စစ်ကောင်စီ ယာဉ်တန်းကို KIA မိုင်းခွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား ကချင်လွတ်လပ် ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အောက်တိုဘာလ ၅ ရက်နေ့(ယနေ့)တွင် မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာနားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြု ပြောသည်။
“အဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲအဆင့်မဖြစ်ပါဘူး။ ဘာလဲ စစ်ကောင်စီဘက်က ရိက္ခာလာပို့တာတွေကို KIA ကနေ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာပဲ ကြားပါတယ်။ တိုက်ပွဲအဆင့်တော့ မဖြစ်ပါ ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
ယနေ့နံနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံ အချို့ ကြားနေရသည့်အတွက် ဒေသခံ အချို့က စိုးရိမ်နေသည်ဟု ပြောသည်။
မိုးမောက်မြို့က ဒေသခံတစ်ဦးက “ဒီနေ့က ကျမတို့ မိုးမောက်ကနေ ဒီ လက်နက်ကြီးလား၊ သေနတ်ကြီးလား အဲ့ဒါအသံ နှစ်ချက်ကြားရတာရှိတယ်။ နောက်ပြီး သေနတ်သံတွေ နည်းနည်းပြန်ကြားရတယ်။ ကျမတို့ဘက်က နည်းနည်းချောင်ကျတော့ အပြင်မထွက်ကြည့်ဖြစ်ဘူး။ တချို့က ပြောတာက ဒီမြို့သစ်ဘက်မှာလား အဲ့ဒါ ဗမာ စစ်ကားကို KIA က တိုက်တယ်လို့လည်းပြောတယ်။ ကျမတော့ မမြင်ပါဘူး” ဟု ပြောသည်။
ယနေ့ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်သတင်းမီဒီယာများတွင် ဗန်းမော်မြို့ဘက်က လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား KIA မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကား ၃ စီးထက်မနည်း ပျက်စီးသွားသည်ဟု ရေးသားဖော်ပြထားသည်။
မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာနှင့် လူအင်အားတိုးချဲ့နေမှု အခြေ အနေများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က ယခုကဲ့သို့ ဆက်ပြောသည်။
မိုးမောက်မြို့နယ်အတွင်း “သိသိသာသာ စစ်ရေးလှုပ်ရှားတာတော့ မတွေ့ရပါဘူး။ ဒီရိက္ခာပို့တာတွေတော့ ရှိပါ တယ်။ ဒီရိက္ခာပို့ရင်းနဲ့ စစ်အင်အားတွေ လက်နက်တွေကတော့ ပို့ထားလောက်ပါတယ်။ ဒါပေမယ့် ဒီလက်နက် တွေကတော့ သိသိသာပို့တာ မရှိပါဘူး” ဟု ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ က ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ်အတွင်းက မိုးမောက်မြို့နယ်အပြင် တနိုင်း-လီဒိုလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ ယာဉ်တန်းများနှင့် စစ်ကြောင်းအချို့ကို KIA က မကြာခဏ မိုင်းခွဲ တိုက်ခိုက်မှုများရှိနေသည်ဟု ဒေသခံများနှင့် KIO သတင်းနှင်ပြန်ကြားရေး တာဝန်ခံက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောဆိုထားသည်။
ဓါတ်ပုံ – The Kachin Net
*** ZAWGYI ***
စစ္ေကာင္စီ ယာဥ္တန္းကို KIA မိုင္းခြဲ တိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။
ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္း ဝင္ေရာက္လာသည့္ စစ္ေကာင္စီ၏ ယာဥ္တန္းအား ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA တိုက္ခိုက္ခဲ့သည္ဟု KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံက ေျပာသည္။
ေအာက္တိုဘာလ ၅ ရက္ေန႔(ယေန႔)တြင္ မိုးေမာက္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ေက်း႐ြာနားတြင္ မိုင္းခြဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ သည္ဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က အတည္ျပဳ ေျပာသည္။
“အဲ့ဘက္မွာေတာ့ တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ပါဘူး။ တိုက္ပြဲအဆင့္မျဖစ္ပါဘူး။ ဘာလဲ စစ္ေကာင္စီဘက္က ရိကၡာလာပို႔တာေတြကို KIA ကေန မိုင္းဆြဲတိုက္ခိုက္တယ္ဆိုတာပဲ ၾကားပါတယ္။ တိုက္ပြဲအဆင့္ေတာ့ မျဖစ္ပါ ဘူး” ဟု ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
ယေန႔နံနက္ပိုင္းက မိုးေမာက္ၿမိဳ႕နယ္အတြင္း လက္နက္ႀကီးႏွင့္ လက္နက္ငယ္သံ အခ်ိဳ႕ ၾကားေနရသည့္အတြက္ ေဒသခံ အခ်ိဳ႕က စိုးရိမ္ေနသည္ဟု ေျပာသည္။
မိုးေမာက္ၿမိဳ႕က ေဒသခံတစ္ဦးက “ဒီေန႔က က်မတို႔ မိုးေမာက္ကေန ဒီ လက္နက္ႀကီးလား၊ ေသနတ္ႀကီးလား အဲ့ဒါအသံ ႏွစ္ခ်က္ၾကားရတာရွိတယ္။ ေနာက္ၿပီး ေသနတ္သံေတြ နည္းနည္းျပန္ၾကားရတယ္။ က်မတို႔ဘက္က နည္းနည္းေခ်ာင္က်ေတာ့ အျပင္မထြက္ၾကည့္ျဖစ္ဘူး။ တခ်ိဳ႕က ေျပာတာက ဒီၿမိဳ႕သစ္ဘက္မွာလား အဲ့ဒါ ဗမာ စစ္ကားကို KIA က တိုက္တယ္လို႔လည္းေျပာတယ္။ က်မေတာ့ မျမင္ပါဘူး” ဟု ေျပာသည္။
ယေန႔ မိုးေမာက္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ကခ်င္သတင္းမီဒီယာမ်ားတြင္ ဗန္းေမာ္ၿမိဳ႕ဘက္က လာသည့္ စစ္ေကာင္စီ၏ ယာဥ္တန္းအား KIA မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္ေကာင္စီ၏ ကား ၃ စီးထက္မနည္း ပ်က္စီးသြားသည္ဟု ေရးသားေဖာ္ျပထားသည္။
မိုးေမာက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္၏ စစ္ေရးလႈပ္ရွားမႈမ်ား၊ ရိကၡာႏွင့္ လူအင္အားတိုးခ်ဲ႕ေနမႈ အေျခ အေနမ်ားႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူ က ယခုကဲ့သို႔ ဆက္ေျပာသည္။
မိုးေမာက္ၿမိဳ႕နယ္အတြင္း “သိသိသာသာ စစ္ေရးလႈပ္ရွားတာေတာ့ မေတြ႕ရပါဘူး။ ဒီရိကၡာပို႔တာေတြေတာ့ ရွိပါ တယ္။ ဒီရိကၡာပို႔ရင္းနဲ႔ စစ္အင္အားေတြ လက္နက္ေတြကေတာ့ ပို႔ထားေလာက္ပါတယ္။ ဒါေပမယ့္ ဒီလက္နက္ ေတြကေတာ့ သိသိသာပို႔တာ မရွိပါဘူး” ဟု ေျပာသည္။
ထို႔အျပင္ စက္တင္ဘာလ ၃၀ ရက္ေန႔ နံနက္ပိုင္းကလည္း မိုးေမာက္ၿမိဳ႕နယ္ထဲက ေက်ာက္စခန္းအနီးတြင္ စစ္အင္အားတိုးခ်ဲ႕လာသည့္ စစ္ေကာင္စီ၏ စစ္ေၾကာင္းတစ္ခုကို KIA တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံအခ်ိဳ႕ က ေျပာသည္။
စက္တင္ဘာလ ၂၇ ရက္ေန႔တြင္လည္း မိုးေမာက္ၿမိဳ႕နယ္၊ စိန္လုံအတက္လမ္းခြဲရွိ ယာဥ္ထိန္းရဲစခန္းအနီးတြင္ မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး စစ္ေကာင္စီဘက္က ၃ ေယာက္ထက္မနည္း ထိခိုက္ ဒဏ္ရာရရွိခဲ့သည္။
ကခ်င္ျပည္နယ္အတြင္းက မိုးေမာက္ၿမိဳ႕နယ္အျပင္ တႏိုင္း-လီဒိုလမ္းတစ္ေလွ်ာက္တြင္လည္း စစ္ေကာင္စီ၏ ယာဥ္တန္းမ်ားႏွင့္ စစ္ေၾကာင္းအခ်ိဳ႕ကို KIA က မၾကာခဏ မိုင္းခြဲ တိုက္ခိုက္မႈမ်ားရွိေနသည္ဟု ေဒသခံမ်ားႏွင့္ KIO သတင္းႏွင္ျပန္ၾကားေရး တာဝန္ခံက သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာဆိုထားသည္။
ဓါတ္ပုံ – The Kachin Net