ရခိုင်ကျောင်းသားများ အမှု ပြည်နယ်တရားရုံးသို့ အယူခံခွင့် တင်သွင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် အမှုနှင့်ပတ်သက်၍ အမြင့်ဆုံးထောင်ဒဏ် အသီးသီးချမှတ်ခံလိုက် ရ သည့် ရခိုင်ကျောင်းသား လူငယ် ၄ ဦး အမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ထား သည်ဟု ၎င်းအမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ (ယမန်နေ့) က အဆိုပါအမှုနှင့် ပတ်သက်၍ ပြင်ဆင်မှုကို ရခိုင်ပြည်နယ် တရား လွှတ်တော်တွင် တင်သွင်းလိုက်ပြီဟု အမှုလိုက်ရှေ့နေက ပြောသည်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “ဟုတ်ကဲ့ခင်ဗျ။ ကျ နော်တို့ မနေ့က တင်လိုက်ပါတယ်ခင်ဗျ။ ရခိုင်တရားလွှတ်တော်မှာ ပြင်ဆင်မှုကို တင်သွင်း တာပါခင်ဗျ။ အခုက လက်ခံသင့်မသင့်ကို တင်သွင်းထားတာပါ” ဟု ပြောသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ချမှတ်ခံ ထားရသည့် ရခိုင်ကျောင်းသားများအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းရာ ခရိုင်တရားရုံးမှ ပယ်လိုက်သည့်အတွက် ပြည်နယ်တရားလွှတ်တော်သို့ ဆက်တက်ရခြင်း ဖြစ်သည် ဟု ဆက်ပြောသည်။

“မနေ့က တင်လိုက်တော့ ၅၀၅ (ခ) က ရာဇဝတ် ပြင်ဆင်မှု အမှတ် ၁-၂၀၂၁ ပေါ့နော်၊ နောက်ပြီးတော့ ဘေးစီမံ ၂၉ ကိုတော့ ရာဇဝတ်ပြင်ဆင်မှု ၂/၂၀၂၁ နဲ့ အမှုဖွင့် ထားပါတယ်။ အဲ့တော့ အဲ့ဒီအမှုကို လက်ခံသင့် မသင့်ဆို တာ နဲ့ ပတ်သက်ပြီးတော့ လျှောက်လဲချက် ကြားနာရမှာပါ။ လျှောက်လဲချက် ကြားနာရမယ့်နေ့ကို ကျနော်တို့ ရခိုင် ပြည်နယ် တရားလွှတ်တော်က နှစ်ပတ်လောက်တော့ ကြာမယ်ထင်ပါတယ်။ အဲ့ခါကြရင် လျှောက်လဲချက် ပေး ရမယ့်နေ့ကို တက်ရမှာလေ။ ဘာ့ကြောင့်ကျနော်တို့က ဒီအမှုကို လက်ခံသင့်တယ်ဆိုတာ လျှောက်လဲချက် ပေး ရမှာ” ဟု ဦးကျော်ညွှန့်မောင်က သတင်းနှင့်မီဒီယာကွန်ရက်သတင်း ဌာနကို ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ခန့်မှန်းခြေ လာမည့် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ပြည်နယ် တရားလွှတ်တော် ထံ အမှုနှင့် ပတ်သက်၍ လျှောက်လဲချက်ပေးရမည်ဟု ဆက်ပြောသည်။

ထို့သို့ လျှောက်လဲချက်ပေးပြီးနောက် ရခိုင်ပြည်နယ် တရားလွှတ်တော်က လက်ခံမှသာ အမှုတွဲနှင့်ပတ်သက်၍ ဆက်လက် ရှေ့ဆက်လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။

“အဲ့လိုလျှောက်လဲချက်ပေးလို့ လက်ခံတယ်ဆိုရင် ရခိုင်ပြည်နယ် တရားလွှတ်တော် အောက်ရုံးက အမှုတွဲတွေ ကို ခေါ်မှာပါ။ အောက်ရုံးက အမှုကိုတောင်းမယ်။ မြို့နယ် တရားရုံးရယ်၊ ခရိုင်တရားရုံးက ပယ်လိုက်တဲ့ အမှု တွဲတွေကို တောင်းမှာပါ။ အဲ့မှာ အပြီးသတ်လျှောက်လဲချက် ထပ်ပေးရမယ်။ အဲ့တော့ လျှောက်လဲချက် ပေး ပြီးတဲ့ အခါမှာ ရခိုင်ပြည်နယ် တရားလွှတ်တော်က ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်။”

စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂ အဖွဲ့ ဝင်များ ဖြစ်ကြပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက အမှုနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်တွေမြို့နယ် တရားရုံးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(ဘေးစီမံ) ဥပဒေ ပုဒ်မ ၂၉ ကို ၆ လစီဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက် ခြင်း ဖြစ်သည်။

ထိုသို့ ချမှတ်လိုက်ခြင်းသည် ဥပဒေအကြောင်းအရ မဖြစ်သင့်သည့်အတွက် ၎င်းတို့၏ ရှေ့နေ ဦးကျော်ညွှန့် မောင် အနေဖြင့် ခရိုင်နှင့် ပြည်နယ်အဆင့်ထိတက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလူငယ် ၄ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင် ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဓါတ်ပုံ – AASYC 

*** ZAWGYI ***
ရခိုင္ေက်ာင္းသားမ်ား အမႈ ျပည္နယ္တရား႐ုံးသို႔ အယူခံခြင့္ တင္သြင္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

စစ္တပ္ကို ဆန႔္က်င္ဆႏၵျပခဲ့သည့္အတြက္ အမႈႏွင့္ပတ္သက္၍ အျမင့္ဆုံးေထာင္ဒဏ္ အသီးသီးခ်မွတ္ခံလိုက္ ရ သည့္ ရခိုင္ေက်ာင္းသား လူငယ္ ၄ ဦး အမႈကို ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္သို႔ ျပင္ဆင္မႈ တက္ေရာက္ထား သည္ဟု ၎အမႈ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနက ေျပာသည္။

ေအာက္တိုဘာလ ၄ ရက္ေန႔ (ယမန္ေန႔) က အဆိုပါအမႈႏွင့္ ပတ္သက္၍ ျပင္ဆင္မႈကို ရခိုင္ျပည္နယ္ တရား လႊတ္ေတာ္တြင္ တင္သြင္းလိုက္ၿပီဟု အမႈလိုက္ေရွ႕ေနက ေျပာသည္။

အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ၫႊန႔္ေမာင္က “ဟုတ္ကဲ့ခင္ဗ်။ က် ေနာ္တို႔ မေန႔က တင္လိုက္ပါတယ္ခင္ဗ်။ ရခိုင္တရားလႊတ္ေတာ္မွာ ျပင္ဆင္မႈကို တင္သြင္း တာပါခင္ဗ်။ အခုက လက္ခံသင့္မသင့္ကို တင္သြင္းထားတာပါ” ဟု ေျပာသည္။

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒမ်ားျဖင့္ ေထာင္ဒဏ္ ခ်မွတ္ခံ ထားရသည့္ ရခိုင္ေက်ာင္းသားမ်ားအတြက္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၃ ရက္ေန႔က ခ႐ိုင္တရား႐ုံးသို႔ အယူခံ တင္သြင္းရာ ခ႐ိုင္တရား႐ုံးမွ ပယ္လိုက္သည့္အတြက္ ျပည္နယ္တရားလႊတ္ေတာ္သို႔ ဆက္တက္ရျခင္း ျဖစ္သည္ ဟု ဆက္ေျပာသည္။

“မေန႔က တင္လိုက္ေတာ့ ၅၀၅ (ခ) က ရာဇဝတ္ ျပင္ဆင္မႈ အမွတ္ ၁-၂၀၂၁ ေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ ေဘးစီမံ ၂၉ ကိုေတာ့ ရာဇဝတ္ျပင္ဆင္မႈ ၂/၂၀၂၁ နဲ႔ အမႈဖြင့္ ထားပါတယ္။ အဲ့ေတာ့ အဲ့ဒီအမႈကို လက္ခံသင့္ မသင့္ဆို တာ နဲ႔ ပတ္သက္ၿပီးေတာ့ ေလွ်ာက္လဲခ်က္ ၾကားနာရမွာပါ။ ေလွ်ာက္လဲခ်က္ ၾကားနာရမယ့္ေန႔ကို က်ေနာ္တို႔ ရခိုင္ ျပည္နယ္ တရားလႊတ္ေတာ္က ႏွစ္ပတ္ေလာက္ေတာ့ ၾကာမယ္ထင္ပါတယ္။ အဲ့ခါၾကရင္ ေလွ်ာက္လဲခ်က္ ေပး ရမယ့္ေန႔ကို တက္ရမွာေလ။ ဘာ့ေၾကာင့္က်ေနာ္တို႔က ဒီအမႈကို လက္ခံသင့္တယ္ဆိုတာ ေလွ်ာက္လဲခ်က္ ေပး ရမွာ” ဟု ဦးေက်ာ္ၫႊန႔္ေမာင္က သတင္းႏွင့္မီဒီယာကြန္ရက္သတင္း ဌာနကို ေျပာသည္။

အဆိုပါအမႈႏွင့္ ပတ္သက္၍ ခန႔္မွန္းေျခ လာမည့္ ရက္သတၱႏွစ္ပတ္ခန႔္အၾကာတြင္ ျပည္နယ္ တရားလႊတ္ေတာ္ ထံ အမႈႏွင့္ ပတ္သက္၍ ေလွ်ာက္လဲခ်က္ေပးရမည္ဟု ဆက္ေျပာသည္။

ထို႔သို႔ ေလွ်ာက္လဲခ်က္ေပးၿပီးေနာက္ ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္က လက္ခံမွသာ အမႈတြဲႏွင့္ပတ္သက္၍ ဆက္လက္ ေရွ႕ဆက္လုပ္ေဆာင္ႏိုင္မည္ဟု ဆိုသည္။

“အဲ့လိုေလွ်ာက္လဲခ်က္ေပးလို႔ လက္ခံတယ္ဆိုရင္ ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္ ေအာက္႐ုံးက အမႈတြဲေတြ ကို ေခၚမွာပါ။ ေအာက္႐ုံးက အမႈကိုေတာင္းမယ္။ ၿမိဳ႕နယ္ တရား႐ုံးရယ္၊ ခ႐ိုင္တရား႐ုံးက ပယ္လိုက္တဲ့ အမႈ တြဲေတြကို ေတာင္းမွာပါ။ အဲ့မွာ အၿပီးသတ္ေလွ်ာက္လဲခ်က္ ထပ္ေပးရမယ္။ အဲ့ေတာ့ ေလွ်ာက္လဲခ်က္ ေပး ၿပီးတဲ့ အခါမွာ ရခိုင္ျပည္နယ္ တရားလႊတ္ေတာ္က ဘယ္လိုလုပ္မယ္ဆိုတာ ဆုံးျဖတ္မယ္။”

စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္လိုက္သည့္ ရခိုင္လူငယ္ ၄ ဦးမွာ ရခိုင္ေက်ာင္းသား သမဂၢ အဖြဲ႕ ဝင္မ်ား ျဖစ္ၾကၿပီး ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ကိုဦးသန္းႏိုင္၊ ကိုေက်ာ္ႏိုင္ေဌး၊ ကိုျမတ္စိုးဝင္းႏွင့္ ဒဂုံ တကၠ သိုလ္ ရခိုင္ေက်ာင္းသားမ်ားသမဂၢမွ ကိုေကာင္းထြန္းတို႔ ျဖစ္ၾကသည္။

၎တို႔ ၄ ဦးကို စစ္ေတြၿမိဳ႕နယ္ တရား႐ုံးက အမႈႏွင့္ပတ္သက္၍ စက္တင္ဘာလ ၁၆ ရက္ေန႔ က စစ္ေတြၿမိဳ႕နယ္ တရား႐ုံးမွ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅ (ခ) အား အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္စီ၊ သဘာဝ ေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ(ေဘးစီမံ) ဥပေဒ ပုဒ္မ ၂၉ ကို ၆ လစီျဖင့္ အျမင့္ဆုံး ျပစ္ဒဏ္ကို ခ်မွတ္လိုက္ ျခင္း ျဖစ္သည္။

ထိုသို႔ ခ်မွတ္လိုက္ျခင္းသည္ ဥပေဒအေၾကာင္းအရ မျဖစ္သင့္သည့္အတြက္ ၎တို႔၏ ေရွ႕ေန ဦးေက်ာ္ၫႊန႔္ ေမာင္ အေနျဖင့္ ခ႐ိုင္ႏွင့္ ျပည္နယ္အဆင့္ထိတက္လာရျခင္း ျဖစ္သည္ဟု ဆိုသည္။

ျပစ္ဒဏ္ခ်မွတ္ခံထားရသည့္ ရခိုင္ေက်ာင္းသားလူငယ္ ၄ ဦးသည္ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာ ၁၉ ရက္ေန႔က စစ္ေတြၿမိဳ႕ေပၚတြင္ ကိုလိုနီအစိုးရ အလိုမရွိ၊ ဖက္ဆစ္ စစ္တပ္ အလိုမရွိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့္ ဆိုင္းဘုတ္မ်ား ကိုင္ ေဆာင္ၿပီး ဆႏၵျပခဲ့ၾကသည့္အတြက္ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရၿပီးေနာက္ ယခုကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရျခင္း ျဖစ္သည္။

ဓါတ်ပုံ – AASYC