ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ တွေ့ဆုံရန် မနီးစပ်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့၏ ပဋိပက္ခမှာ တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့များက ပြောသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် သဘောထားရှိ ကြသော်လည်း နယ်မြေသတ်မှတ်မှု အပေါ်တွင် အခြေခံ၍ ဖြစ်ပေါ် လာသည့် လက်နက်ကိုင် ပဋိပက္ခဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရန် ခက်ခဲနေဆဲဟု SSPP နှင့် RCSS က ပြောသည်။
SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ပြောထားပြီးသားပြီလေ ခင်ဗျား။ သူ့နေရာ သူနေ ကိုယ့်နေရာကိုယ်နေပေါ့နော။ ဒီလိုအနေအထား ပြန်ရောက်တဲ့ အချိန်ကျရင် ကျနော်တို့က ဒီနေ့ လုပ်နိုင် လို့ ရှိရင် မနက်ဖြန် ကျနော်တို့ ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။” ဟု ပြောသည်။
RCSS ဖက်မှ ၎င်းတို့၏ ထိန်းချုပ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြန်ဆုတ်သွားမည်ဆိုပါက တွေ့ဆုံဆွေးနွေးမှု မှာ ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်ဟု SSPP ဖက်မှ ပြောဆိုနေသော်လည်း ထိုကဲ့သို့ နယ်မြေကန့်သတ်မှုမျိုးဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း RCSS ဖက် ပြောသည်။
SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ယခုကဲ့သို့ ပြောသည်။
ဗိုလ်မှူးစိုင်းခမ်းစံက “SSPP က သူတို့ က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့က လည်း တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ် တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်ပိုင်းကို အရင်ဆုတ်၊ ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေးမယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင် မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူး ဆိုတော့ ဆွေး နွေးမှုက မစနိုင်သေးဘူးပေါ့နော်” ဟု ပြောသည်။
နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် အခြားတစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး နေထိုင်စားသောက်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာ အခက်အခဲများကို ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများနှင့် ဒေသခံများက ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေး သီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေ သည်ဟု RCSS က ပြောသည်။
ယခုဖြစ်ပေါ်နေသည့် နယ်မြေအငြင်းပွားမှု ပြဿနာသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS မှ တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SSPP နှင့် ၎င်းတို့ ၏ မဟာမိတ်အဖွဲ့များက ပြောဆိုထားသည်။
“အဓိက ဖြစ်နေတဲ့ ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော် ဖြစ်တယ်ပေါ့ နော်။ သွားချင်တဲ့ နေရာသွားလို့ရတယ်။ လုပ်ချင်တဲ့နေရာ လုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာ လုပ်လို့ရတယ်ဆိုတဲ့ သဘောက သူတို့က ဒါက သူတို့ရဲ့ မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ။ ကျနော်တို့ နယ်မြေပိုင်းခြား သတ် မှတ်မှုပဲ။ ဒီဟာကို မလုပ်နိုင်သေးသ၍ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆက်ပြောသည်။
SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူးစိုင်းခမ်းစံက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုသည်။
ဗိုလ်မှူး စိုင်းခမ်းစံက “အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီ ကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှား နယ် မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင် တော့ ဒါဒီမြောက်ပိုင်း အထိမှာ ကျနော်တို့ တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ်-နမ့်ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ်မြေကျ တော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ” ဟု ပြောသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် SSPP နှင့်အတူ ၎င်းတို့၏ မဟာမိတ် ပူးပေါင်းတပ်များနှင့် RCSS တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဆိုသလိုဖြစ်ပွား လာခဲ့ပြီးနောက် ဒေသခံများမှာလည်း စစ်ဘေးရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲများ ချုပ်ငြိမ်းရန်နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ ပေါင်းစည်းနိုင်ရန် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်း လူမှုအသင်းအဖွဲ့များ၊ ရှမ်းလူငယ်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ နှင့် ဒေသခံပြည်သူများက ကြိုးစား ညှိနှိုင်းပေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ပြေလည်မှု တစ်စုံတစ်ရာ မရသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်း ဖြစ်သည်။
*** ZAWGYI ***
ရွမ္းလက္နက္ကိုင္ ႏွစ္ဖြဲ႕ ေတြ႕ဆုံရန္ မနီးစပ္ေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။
ရွမ္းလက္နက္ကိုင္ ႏွစ္ဖြဲ႕၏ ပဋိပကၡမွာ ေတြ႕ဆုံေဆြးေႏြးမႈျဖင့္ အေျဖရွာရန္ ခက္ခဲေနဆဲဟု ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS အဖြဲ႕မ်ားက ေျပာသည္။
ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးရန္ သေဘာထားရွိ ၾကေသာ္လည္း နယ္ေျမသတ္မွတ္မႈ အေပၚတြင္ အေျခခံ၍ ျဖစ္ေပၚ လာသည့္ လက္နက္ကိုင္ ပဋိပကၡျဖစ္သည့္အတြက္ ေတြ႕ဆုံေဆြးေႏြးမႈျဖင့္ အေျဖရွာႏိုင္ရန္ ခက္ခဲေနဆဲဟု SSPP ႏွင့္ RCSS က ေျပာသည္။
SSPP ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးစိုင္းဖုန္းဟန္က “က်ေနာ္တို႔က ေျပာထားၿပီးသားၿပီေလ ခင္ဗ်ား။ သူ႔ေနရာ သူေန ကိုယ့္ေနရာကိုယ္ေနေပါ့ေနာ။ ဒီလိုအေနအထား ျပန္ေရာက္တဲ့ အခ်ိန္က်ရင္ က်ေနာ္တို႔က ဒီေန႔ လုပ္ႏိုင္ လို႔ ရွိရင္ မနက္ျဖန္ က်ေနာ္တို႔ ေဆြးေႏြးပြဲက ျပန္စလို႔ရပါတယ္ဆိုတဲ့ အေၾကာင္းေပါ့ေလ။” ဟု ေျပာသည္။
RCSS ဖက္မွ ၎တို႔၏ ထိန္းခ်ဳပ္ရာ ရွမ္းျပည္နယ္ ေတာင္ပိုင္းသို႔ ျပန္ဆုတ္သြားမည္ဆိုပါက ေတြ႕ဆုံေဆြးေႏြးမႈ မွာ ခ်က္ခ်င္း ျဖစ္ေပၚလာႏိုင္သည္ဟု SSPP ဖက္မွ ေျပာဆိုေနေသာ္လည္း ထိုကဲ့သို႔ နယ္ေျမကန႔္သတ္မႈမ်ိဳးျဖင့္ ေတြ႕ဆုံ ေဆြးေႏြးျခင္းသည္ အလုပ္ျဖစ္လိမ့္မည္ မဟုတ္ေၾကာင္း RCSS ဖက္ ေျပာသည္။
SSPP ၏ ေျပာဆိုမႈႏွင့္ ပတ္သက္၍ RCSS ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းခမ္းစံက ယခုကဲ့သို႔ ေျပာသည္။
ဗိုလ္မႉးစိုင္းခမ္းစံက “SSPP က သူတို႔ က ေတြ႕ဆုံေဆြးေႏြးခ်င္တယ္ဆိုတာ အဲဒါႀကိဳဆိုရမွာပဲ။ RCSS အေနနဲ႔က လည္း ေတြ႕ဆုံေဆြးေႏြးေရးသာ ထြက္ေပါက္ ျဖစ္တယ္။ အေျဖရွာလာတဲ့ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ တယ္။ ဒါေပမယ့္ တစ္ခုရွိတာက ေတြ႕ဆုံေဆြးေႏြးမယ္ဆိုရင္ RCSS က ေတာင္ပိုင္းကို အရင္ဆုတ္၊ ဆုတ္ၿပီးမွ က်ေနာ္တို႔ ေဆြးေႏြးမယ္ဆို ဒီ Pre-Condition လို႔ေခၚတဲ့ ကန႔္သတ္ခ်က္နဲ႔ ပါတဲ့ ေဆြးေႏြးမႈမ်ိဳးဆိုေတာ့ မေအာင္ ျမင္ႏိုင္ဘူးေလ။ ဒါေၾကာင့္ တိုက္ပြဲကလည္း မရပ္ေသးဘူးဆိုေတာ့ ထိုးစစ္ဆင္တာ မရပ္ေသးဘူး ဆိုေတာ့ ေဆြး ေႏြးမႈက မစႏိုင္ေသးဘူးေပါ့ေနာ္” ဟု ေျပာသည္။
ႏွစ္ဖက္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ႏိုင္ျခင္းမရွိေသးသည့္ အျခားတစ္ဖက္တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနေသာေၾကာင့္ ေဒသခံျပည္သူမ်ားမွာ စစ္ေဘးေရွာင္ေနၾကရၿပီး ေနထိုင္စားေသာက္ေရးႏွင့္ က်န္းမာ ေရးဆိုင္ရာ အခက္အခဲမ်ားကို ႀကဳံေတြ႕ေနရသည္ဟု စစ္ေဘးေရွာင္မ်ားကို ကူညီေနသူမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေက်ာက္မဲၿမိဳ႕နယ္၊ သီေပါၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းရွိ ေက်း သီးၿမိဳ႕နယ္ႏွင့္ မိုင္းကိုင္ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္တို႔တြင္ SSPP ႏွင့္ RCSS တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေန သည္ဟု RCSS က ေျပာသည္။
ယခုျဖစ္ေပၚေနသည့္ နယ္ေျမအျငင္းပြားမႈ ျပႆနာသည္ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္ RCSS မွ တစ္ႏိုင္ငံလုံး ပစ္ ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူညီစာခ်ဳပ္ NCA တြင္ ပါဝင္လက္မွတ္ေရးထိုးၿပီးေနာက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ တပ္အင္အား အလုံးအရင္းျဖင့္ ဝင္ေရာက္လာရာမွ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု SSPP ႏွင့္ ၎တို႔ ၏ မဟာမိတ္အဖြဲ႕မ်ားက ေျပာဆိုထားသည္။
“အဓိက ျဖစ္ေနတဲ့ ျပႆနာက ဒီနယ္ေျမပိုင္းျခားသတ္မွတ္မႈပဲ သူတို႔က ရွမ္းျပည္တပ္မေတာ္ ျဖစ္တယ္ေပါ့ ေနာ္။ သြားခ်င္တဲ့ ေနရာသြားလို႔ရတယ္။ လုပ္ခ်င္တဲ့ေနရာ လုပ္လို႔ရတယ္။ လုပ္ခ်င္တဲ့ဟာ လုပ္လို႔ရတယ္ဆိုတဲ့ သေဘာက သူတို႔က ဒါက သူတို႔ရဲ႕ မူေပါ့ေလ။ ျပႆနာက ဒီကေနစတာပဲ။ က်ေနာ္တို႔ နယ္ေျမပိုင္းျခား သတ္ မွတ္မႈပဲ။ ဒီဟာကို မလုပ္ႏိုင္ေသးသ၍က်ေတာ့ ေတြ႕ဆုံေဆြးေႏြးေရး နည္းလမ္းက ဘယ္လိုမွ မတတ္ႏိုင္ဘူး” ဟု SSPP ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉး စိုင္းဖုန္းဟန္က ဆက္ေျပာသည္။
SSPP ၏ ေျပာဆိုမႈႏွင့္ ပတ္သက္၍ ဗိုလ္မႉးစိုင္းခမ္းစံက ယခုကဲ့သို႔ တုန႔္ျပန္ေျပာဆိုသည္။
ဗိုလ္မႉး စိုင္းခမ္းစံက “အဲဒါ စြပ္စြဲ ေျပာဆိုခ်က္သာ ျဖစ္တယ္။ ဒီ က်ေနာ္တို႔ ေျမာက္ပိုင္းမွာ သူတို႔ လႈပ္ရွား နယ္ ေျမဆိုတာ ခါတိုင္းတုန္းက သူတို႔ သမိုင္းေၾကာင္းအရ ရွည္မွာေပါ့ ေျပာရမယ္ဆိုရင္ တကယ္တမ္းက်ရွိရင္ ေတာ့ ဒါဒီေျမာက္ပိုင္း အထိမွာ က်ေနာ္တို႔ တပ္ ၇၀၁ ဆို နယ္ေျမေဒသရွိတယ္။ အဲဒီဥစၥာဆိုရင္ မူဆယ္-နမ့္ခမ္း ဟိုးလြန္ခဲ့တဲ့ ႏွစ္ ၂၀ ကတည္းက က်ေနာ္တို႔ လႈပ္ရွားေနတဲ့ ဥစၥာရွိတယ္။ ေျပာမယ္ဆိုရင္ေတာ့ နယ္ေျမက် ေတာ့ Over Lap ျဖစ္ရင္ျဖစ္မွာေပါ့။ သူ႔နယ္ပဲ နင္တို႔နဲ႔ မဆိုင္ဘူးဆို ေျပာလို႔မရဘူးေလ” ဟု ေျပာသည္။
၂၀၁၅ ခုႏွစ္ေနာက္ပိုင္းမွ စတင္ကာ နယ္ေျမအျငင္းပြားမႈ ျပႆနာေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ SSPP ႏွင့္အတူ ၎တို႔၏ မဟာမိတ္ ပူးေပါင္းတပ္မ်ားႏွင့္ RCSS တို႔ အၾကား တိုက္ပြဲမ်ား ဆက္တိုက္ ဆိုသလိုျဖစ္ပြား လာခဲ့ၿပီးေနာက္ ေဒသခံမ်ားမွာလည္း စစ္ေဘးေရွာင္မ်ားအျဖစ္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။
တိုက္ပြဲမ်ား ခ်ဳပ္ၿငိမ္းရန္ႏွင့္ ရွမ္းလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ေပါင္းစည္းႏိုင္ရန္ ရွမ္းႏိုင္ငံေရးပါတီမ်ား၊ ရွမ္း လူမႈအသင္းအဖြဲ႕မ်ား၊ ရွမ္းလူငယ္အဖြဲ႕အစည္းမ်ား၊ ရဟန္းသံဃာေတာ္မ်ား ႏွင့္ ေဒသခံျပည္သူမ်ားက ႀကိဳးစား ညႇိႏႈိင္းေပးခဲ့ၾကေသာ္လည္း ယေန႔အခ်ိန္ထိ ေျပလည္မႈ တစ္စုံတစ္ရာ မရေသးပဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြား ေနျခင္း ျဖစ္သည္။