ဒေးဒရဲတွင် အသံဗုံးပေါက်ပြီးနောက် လူ ၃၅ ဦးကို ဖမ်းဆီး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။
ဒေးဒရဲမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ တစ်ရက်တည်းတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အမျိုးသမီးငယ် ၂ ဦး အပါအဝင် ဒေသခံ ၃၅ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု အာဏာပိုင် အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့ နှင့် ၄ ရက်နေ့အထိ သက်သေအထာက်အထား တစ်စုံ တစ်ရာ မရှိဘဲ သံသယဖြင့် ဒေသခံ ၃၅ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“မသင်္ကာလို့ ခေါ်စစ်ဆေးနေတာပါ။ မဟုတ်ရင် ပြန်လွှတ်ပေးမှာပါ။ အမျိုးသမီးငယ် ၂ ဦးလည်း ပါတာတွေ့မိတယ်” ဟု ဒေးဒရဲမြို့ရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။
ဒေးဒရဲမြို့ သမဝါယမရုံးအနီး နှင့် မြို့အဝင်ဆိုင်းဘုတ်အနီး ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှု ဖြစ်စဉ်အပြီး အောက်တို ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် လမ်းသွားလမ်းလာ ဒေသခံ ၁၅ ဦး နှင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ဒေသ ခံ အယောက် ၂၀ ခန့်ကို ထပ်မံဖမ်းဆီးသွားပြီး စစ်ဆေးနေသည်ဟု ဒေးဒရဲမြို့ ထွေ/အုပ်ရုံး ဝန်ထမ်းအချို့၏ ပြော ပြချက်အရ သိရသည်။
ဖမ်းခံရသူများထဲတွင် လူငယ်အများဆုံးဖြစ်ပြီး အမှတ် ၁ ရပ်ကွက်မှ စကားဝါလမ်းမှ မောင်ထက်ထက်၊ ပြည် တော်သာလမ်းမှ မောင်အောင်ကျော်ထွန်း၊ အမှတ် ၂ ရပ်ကွက်မှ အသက် ၄၀ ခန့်ရှိ ဦးပီတာ နှင့် ၎င်းအိမ်မှ ကွန် ပျူတာ သင်တန်းတက်နေသည့် လူငယ် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်ကြောင်း ယင်း ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
ထို့အပြင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဗုံးကို ဘေးတွဲဆိုင်ကယ်နှင့် လာပစ်ချသွားသည်ဟုဆိုကာ တစ်မြို့လုံးရှိ ဘေးတွဲ ဆိုင်ကယ်များကို ညတွင်းချင်း ရုံးသို့လာပြရန် စေခိုင်းသဖြင့် ရုံးကိုသွားပို့နေကြရပြီး နောက်တစ် နေ့ နေ့လည်မှ ပြန်ပေးကြောင်း မြို့ခံများက ပြောသည်။
ဒေးဒရဲ မြို့ခံ ဦးအောင်ဝင်း က “အသံဗုံးပေါက်တာပါ ဘယ်သူမှ မထိဘူး။ ဖမ်းတာကတော့ ကမ်းကုန်တယ်။ ရမ်း သမ်းဖမ်းတယ်။ မဟုတ်ရင် ငွေ တောင်းပြီးပြန်လွှတ် ပေးတယ်။ ပိုက်ဆံညှစ်လို့ ရနေတော့ မြို့မှာ နည်း နည်းလှုပ်တာနဲ့ စွတ်ရမ်းဖမ်းတယ်လေ” ဟု ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖမ်းဆီးခံလိုက်ရသည့်သူများနှင့် အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့) အချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းနှင့် ၎င်းတို့ကို မည်သည့် နေရာတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေ သည်ကို မသိရသေးသည့်အတွက် စိုးရိမ်နေရသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင် အချို့က ပြောသည်။
*** ZAWGYI ***
ေဒးဒရဲတြင္ အသံဗုံးေပါက္ၿပီးေနာက္ လူ ၃၅ ဦးကို ဖမ္းဆီး
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။
ေဒးဒရဲၿမိဳ႕တြင္ ေအာက္တိုဘာလ ၃ ရက္ေန႔ တစ္ရက္တည္းတြင္ ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့ၿပီးေနာက္ အမ်ိဳးသမီးငယ္ ၂ ဦး အပါအဝင္ ေဒသခံ ၃၅ ဦး ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးထားသည္ဟု အာဏာပိုင္ အသိုင္းအဝိုင္းႏွင့္ ေဒသခံမ်ားက ေျပာသည္။
ဧရာဝတီတိုင္း ေဒသႀကီး၊ ေဒးဒရဲၿမိဳ႕တြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ေအာက္တိုဘာ ၃ ရက္ေန႔ ႏွင့္ ၄ ရက္ေန႔အထိ သက္ေသအထာက္အထား တစ္စုံ တစ္ရာ မရွိဘဲ သံသယျဖင့္ ေဒသခံ ၃၅ ဦးကို ဖမ္းဆီးသြားျခင္း ျဖစ္သည္။
“မသကၤာလို႔ ေခၚစစ္ေဆးေနတာပါ။ မဟုတ္ရင္ ျပန္လႊတ္ေပးမွာပါ။ အမ်ိဳးသမီးငယ္ ၂ ဦး လည္း ပါတာေတြ႕ မိ တယ္” ဟု ေဒးဒရဲၿမိဳ႕ရွိ ရဲတပ္ဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။
ေဒးဒရဲၿမိဳ႕ သမဝါယမ႐ုံးအနီး ႏွင့္ ၿမိဳ႕အဝင္ဆိုင္းဘုတ္အနီး ျဖစ္ပြားခဲ့သည့္ ဗုံးေပါက္မႈ ျဖစ္စဥ္အၿပီး ေအာက္တို ဘာလ ၃ ရက္ေန႔ ညေနပိုင္းတြင္ လမ္းသြားလမ္းလာ ေဒသခံ ၁၅ ဦး ႏွင့္ ေအာက္တိုဘာလ ၄ ရက္ေန႔တြင္ ေဒသ ခံ အေယာက္ ၂၀ ခန႔္ကို ထပ္မံဖမ္းဆီးသြားၿပီး စစ္ေဆးေနသည္ဟု ေဒးဒရဲၿမိဳ႕ ေထြ/အုပ္႐ုံး ဝန္ထမ္းအခ်ိဳ႕၏ ေျပာ ျပခ်က္အရ သိရသည္။
ဖမ္းခံရသူမ်ားထဲတြင္ လူငယ္အမ်ားဆုံးျဖစ္ၿပီး အမွတ္ ၁ ရပ္ကြက္မွ စကားဝါလမ္းမွ ေမာင္ထက္ထက္၊ ျပည္ ေတာ္သာလမ္းမွ ေမာင္ေအာင္ေက်ာ္ထြန္း၊ အမွတ္ ၂ ရပ္ကြက္မွ အသက္ ၄၀ ခန႔္ရွိ ဦးပီတာ ႏွင့္ ၎အိမ္မွ ကြန္ ပ်ဴတာ သင္တန္းတက္ေနသည့္ လူငယ္ အမ်ိဳးသား တစ္ဦး ႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔ ပါဝင္ေၾကာင္း ယင္း ရပ္ ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ထံမွ သိရသည္။
ထို႔အျပင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ ဗုံးကို ေဘးတြဲဆိုင္ကယ္ႏွင့္ လာပစ္ခ်သြားသည္ဟုဆိုကာ တစ္ၿမိဳ႕လုံးရွိ ေဘးတြဲ ဆိုင္ကယ္မ်ားကို ညတြင္းခ်င္း ႐ုံးသို႔လာျပရန္ ေစခိုင္းသျဖင့္ ႐ုံးကိုသြားပို႔ေနၾကရၿပီး ေနာက္တစ္ ေန႔ ေန႔လည္မွ ျပန္ေပးေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။
ေဒးဒရဲ ၿမိဳ႕ခံ ဦးေအာင္ဝင္း က “အသံဗုံးေပါက္တာပါ ဘယ္သူမွ မထိဘူး။ ဖမ္းတာကေတာ့ ကမ္းကုန္တယ္။ ရမ္း သမ္းဖမ္းတယ္။ မဟုတ္ရင္ ေငြ ေတာင္းၿပီးျပန္လႊတ္ ေပးတယ္။ ပိုက္ဆံညႇစ္လို႔ ရေနေတာ့ ၿမိဳ႕မွာ နည္း နည္းလႈပ္တာနဲ႔ စြတ္ရမ္းဖမ္းတယ္ေလ” ဟု ေျပာသည္။
ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ပိုင္း ဖမ္းဆီးခံလိုက္ရသည့္သူမ်ားႏွင့္ ေအာက္တိုဘာလ ၅ ရက္ေန႔ (ယေန႔) အခ်ိန္ထိ အဆက္သြယ္မရရွိေသးေၾကာင္းႏွင့္ ၎တို႔ကို မည္သည့္ ေနရာတြင္ ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ေန သည္ကို မသိရေသးသည့္အတြက္ စိုးရိမ္ေနရသည္ဟု ဖမ္းဆီးခံထားရသူမ်ား၏ မိသားစုဝင္ အခ်ိဳ႕က ေျပာသည္။