာက္မွာ အနာဂတ္ မရွိဘူး။ မလုံၿခဳံဘူး။ အာမခံခ်က္ မရွိဘူး။ ဒါေၾကာင့္ က်မတို႔ အနာဂတ္အတြက္ ဆက္ ၿပီး CDM လုပ္မယ္” ဟု ေျပာသည္။
စစ္အာဏာသိမ္းၿပီးေနာက္တြင္ က်န္းမာေရးႏွင့္ ပညာေရးဝန္ႀကီးဌာန ေအာက္မွ ဝန္ထမ္း အမ်ားအျပားမွာ လူထုအာဏာ ဖီဆန္မႈအေနျဖင့္ အလုပ္ဆက္မလုပ္ပဲ သပိတ္ေမွာက္ၾကသည္။ ထိုသူမ်ား ေနရာတြင္ လူသစ္မ်ား အစားထိုးရန္ စစ္ေကာင္စီက အျပင္းအထန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။
သူနာျပဳႏွင့္ သားဖြား သင္တန္းမွ ေက်ာင္းသူမ်ားသည္ စစ္တပ္အာဏာၿပီးေနာက္ ပုသိမ္ေဆး႐ုံအုပ္ႀကီး၊ ပင္း တယမီးအိမ္ရွင္တို႔ႏွင့္အတူ ဧရာဝတီတိုင္းတြင္ အေစာဆုံး CDM ျပဳလုပ္၍ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ခဲ့သည့္ သင္တန္းေက်ာင္းလည္း ျဖစ္သည္။