မြို့နယ် အုပ်ချုပ်ရေးရုံးရှေ့ ဗုံး သုံးလုံး ထပ်ဆင့်ကွဲ၊ စစ်သား ၃ ယောက် ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့-မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် နောက်ထပ် အခြား ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲ၍ စစ် သား ၃ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့၊ ည၇ နာရီခွဲ အချိန်ခန့်က ဗုံး ၃ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲပြီး စစ်ဆေးနေ သည့် စစ်သားသုံးဦး ဒဏ်ရာ (မပြင်းထန်) ရရှိသွားသည်ဟု ပြောသည်။

“ပေါက်တဲ့ အသံ ၃ ကြိမ်ကြားတယ်။ မနက်မှ ရုံးကဝန်ထမ်း တချို့ပြောတာက ဗုံးပေါက်တာ စစ်သား ၃ ယောက် ထိတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူးလို့ပြောကြတယ်” ဟု ဟင်္သာတ မြို့ခံ ဦးထွန်းအေး က ပြော သည်။

မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု နှင့် မြို့ပြပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း၍ ဗုံးတစ် လုံး ကို အရင်ခွဲပြီး စစ်တပ်ရောက်လာမှ နောက် ထပ် ဗုံးနှစ်လုံးကို ထပ်မံခွဲခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ က ကြေ ငြာချက် ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းတွင်းဒေသကြီးအတွင်း၌ အမျိုးသားညီညွှတ်ရေး အစိုးရ NUG မှ စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ ပြည်သူတရပ်လုံး တော်လှန်ကြရန် ကြေငြာပြီးနောက်ပိုင်း သတင်းပေး ဒလန်များအား သုတ်သင်ခြင်း၊ MyTel ဖုန်းတာဝါတိုင်များ မိုင်းခွဲမီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ကောင်စီ လက်အောက်ခံရုံးနေရာများ အနီး ဗုံးခွဲ တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်ဟု ဒေသအတွင်းရှိ လူမှုအထောက်အကူပြုအဖွဲ့ အချို့က သုံးသပ် သည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုများတွင် အပြစ်မဲ့ အရပ်သား ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။

သို့သော် သြဂုတ်လတွင်း က ပုသိမ်မြို့လယ်ရှိ ဘဏ်အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာယီကင်း စခန်းတစ် ခု ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ဟု ဒေသခံများ၏ ပြော ပြချက်အရ ရသည်။

*** ZAWGYI ***
ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး႐ုံးေရွ႕ ဗုံး သုံးလုံး ထပ္ဆင့္ကြဲ၊ စစ္သား ၃ ေယာက္ ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕-ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕ ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေနစဥ္ ေနာက္ထပ္ အျခား ဗုံးႏွစ္လုံး ထပ္မံေပါက္ကြဲ၍ စစ္ သား ၃ ဦး ဒဏ္ရာရသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၄ ရက္ေန႔၊ ည၇ နာရီခြဲ အခ်ိန္ခန႔္က ဗုံး ၃ လုံး ေရွ႕ဆင့္ေနာက္ဆင့္ ေပါက္ကြဲၿပီး စစ္ေဆးေန သည့္ စစ္သားသုံးဦး ဒဏ္ရာ (မျပင္းထန္) ရရွိသြားသည္ဟု ေျပာသည္။

“ေပါက္တဲ့ အသံ ၃ ႀကိမ္ၾကားတယ္။ မနက္မွ ႐ုံးကဝန္ထမ္း တခ်ိဳ႕ေျပာတာက ဗုံးေပါက္တာ စစ္သား ၃ ေယာက္ ထိတယ္။ ဒဏ္ရာေတာ့ မျပင္းထန္ဘူးလို႔ေျပာၾကတယ္” ဟု ဟသၤာတ ၿမိဳ႕ခံ ဦးထြန္းေအး က ေျပာ သည္။

ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရးတပ္ေပါင္းစု ႏွင့္ ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕တို႔က ပူးေပါင္း၍ ဗုံးတစ္ လုံး ကို အရင္ခြဲၿပီး စစ္တပ္ေရာက္လာမွ ေနာက္ ထပ္ ဗုံးႏွစ္လုံးကို ထပ္မံခြဲခဲ့ျခင္းျဖစ္ေၾကာင္း PDF တပ္ဖြဲ႕ က ေၾက ျငာခ်က္ ထုတ္ျပန္ထားသည္။

ဧရာဝတီတိုင္းတြင္းေဒသႀကီးအတြင္း၌ အမ်ိဳးသားညီၫႊတ္ေရး အစိုးရ NUG မွ စက္တင္ဘာလ ၇ ရက္ေန႔မွ စတင္၍ ျပည္သူတရပ္လုံး ေတာ္လွန္ၾကရန္ ေၾကျငာၿပီးေနာက္ပိုင္း သတင္းေပး ဒလန္မ်ားအား သုတ္သင္ျခင္း၊ MyTel ဖုန္းတာဝါတိုင္မ်ား မိုင္းခြဲမီးရႈိ႕ဖ်က္ဆီးျခင္းႏွင့္ စစ္ေကာင္စီ လက္ေအာက္ခံ႐ုံးေနရာမ်ား အနီး ဗုံးခြဲ တိုက္ခိုက္ျခင္းမ်ား ခပ္စိပ္စိပ္ျဖစ္ပြားလာသည္ဟု ေဒသအတြင္းရွိ လူမႈအေထာက္အကူျပဳအဖြဲ႕ အခ်ိဳ႕က သုံးသပ္ သည္။

ထိုသို႔ ဗုံးခြဲတိုက္ခိုက္မႈမ်ားတြင္ အျပစ္မဲ့ အရပ္သား ျပည္သူမ်ား ထိခိုက္မႈမရွိခဲ့ေပ။

သို႔ေသာ္ ၾသဂုတ္လတြင္း က ပုသိမ္ၿမိဳ႕လယ္ရွိ ဘဏ္အနီးက စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ယာယီကင္း စခန္းတစ္ ခု ဗုံးခြဲတိုက္ခိုက္ခံရမႈတြင္ စစ္သား ၄ ဦး ဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္တစ္ခုလည္း ရွိခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာ ျပခ်က္အရ ရသည္။