နှစ်ရက်အတွင်း ဒုတိယ ရဲကင်းစခန်းကို မီးရှို့နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ အနီးတဝိုက်တွင် ပြောက်ကြားလှုပ်ရှားနေသည့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF များသည် ဒုတိယအကြိမ် အဖြစ် ရဲကင်းစခန်း တစ်ခုကို ထပ်မံစီးနင်းမီးရှို့ဖျက်ဆီး ခဲ့သည်။

ယနေ့ အောက်တိုဘာလ ၅ ရက် ည ၁၀ နာရီ အချိန်ခန့်တွင် ကမ်းနီရဲကင်းစခန်းကို ထပ်မံ၍ စီးနင်းမီးရှို့နိုင်ခဲ့ ကြောင်း ထီးချိုင့် PDF အဖွဲ့ဝင်တစ်ဦးက ပြော သည်။

“ကားရပ်ခိုင်းတာ ရပ်မပေးလို့ဖြစ်သွားတာ။ ပြည်သူတွေ ထိခိုက်အောင် လုပ်တာမဟုတ်လို့ လူထိခိုက်မှုမရှိပါ ဘူး“ ဟု ထီးချိုင့် PDF အဖွဲ့ဝင် က ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညတွင် အလယ်တောရဲကင်းကို စီးနင်းမီးရှို့ပြီးနောက် ယနေ့ညတွင် ကမ်းနီရဲကင်း စခန်းကို ထပ်မံမီးရှို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုအတွင်း ပြည်သူလူထု ထိခိုက်မှု မရှိအောင် သတိပြုလုပ်ဆောင်သည်ဟု ဆိုသည်။

အများပြည်သူ ဘေးကင်းလုံခြုံရေး အတွက် ည ၈ နာရီ ကျော်ပါက အပြင်မထွက်ကြရန်နှင့် ကားများ သွားလာ ခြင်း မပြုကြရန် သတိပေးထားသော်လည်း မလိုက်နာသည့် ဆီသယ်ယာဉ်တစ်စီး မန်းကျီးလျှိုတံအနားအနီးတွင် ဖောက်ခွဲသတိပေးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့ဝင်က ပြောသည်။

အောက်တိုဘာ ၃ ရက်နေ့ ကလည်း ထီးချိုင့် မြို့မရဲစခန်းကို လက်နက်ကြီးဖြင့် နှစ်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ထီး ချိုင့်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း တာဝန်များမှ အသီးသီး နှုတ်ထွက်သွားသဖြင့် ထီးချိုင့် PDF အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ အခြေခံအုပ်ချုပ်ရေး ယန္တယား တစ်ခုလုံး ရပ်ဆိုင်းအောင် ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၂၄ ရက် ကတည်းက ည ၈ နာရီ နောက်ပိုင်း ပြည်သူများ အနေဖြင့် အပြင်မထွက်ကြရန်နှင့် ကားများ၊ ယာဉ်များ သွားလာခြင်းမပြုရန် သတိပေးထားကြောင်း မြို့ခံတစ်ဦး က ပြောသည်။

*** ZAWGYI ***
ႏွစ္ရက္အတြင္း ဒုတိယ ရဲကင္းစခန္းကို မီးရႈိ႕ႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕ အနီးတဝိုက္တြင္ ေျပာက္ၾကားလႈပ္ရွားေနသည့္ ျပည္သူကာကြယ္ေရး တပ္ဖြဲ႕ PDF မ်ားသည္ ဒုတိယအႀကိမ္ အျဖစ္ ရဲကင္းစခန္း တစ္ခုကို ထပ္မံစီးနင္းမီးရႈိ႕ဖ်က္ဆီး ခဲ့သည္။

ယေန႔ ေအာက္တိုဘာလ ၅ ရက္ ည ၁၀ နာရီ အခ်ိန္ခန႔္တြင္ ကမ္းနီရဲကင္းစခန္းကို ထပ္မံ၍ စီးနင္းမီးရႈိ႕ႏိုင္ခဲ့ ေၾကာင္း ထီးခ်ိဳင့္ PDF အဖြဲ႕ဝင္တစ္ဦးက ေျပာ သည္။

“ကားရပ္ခိုင္းတာ ရပ္မေပးလို႔ျဖစ္သြားတာ။ ျပည္သူေတြ ထိခိုက္ေအာင္ လုပ္တာမဟုတ္လို႔ လူထိခိုက္မႈမရွိပါ ဘူး“ ဟု ထီးခ်ိဳင့္ PDF အဖြဲ႕ဝင္ က ေျပာသည္။

ေအာက္တိုဘာလ ၃ ရက္ေန႔ ညတြင္ အလယ္ေတာရဲကင္းကို စီးနင္းမီးရႈိ႕ၿပီးေနာက္ ယေန႔ညတြင္ ကမ္းနီရဲကင္း စခန္းကို ထပ္မံမီးရႈိ႕ႏိုင္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးမႈအတြင္း ျပည္သူလူထု ထိခိုက္မႈ မရွိေအာင္ သတိျပဳလုပ္ေဆာင္သည္ဟု ဆိုသည္။

အမ်ားျပည္သူ ေဘးကင္းလုံၿခဳံေရး အတြက္ ည ၈ နာရီ ေက်ာ္ပါက အျပင္မထြက္ၾကရန္ႏွင့္ ကားမ်ား သြားလာ ျခင္း မျပဳၾကရန္ သတိေပးထားေသာ္လည္း မလိုက္နာသည့္ ဆီသယ္ယာဥ္တစ္စီး မန္းက်ီးလွ်ိဳတံအနားအနီးတြင္ ေဖာက္ခြဲသတိေပးခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း ရွိခဲ့သည္ဟု ထီးခ်ိဳင့္ PDF အဖြဲ႕ဝင္က ေျပာသည္။

ေအာက္တိုဘာ ၃ ရက္ေန႔ ကလည္း ထီးခ်ိဳင့္ ၿမိဳ႕မရဲစခန္းကို လက္နက္ႀကီးျဖင့္ ႏွစ္ခ်က္ခန႔္ ပစ္ခတ္ခဲ့ေၾကာင္း ထီး ခ်ိဳင့္ၿမိဳ႕နယ္ရွိ ရပ္ကြက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားလည္း တာဝန္မ်ားမွ အသီးသီး ႏႈတ္ထြက္သြားသျဖင့္ ထီးခ်ိဳင့္ PDF အဖြဲ႕အေနျဖင့္ စစ္ေကာင္စီ၏ အေျခခံအုပ္ခ်ဳပ္ေရး ယႏၲယား တစ္ခုလုံး ရပ္ဆိုင္းေအာင္ ထိန္းခ်ဳပ္ထားႏိုင္ သည္ဟု ဆိုသည္။

ျပည္သူကာကြယ္ေရးတပ္ဖြဲ႕မ်ားက စက္တင္ဘာလ ၂၄ ရက္ ကတည္းက ည ၈ နာရီ ေနာက္ပိုင္း ျပည္သူမ်ား အေနျဖင့္ အျပင္မထြက္ၾကရန္ႏွင့္ ကားမ်ား၊ ယာဥ္မ်ား သြားလာျခင္းမျပဳရန္ သတိေပးထားေၾကာင္း ၿမိဳ႕ခံတစ္ဦး က ေျပာသည္။