စစ်ကောင်စီ တပ်များက KNU ထိစပ်ဒေသများမှ လူငယ်များတောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် အယောက် ၃၀ စီ ပေးရန် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက တောင်းဆိုမှုများရှိသည် ဟု ညောင်လေးပင်ခရိုင်ရှိ ဒေသခံများနှင့် KNU က ပြောသည်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်နှင့် မုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စုများရှိ ဒေသခံ လူငယ်များကို ပေးရန် စစ်ကောင်စီဖက်က ပြောဆိုလာကြောင်း ဒေသခံများက ပြောသည်။

ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ မုန်းဒေသ၊ ဒီနတ်သံ ကွင်းတို့ အုပ်စုမှတော့ ကျနော်တို့ တောင်းတယ်လို့ ကြားတာပဲ။ ဒီဖက် အခုနက ရွှေကျင်ဖက်ခြမ်းမှာလည်း ကြားတယ်” ဟု ပြောသည်။

စစ်ကောင်စီဘက်က တောင်းဆိုမှုနှင့် ပတ်သက်၍ KNU က “စစ်ကောင်စီ၏လက်အောက်ခံ ရဲတပ်ဖွဲ့များ သည် ကေအဲန်ယူ-ဆောထိမြို့နယ်မှ အင်းကြိုက်၊ ထမင်း ရုံ၊ အောဖလား နှင့် တံတားကျိုး ကျေးရွာများ အတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ဦး ပေးဆောင်ရန် ဆင့်ခေါ်ခဲ့ပါသည်။ ကျေးရွာအုပ်စု တစ်အုပ်စုမှ လူငယ် (၃၀) ဦးမပေး ဆောင်လျှင် လိုက်လံဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ပြော ဆိုခဲ့ပါသည်” ဟု စက်တင်ဘာလ ၄ ရက် (ယမန်နေ့) တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ပြောဆိုမှုများ ရှိနေရသော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီဖက်မှ အကောင်အထည်ဖော် လုပ်ဆောင်မှု များကို မတွေ့ရသေးကြောင်း ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ က ဆက်ပြော သည်။

၎င်းက “ဒီဖက် ဒီရွှေကျင်ဘက်ခြမ်းမှာလည်း ကြားနေရတယ်။ အဲ့လိုခေါ်တာပေါ့နော်။ ဒါပေမယ့် တကယ်တော့ လက်တွေ့မှာတော့ သူတို့ လုပ်တာ မရှိသေးဘူးပေါ့နော။ တစ်နေရာ နှစ်နေရာမှာတော့ သူတို့ တောင်းတာ ကြားတယ်။ ဒီဖက်မှာတော့ ကျနော်တို့ ကြားတာပဲ။ ကြားတဲ့ အပေါ်မှာ တကယ်တော့ သူတို့ လုပ်တာတော့ မတွေ့ သေးဘူး” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီအား လူငယ်များပေးရန် တောင်းထားသည့် နယ်မြေများသည် စစ်ကောင်စီနှင့် ကရင်အမျိုး သား အစည်းအရုံး KNU တပ်မဟာ ၃ တို့ နှစ်ဖက်ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်ဟု ညောင်လေး ပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ က ဆက်ပြောသည်။

“နှစ်ဖက် ထိန်းချုပ်နယ်မြေအပေါ်မှာလည်းပဲ သူတို့ ချိန်ဆပြီးတော့ လုပ်နေတဲ့ သဘောတော့ ရှိတယ်။ ဒါပေ မယ့် ပြောတာကတော့ ကြားတယ်။ အဲလိုတောင်းတာ ၁၅ ယောက်တို့ ၃၀ တို့ ဆိုတာမျိုး အဲ့ဖက်တွေမှာ သူတို့ အစီအစဉ်တော့ရှိတယ်။ ဒါပေမယ့် အတင်းအဓမ္မလုပ်တဲ့ အနေအထားတစ်ခုကတော့ မရှိသေးဘူးပေါ့နော်။ အဲဒီကိစ္စကတော့ ခုနပြောသလိုပေါ့ နှစ်ဖက် ထိန်းချုပ်တဲ့ နေရာက ဟိုဖက်လည်း လက်လှမ်းမှီတယ်။ ဒီဖက် လည်း လက်လှမ်းမှီတယ်။ သူတို့အရမ်းလည်း မလုပ်ပါဘူး။ ဒါပေမယ့် နောက်ဆုံး သူတို့ အခြေအနေတစ်ခု အပေါ် မှာ လုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမယ့် ပြောတာကတော့ ကြားတယ်။ အဲ့သလို” ဟု ပြောသည်။

စစ်ကောင်စီတပ်များက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာအုပ်စုများမှ လူငယ်များကို ပေးဆောင်ရန် ပြောဆိုနေသကဲ့သို့ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဒေသခံများကို ဖမ်းဆီးကာ ပစ္စည်းများကို သယ်ခိုင်းခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းနှင့် လူသားဒိုင်းသဖွယ် အသုံးပြုမှုများကို လုပ်ဆောင်နေ သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများ က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အတွင်းကလည်း ညောင်လေးပင်ခရိုင်အတွင်းက တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိ တော့သည့်အတွက် ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြသည်ဟု ကရင်လူမှုရေးရာ တာဝန်ရှိသူက ပြော သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းလိုလိုတွင် စစ် ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ ကြားတွင်သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့ အကြားတွင် သော်လည်းကောင်း တိုက်ပွဲဖြစ်ပွား လာခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေရာတိုင်းတွင် လုပ်ဆောင် နေသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုထားသည်။

*** ZAWGYI ***
စစ္ေကာင္စီ တပ္မ်ားက KNU ထိစပ္ေဒသမ်ားမွ လူငယ္မ်ားေတာင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

ေညာင္ေလးပင္ခ႐ိုင္အတြင္းက ေက်း႐ြာအုပ္စုတစ္စုလွ်င္ လူငယ္ အေယာက္ ၃၀ စီ ေပးရန္ စစ္ေကာင္စီ တပ္ဖြဲ႕ ဝင္မ်ားက ေတာင္းဆိုမႈမ်ားရွိသည္ ဟု ေညာင္ေလးပင္ခ႐ိုင္ရွိ ေဒသခံမ်ားႏွင့္ KNU က ေျပာသည္။

ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ရွိ ေ႐ႊက်င္ႏွင့္ မုန္းၿမိဳ႕နယ္အတြင္းက ေက်း႐ြာအုပ္စုမ်ားရွိ ေဒသခံ လူငယ္မ်ားကို ေပးရန္ စစ္ေကာင္စီဖက္က ေျပာဆိုလာေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ေညာင္ေလးပင္ခ႐ိုင္ရွိ ေဒသခံ ကရင္လူမႈေရးရာအဖြဲ႕ တာဝန္ရွိသူ တစ္ဦးက “က်ေနာ္တို႔ မုန္းေဒသ၊ ဒီနတ္သံ ကြင္းတို႔ အုပ္စုမွေတာ့ က်ေနာ္တို႔ ေတာင္းတယ္လို႔ ၾကားတာပဲ။ ဒီဖက္ အခုနက ေ႐ႊက်င္ဖက္ျခမ္းမွာလည္း ၾကားတယ္” ဟု ေျပာသည္။

စစ္ေကာင္စီဘက္က ေတာင္းဆိုမႈႏွင့္ ပတ္သက္၍ KNU က “စစ္ေကာင္စီ၏လက္ေအာက္ခံ ရဲတပ္ဖြဲ႕မ်ား သည္ ေကအဲန္ယူ-ေဆာထိၿမိဳ႕နယ္မွ အင္းႀကိဳက္၊ ထမင္း ႐ုံ၊ ေအာဖလား ႏွင့္ တံတားက်ိဳး ေက်း႐ြာမ်ား အတြင္းသို႔ ဝင္ေရာက္ၿပီး ေက်း႐ြာအုပ္စုတစ္အုပ္စုတြင္ လူငယ္ ၃၀ ဦး ေပးေဆာင္ရန္ ဆင့္ေခၚခဲ့ပါသည္။ ေက်း႐ြာအုပ္စု တစ္အုပ္စုမွ လူငယ္ (၃၀) ဦးမေပး ေဆာင္လွ်င္ လိုက္လံဖမ္းဆီးမည္ဟုလည္း ၿခိမ္းေျခာက္ေျပာ ဆိုခဲ့ပါသည္” ဟု စက္တင္ဘာလ ၄ ရက္ (ယမန္ေန႔) တြင္ ထုတ္ျပန္ထားသည္။

ထိုသို႔ ေျပာဆိုမႈမ်ား ရွိေနရေသာ္လည္း လက္ရွိအခ်ိန္ထိ စစ္ေကာင္စီဖက္မွ အေကာင္အထည္ေဖာ္ လုပ္ေဆာင္မႈ မ်ားကို မေတြ႕ရေသးေၾကာင္း ေညာင္ေလးပင္ခ႐ိုင္ရွိ ေဒသခံ ကရင္လူမႈေရးရာအဖြဲ႕ တာဝန္ရွိသူ က ဆက္ေျပာ သည္။

၎က “ဒီဖက္ ဒီေ႐ႊက်င္ဘက္ျခမ္းမွာလည္း ၾကားေနရတယ္။ အဲ့လိုေခၚတာေပါ့ေနာ္။ ဒါေပမယ့္ တကယ္ေတာ့ လက္ေတြ႕မွာေတာ့ သူတို႔ လုပ္တာ မရွိေသးဘူးေပါ့ေနာ။ တစ္ေနရာ ႏွစ္ေနရာမွာေတာ့ သူတို႔ ေတာင္းတာ ၾကားတယ္။ ဒီဖက္မွာေတာ့ က်ေနာ္တို႔ ၾကားတာပဲ။ ၾကားတဲ့ အေပၚမွာ တကယ္ေတာ့ သူတို႔ လုပ္တာေတာ့ မေတြ႕ ေသးဘူး” ဟု ေျပာသည္။

လက္ရွိ စစ္ေကာင္စီအား လူငယ္မ်ားေပးရန္ ေတာင္းထားသည့္ နယ္ေျမမ်ားသည္ စစ္ေကာင္စီႏွင့္ ကရင္အမ်ိဳး သား အစည္းအ႐ုံး KNU တပ္မဟာ ၃ တို႔ ႏွစ္ဖက္ထိန္းခ်ဳပ္ထားသည့္ နယ္ေျမမ်ားျဖစ္သည္ဟု ေညာင္ေလး ပင္ခ႐ိုင္ရွိ ေဒသခံ ကရင္လူမႈေရးရာအဖြဲ႕ တာဝန္ရွိသူ က ဆက္ေျပာသည္။

“ႏွစ္ဖက္ ထိန္းခ်ဳပ္နယ္ေျမအေပၚမွာလည္းပဲ သူတို႔ ခ်ိန္ဆၿပီးေတာ့ လုပ္ေနတဲ့ သေဘာေတာ့ ရွိတယ္။ ဒါေပ မယ့္ ေျပာတာကေတာ့ ၾကားတယ္။ အဲလိုေတာင္းတာ ၁၅ ေယာက္တို႔ ၃၀ တို႔ ဆိုတာမ်ိဳး အဲ့ဖက္ေတြမွာ သူတို႔ အစီအစဥ္ေတာ့ရွိတယ္။ ဒါေပမယ့္ အတင္းအဓမၼလုပ္တဲ့ အေနအထားတစ္ခုကေတာ့ မရွိေသးဘူးေပါ့ေနာ္။ အဲဒီကိစၥကေတာ့ ခုနေျပာသလိုေပါ့ ႏွစ္ဖက္ ထိန္းခ်ဳပ္တဲ့ ေနရာက ဟိုဖက္လည္း လက္လွမ္းမွီတယ္။ ဒီဖက္ လည္း လက္လွမ္းမွီတယ္။ သူတို႔အရမ္းလည္း မလုပ္ပါဘူး။ ဒါေပမယ့္ ေနာက္ဆုံး သူတို႔ အေျခအေနတစ္ခု အေပၚ မွာ လုပ္ေကာင္းလုပ္ႏိုင္တယ္။ ဒါေပမယ့္ ေျပာတာကေတာ့ ၾကားတယ္။ အဲ့သလို” ဟု ေျပာသည္။

စစ္ေကာင္စီတပ္မ်ားက ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္ရွိ ေက်း႐ြာအုပ္စုမ်ားမွ လူငယ္မ်ားကို ေပးေဆာင္ရန္ ေျပာဆိုေနသကဲ့သို႔ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္လည္း ေဒသခံမ်ားကို ဖမ္းဆီးကာ ပစၥည္းမ်ားကို သယ္ခိုင္းျခင္း၊ လမ္းျပအျဖစ္ေခၚေဆာင္ျခင္းႏွင့္ လူသားဒိုင္းသဖြယ္ အသုံးျပဳမႈမ်ားကို လုပ္ေဆာင္ေန သည္ဟု လူ႔အခြင့္အေရး လႈပ္ရွားသူမ်ား က ဆိုသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၂ ရက္မွ ၂၄ ရက္ေန႔အတြင္းကလည္း ေညာင္ေလးပင္ခ႐ိုင္အတြင္းက တိုက္ပြဲမ်ား ေၾကာင့္ ေဒသခံျပည္သူမ်ားမွ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး လက္ရွိတြင္ တိုက္ပြဲျဖစ္ပြားမႈ မရွိ ေတာ့သည့္အတြက္ ေက်း႐ြာမ်ားတြင္ ျပန္လည္ေနထိုင္ေနၾကသည္ဟု ကရင္လူမႈေရးရာ တာဝန္ရွိသူက ေျပာ သည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး တိုင္းလိုလိုတြင္ စစ္ ေကာင္စီတပ္ႏွင့္ ေဒသခံ ျပည္သူကာကြယ္ေရးတပ္တို႔ ၾကားတြင္ေသာ္လည္းေကာင္း၊ တိုင္းရင္းသား လက္နက္ ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကားတြင္ ေသာ္လည္းေကာင္း တိုက္ပြဲျဖစ္ပြား လာခဲ့ၿပီး တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီဖက္မွ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ေနရာတိုင္းတြင္ လုပ္ေဆာင္ ေနသည္ဟု တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက ေျပာဆိုထားသည္။