အလယ်တော ရဲစခန်း စီးနင်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
စစ်ကိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ အလယ်တောရဲစခန်း အောက်တိုဘာလ ၃ ရက်နေ့၊ ညက ဝင် ရောက်စီးနင်း မီးရှို့ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၃ ရက်နေ့ (ယမန်နေ့) ည ၈ နာရီကျော် အချိန်ခန့်တွင် သေနတ်ပစ်သံများ စတင်ကြားရပြီး အလယ်တော ရဲစခန်းမီးလောင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊
“အုန်းအုန်းနဲ့ လေးချက်လောက်တော့ ကြားရတယ်။ ရဲတွေက ပြန်ပစ်သံတော့ မကြားရဘူး“ ဒေသခံတစ်ဦး က ဆက်ပြောသည်။
ထွက်ပေါ်လာသည့် သေနတ်သံသည် တိုက်ပွဲဖြစ်နေသည့် အသံမျိုးမဟုတ်ဘဲ တဘက်တည်းက ပစ်နေသည့် အသံမျိုးဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
အောက်တိုဘာလ ၃ရက် ည ၈ နာရီကျော် အချိန်ခန့်တွင် အလယ်တောကျေးရွာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခံခဲ့ ကြောင်း တိုက်ပွဲထိတွေ့ဖြစ်ပွားခြင်းမျိုးမရှိကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြား တပ်ဖွဲ့ တာဝန် ရှိသူတစ်ဦး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။
နံနက် ၄ နာရီ အချိန်ခန့်တွင် ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းအား လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ် သတိပေးခဲ့ ကြောင်း အဆိုပါ ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
ထီးချိုင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားလုံးနီပါးလည်း တာဝန်မှ အသီးသီး နုတ်ထွက်ထား ပြီးဖြစ်ကြောင်းနှင့် CDM ရဲတပ်သား ၂၀ ခန့်ကိုလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ပျောက်ကြား တပ်ဖွဲ့က လက် ခံထားကြောင်း ၎င်းက ဆက်ပြောသည်။
လက်နက်ကြီးများ ကျချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို မတွေ့ရဘဲ ညနေပိုင်းကျမှသာ ခရီးသွား လာ နေသူများနှင့် ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးမှုများပြုလုပ်ကြောင်း ထီချိုင့်မြို့က ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။
*** ZAWGYI ***
အလယ္ေတာ ရဲစခန္း စီးနင္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။
စစ္ကိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ အလယ္ေတာရဲစခန္း ေအာက္တိုဘာလ ၃ ရက္ေန႔၊ ညက ဝင္ ေရာက္စီးနင္း မီးရႈိ႕ခံလိုက္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ေအာက္တိုဘာလ ၃ ရက္ေန႔ (ယမန္ေန႔) ည ၈ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ ေသနတ္ပစ္သံမ်ား စတင္ၾကားရၿပီး အလယ္ေတာ ရဲစခန္းမီးေလာင္ေနသည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း၊
“အုန္းအုန္းနဲ႔ ေလးခ်က္ေလာက္ေတာ့ ၾကားရတယ္။ ရဲေတြက ျပန္ပစ္သံေတာ့ မၾကားရဘူး“ ေဒသခံတစ္ဦး က ဆက္ေျပာသည္။
ထြက္ေပၚလာသည့္ ေသနတ္သံသည္ တိုက္ပြဲျဖစ္ေနသည့္ အသံမ်ိဳးမဟုတ္ဘဲ တဘက္တည္းက ပစ္ေနသည့္ အသံမ်ိဳးျဖစ္ေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ေအာက္တိုဘာလ ၃ရက္ ည ၈ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ အလယ္ေတာေက်း႐ြာ ရဲစခန္းကို မီးရႈိ႕ဖ်က္ဆီးခံခဲ့ ေၾကာင္း တိုက္ပြဲထိေတြ႕ျဖစ္ပြားျခင္းမ်ိဳးမရွိေၾကာင္း ထီးခ်ိဳင့္ျပည္သူ႔ကာကြယ္ေရး ေပ်ာက္ၾကား တပ္ဖြဲ႕ တာဝန္ ရွိသူတစ္ဦး က သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာသည္။
နံနက္ ၄ နာရီ အခ်ိန္ခန႔္တြင္ ထီးခ်ိဳင့္ၿမိဳ႕ေပၚရွိ ရဲစခန္းအား လက္နက္ႀကီးျဖင့္ ႏွစ္ခ်က္ပစ္ခတ္ သတိေပးခဲ့ ေၾကာင္း အဆိုပါ ထီးခ်ိဳင့္ျပည္သူ႔ကာကြယ္ေရး ေပ်ာက္ၾကားတပ္ဖြဲ႕ တာဝန္ရွိသူက ဆက္ေျပာသည္။
ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ား အားလုံးနီပါးလည္း တာဝန္မွ အသီးသီး ႏုတ္ထြက္ထား ၿပီးျဖစ္ေၾကာင္းႏွင့္ CDM ရဲတပ္သား ၂၀ ခန႔္ကိုလည္း ထီးခ်ိဳင့္ျပည္သူ႔ကာကြယ္ေရး ေပ်ာက္ၾကား တပ္ဖြဲ႕က လက္ ခံထားေၾကာင္း ၎က ဆက္ေျပာသည္။
လက္နက္ႀကီးမ်ား က်ခ်ိန္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားမႈမ်ားကို မေတြ႕ရဘဲ ညေနပိုင္းက်မွသာ ခရီးသြား လာ ေနသူမ်ားႏွင့္ ျဖတ္သြားျဖတ္လာ ျပည္သူမ်ားကို စစ္ေဆးမႈမ်ားျပဳလုပ္ေၾကာင္း ထီခ်ိဳင့္ၿမိဳ႕က ေဒသခံ အမ်ိဳးသမီး တစ္ဦးကေျပာသည္။