ကချင်စစ်ဘေးရှောင်များ ရိက္ခာ အခက်ကြုံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား KBC စစ်ရှောင်စခန်းရှိ စစ်ရှောင် ၃၀၀၀ နီးပါးအတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ခံက ပြောသည်။
ကိုဗစ်-၁၉ ကာလအတွင်း စခန်းအတွင်း ရောဂါဖြစ်ပွားသူများရှိလာ၍ စစ်ရှောင်စခန်းကို အဝင်အထွက် တစ်လ ခန့် ပိတ်လိုက်ရခြင်းကြောင့် အစားအသောက်နှင့် ရိက္ခာ အခက်အခဲ လိုအပ်ချက် ပိုများလာရခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ဆိုသည်။
စစ်ရှောင် အိမ်ထောင်စု ၅၃၂ စု၊ လူဦးရေ ၂၉ ကျော်အတွက် အခြေခံစားသောက်ကုန်များ လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။
“တချို့အိမ်ထောင်စုတွေ ခက်ခဲတဲ့ဟာဆိုရင် ဆန်ပြုတ် စားနေရတဲ့ သူတွေတောင် တော်တော်များနေပြီ။ စစ်ရှောင်တွေက တစ်ပူပေါ် နှစ်ပူဆင့်သလို ပိုပြီးတော့ အရမ်း ကို ဒုက္ခရောက်နေကြပါတယ်” ဟု ဦးဘရန်ဆိုင်းက ပြောသည်။
စစ်ရှောင် ဒေါ်ဒွဲဘူ က “အကုန်လုံးကအိမ်ထဲမှာပဲနေကြရတော့ ပိုက်ဆံကပြတ်ကြပြီလေနော့်။ စားချင်တဲ့ဟာ လည်းမစားရဖြစ်နေတာ” ဟု ပြောသည်။
ထို့အပြင် စစ်ရှောင်စခန်းအတွင်းရှိ အသက် ၈၀ ကျော် အဘိုးအဘွားများအတွက်လည်း အာဟာရများ လိုအပ်နေ သည်ဟု ဆိုသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးအခြေအနေလည်း ဆိုးရွားနေသည့်အတွက် စစ်ရှောင်များမှာ အပြင်သို့ နေ့စားအလုပ်လုပ်ရန်လည်း မဖြစ်နိုင်၊ အလုပ်အကိုင်မရှိသည့်အတွက် အခြားဝင်ငွေ များလည်း ပြတ်နေပြီး ပိုမိုခက်ခဲလာရခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဘရန်ဆိုင်းက ပြောသည်။
“အခြေအနေကျတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာပေ့ါ။ လိုအပ်တယ်ဆိုတာက အရင်တုန်းကတော့ ကိုဗစ်မဖြစ်ခင်၊ Lock down မချခင်က မိသားစုစားဝတ်နေရေးနဲ့ ပတ်သက်ပြီး နေ့စားသွား အလုပ်သွားရှာ စားတဲ့ လူတွေရှိတယ်။ အဲ့လိုမျိုးအချိန်မှာ ကိုဗစ်ပြန်ဖြစ်တဲ့အခါကြတော့ တော်တော်လေးခက်ခဲသွားတာ။” ဟု ပြောသည်။ “စစ်ရှောင် တိုင်းက အဓိကတော့ အခြေခံအစားအစာ၊ ဆန်တွေ၊ ဆီ၊ ဆားတွေ လိုအပ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်က ဆို ဆန်ပြုတ်စားရတယ်။ အခု လွန်ခဲ့တဲ့ သုံး လေး ရက်က လူကယ်ပြန်ကနေ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ထားတာ တွေရှိတယ်။ အဲ့ဒါတွေနဲ့ အခုလောလောဆယ် နည်းနည်း ချောင်တယ်လို့တော့ ပြောလို့ရ တာပေါ့။”
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လစဉ် စစ်ရှောင်များအတွက် လိုအပ်ချက်အပေါ်မူတည်၍ ထောက်ပံ့ ပေးသည့် အစီအစဉ်အရ အချို့ကို ၇၀ ရာခိုင်နှုန်း(ကျပ် ၁၁,၀၀၀) နှင့် အချို့ကို ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅,၀၀၀) ထောက်ပံ့ပေးလျှက်ရှိပြီး ယခု အောက်တိုဘာလအတွက် ထောက်ပံ့ငွေ မရရှိသေးဟု ဆိုသည်။
မိုင်းနား KBC စစ်ရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မုဆိုးမ မိသားစုများ၊ သက်ကြီးရွယ် အိုများ ရှိသည့် မိသားစုများနှင့် မသန်စွမ်းများ ရှိသည့် မိသားစုများအတွက် ထောက်ပံ့မှု ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၅၀၀၀) နှုန်းဖြင့် အယောက်စီတိုင်းကို ပေးပြီး၊ အခြားသာမာန်မိသားစုများအား ၇၀ ရာခိုင်နှုန်းဖြင့် (တစ်ဦးလျှင် ကျပ် ၁၁၀၀၀) ထောက်ပံ့ပေးခြင်း ဖြစ်သည်။
ထိုထောက်ပံ့မှုကို စစ်တပ် အာဏာမသိမ်းခင်က လစဉ်ပုံမှန် အချိန်မှီရရှိခဲ့သော်လည်း နိုင်ငံရေးအခြေအနေအရ နောက်ကျမှုများ ရှိသည်ဟု စစ်ရှောင်များက ပြောသည်။ မိုင်းနား KBC စစ်ရှောင်စခန်းမှ စစ်ရှောင်များအတွက် အဓိက လိုအပ်နေသည်များမှာ ဆန်၊ အခြေခံစားသောက် ကုန်၊ ရိက္ခာ၊ နှင့် ဆေးဝါးများ လိုအပ်နေသည်ဟု ပြော သည်။
မိုင်းနား KBC စစ်ဘေးရှောင်စခန်းတွင် ကချင်ပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၄ မြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၄၀ ကျော်က ဒေသခံရွာသားများသည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပြန်လည်ဖြစ်ပွားလာသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်။
*** ZAWGYI ***
ကခ်င္စစ္ေဘးေရွာင္မ်ား ရိကၡာ အခက္ႀကဳံေနရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။
ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕၊ မိုင္းနား KBC စစ္ေရွာင္စခန္းရွိ စစ္ေရွာင္ ၃၀၀၀ နီးပါးအတြက္ ဆန္အပါအဝင္ အေျခခံစားေသာက္ကုန္မ်ား လိုအပ္ေနသည္ဟု စစ္ေရွာင္မ်ားႏွင့္ စခန္းတာဝန္ခံက ေျပာသည္။
ကိုဗစ္-၁၉ ကာလအတြင္း စခန္းအတြင္း ေရာဂါျဖစ္ပြားသူမ်ားရွိလာ၍ စစ္ေရွာင္စခန္းကို အဝင္အထြက္ တစ္လ ခန႔္ ပိတ္လိုက္ရျခင္းေၾကာင့္ အစားအေသာက္ႏွင့္ ရိကၡာ အခက္အခဲ လိုအပ္ခ်က္ ပိုမ်ားလာရျခင္း ျဖစ္သည္ဟု စစ္ေရွာင္မ်ားက ဆိုသည္။
စစ္ေရွာင္ အိမ္ေထာင္စု ၅၃၂ စု၊ လူဦးေရ ၂၉ ေက်ာ္အတြက္ အေျခခံစားေသာက္ကုန္မ်ား လိုအပ္ေနျခင္း ျဖစ္သည္ဟု စစ္ေရွာင္စခန္းတာဝန္ခံ ဦးဘရန္ဆိုင္းက ေျပာသည္။
“တခ်ိဳ႕အိမ္ေထာင္စုေတြ ခက္ခဲတဲ့ဟာဆိုရင္ ဆန္ျပဳတ္ စားေနရတဲ့ သူေတြေတာင္ ေတာ္ေတာ္မ်ားေနၿပီ။ စစ္ေရွာင္ေတြက တစ္ပူေပၚ ႏွစ္ပူဆင့္သလို ပိုၿပီးေတာ့ အရမ္း ကို ဒုကၡေရာက္ေနၾကပါတယ္” ဟု ဦးဘရန္ဆိုင္းက ေျပာသည္။
စစ္ေရွာင္ ေဒၚဒြဲဘူ က “အကုန္လုံးကအိမ္ထဲမွာပဲေနၾကရေတာ့ ပိုက္ဆံကျပတ္ၾကၿပီေလေနာ့္။ စားခ်င္တဲ့ဟာ လည္းမစားရျဖစ္ေနတာ” ဟု ေျပာသည္။
ထို႔အျပင္ စစ္ေရွာင္စခန္းအတြင္းရွိ အသက္ ၈၀ ေက်ာ္ အဘိုးအဘြားမ်ားအတြက္လည္း အာဟာရမ်ား လိုအပ္ေန သည္ဟု ဆိုသည္။
ယခုကဲ့သို႔ ကိုဗစ္-၁၉ ကပ္ေရာဂါကို ရင္ဆိုင္ေနရခ်ိန္တြင္ ႏိုင္ငံေရးအေျခအေနလည္း ဆိုး႐ြားေနသည့္အတြက္ စစ္ေရွာင္မ်ားမွာ အျပင္သို႔ ေန႔စားအလုပ္လုပ္ရန္လည္း မျဖစ္ႏိုင္၊ အလုပ္အကိုင္မရွိသည့္အတြက္ အျခားဝင္ေငြ မ်ားလည္း ျပတ္ေနၿပီး ပိုမိုခက္ခဲလာရျခင္း ျဖစ္သည္ဟု စစ္ေရွာင္စခန္းတာဝန္ခံ ဦးဘရန္ဆိုင္းက ေျပာသည္။
“အေျခအေနက်ေတာ့ အခက္အခဲမ်ားစြာနဲ႔ ရင္ဆိုင္ေနရတာေပ့ါ။ လိုအပ္တယ္ဆိုတာက အရင္တုန္းကေတာ့ ကိုဗစ္မျဖစ္ခင္၊ Lock down မခ်ခင္က မိသားစုစားဝတ္ေနေရးနဲ႔ ပတ္သက္ၿပီး ေန႔စားသြား အလုပ္သြားရွာ စားတဲ့ လူေတြရွိတယ္။ အဲ့လိုမ်ိဳးအခ်ိန္မွာ ကိုဗစ္ျပန္ျဖစ္တဲ့အခါၾကေတာ့ ေတာ္ေတာ္ေလးခက္ခဲသြားတာ။” ဟု ေျပာသည္။ “စစ္ေရွာင္ တိုင္းက အဓိကေတာ့ အေျခခံအစားအစာ၊ ဆန္ေတြ၊ ဆီ၊ ဆားေတြ လိုအပ္တာေပါ့။ ၿပီးခဲ့တဲ့ ႏွစ္ပတ္ သုံးပတ္က ဆို ဆန္ျပဳတ္စားရတယ္။ အခု လြန္ခဲ့တဲ့ သုံး ေလး ရက္က လူကယ္ျပန္ကေန ဆန္၊ ဆီ၊ ဆား ေထာက္ပံ့ထားတာ ေတြရွိတယ္။ အဲ့ဒါေတြနဲ႔ အခုေလာေလာဆယ္ နည္းနည္း ေခ်ာင္တယ္လို႔ေတာ့ ေျပာလို႔ရ တာေပါ့။”
ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) က လစဥ္ စစ္ေရွာင္မ်ားအတြက္ လိုအပ္ခ်က္အေပၚမူတည္၍ ေထာက္ပံ့ ေပးသည့္ အစီအစဥ္အရ အခ်ိဳ႕ကို ၇၀ ရာခိုင္ႏႈန္း(က်ပ္ ၁၁,၀၀၀) ႏွင့္ အခ်ိဳ႕ကို ၁၀၀ ရာခိုင္ႏႈန္း (က်ပ္ ၁၅,၀၀၀) ေထာက္ပံ့ေပးလွ်က္ရွိၿပီး ယခု ေအာက္တိုဘာလအတြက္ ေထာက္ပံ့ေငြ မရရွိေသးဟု ဆိုသည္။
မိုင္းနား KBC စစ္ေရွာင္စခန္းတြင္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) က မုဆိုးမ မိသားစုမ်ား၊ သက္ႀကီး႐ြယ္ အိုမ်ား ရွိသည့္ မိသားစုမ်ားႏွင့္ မသန္စြမ္းမ်ား ရွိသည့္ မိသားစုမ်ားအတြက္ ေထာက္ပံ့မႈ ၁၀၀ ရာခိုင္ႏႈန္း (က်ပ္ ၁၅၀၀၀) ႏႈန္းျဖင့္ အေယာက္စီတိုင္းကို ေပးၿပီး၊ အျခားသာမာန္မိသားစုမ်ားအား ၇၀ ရာခိုင္ႏႈန္းျဖင့္ (တစ္ဦးလွ်င္ က်ပ္ ၁၁၀၀၀) ေထာက္ပံ့ေပးျခင္း ျဖစ္သည္။
ထိုေထာက္ပံ့မႈကို စစ္တပ္ အာဏာမသိမ္းခင္က လစဥ္ပုံမွန္ အခ်ိန္မွီရရွိခဲ့ေသာ္လည္း ႏိုင္ငံေရးအေျခအေနအရ ေနာက္က်မႈမ်ား ရွိသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။ မိုင္းနား KBC စစ္ေရွာင္စခန္းမွ စစ္ေရွာင္မ်ားအတြက္ အဓိက လိုအပ္ေနသည္မ်ားမွာ ဆန္၊ အေျခခံစားေသာက္ ကုန္၊ ရိကၡာ၊ ႏွင့္ ေဆးဝါးမ်ား လိုအပ္ေနသည္ဟု ေျပာ သည္။
မိုင္းနား KBC စစ္ေဘးေရွာင္စခန္းတြင္ ကခ်င္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ေပါင္း ၄ ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာ ေပါင္း ၄၀ ေက်ာ္က ေဒသခံ႐ြာသားမ်ားသည္ ၂၀၁၁ ခုႏွစ္တြင္ စစ္တပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား ျပန္လည္ျဖစ္ပြားလာသည့္ စစ္ပြဲမ်ားေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးလာၾကသူမ်ား ျဖစ္သည္။