ပုသိမ်တွင် ဒုတိယမြောက် Mytel တာဝါတိုင် ဗုံးခွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဆီဇုန်အနီးရှိ မိုင်တဲတာဝါတိုင် မှာအောက်တိုဘာလ ၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် အချိန်ခန့် က မိုင်းခွဲ ဖျက်ဆီးခံလိုက်ရသည်။
အမှတ် ၁၃ ရပ်ကွက်၊ ငါးကျီးထူရပ်တွင်စိုက်ထူထားသော တာဝါတိုင်ရှိ ဆက်စပ်ပစ္စည်း ဖြစ်သည့် ဝိုင်ဖိုင် (Wifi) ပုံး တစ်ပုံး မိုင်းခွဲဖျက်ဆီးခံရပြီး လူထိခိုက်မှု မရှိဟု ဒေသခံများက ပြောသည်။
“ပေါက်ကွဲသံကြားတယ်။ နောက်တော့ စစ်တပ်က လမ်းတွေပိတ်ဆို့စစ်တယ်။ လူသေတယ်ဆိုတာမျိုးတော့ မကြားမိဘူး” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ပုသိမ်- မော်တင် ကားလမ်း မိုင်တိုင်အမှတ် ၁၄/၆ အနီးရှိ Mytel ဖုန်းတာဝါတိုင် စက်တင် ဘာလ ၂၈ ရက် ညကမိုင်းခွဲ ဖျက်ဆီးခံရပြီးနောက် ယခုအကြိမ်သည် ဒုတိယမြောက် မိုင်းခွဲခံရခြင်း ဖြစ်သည်။
မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုနှင့် ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့က ၎င်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ပုသိမ်မြို့ပြပြောက် ကျားတပ်ဖွဲ့ PSTF က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းတွင် စက်တင်ဘာလမှစတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ် မော်လမြိုင်ကျွန်း ပုသိမ် စသည့် မြို့နယ်များ ရှိ Mytel ဖုန်းတာဝါတိုင်များနှင့် ၎င်း၏ ဆက်စပ်ပစ္စည်းများ မိုင်းခွဲမီးရှို့ ဖျက်ဆီးခံရမှု ၆ ကြိမ်ရှိပြီဖြစ် သည်ဟု ပုသိမ်အခြေစိုက် Mytel ဖုန်းဆက်သွယ်ရေးရုံးထံမှ သိရသည်။
ကျိုက်လတ်မြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များဖျက်စီးမှု မအောင်မြင်ခဲ့ကြောင်းနှင့် ဖြစ်ပွားသည့်မြို့နယ်များမှ မသင်္ကာသူ စုစုပေါင်း ၃၀ ဦးဖမ်းခံထားရပြီး ယနေ့တိုင် ပြန်လွတ်မြောက် လာခြင်း မရှိသေးဘူးဟု ဒေသခံများ က ပြောသည်။
*** ZAWGYI ***
ပုသိမ္တြင္ ဒုတိယေျမာက္ Mytel တာဝါတိုင္ ဗုံးခြဲခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ဆီဇုန္အနီးရွိ မိုင္တဲတာဝါတိုင္ မွာေအာက္တိုဘာလ ၆ ရက္ေန႔ နံနက္ ၄ နာရီဝန္းက်င္ အခ်ိန္ခန႔္ က မိုင္းခြဲ ဖ်က္ဆီးခံလိုက္ရသည္။
အမွတ္ ၁၃ ရပ္ကြက္၊ ငါးက်ီးထူရပ္တြင္စိုက္ထူထားေသာ တာဝါတိုင္ရွိ ဆက္စပ္ပစၥည္း ျဖစ္သည့္ ဝိုင္ဖိုင္ (Wifi)ပုံး တစ္ပုံး မိုင္းခြဲဖ်က္ဆီးခံရၿပီး လူထိခိုက္မႈ မရွိဟု ေဒသခံမ်ားက ေျပာသည္။
“ေပါက္ကြဲသံၾကားတယ္။ ေနာက္ေတာ့ စစ္တပ္က လမ္းေတြပိတ္ဆို႔စစ္တယ္။ လူေသတယ္ဆိုတာမ်ိဳးေတာ့ မၾကားမိဘူး” ဟု ယင္းရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦးက ေျပာသည္။
ပုသိမ္ၿမိဳ႕နယ္အတြင္းရွိ ပုသိမ္- ေမာ္တင္ ကားလမ္း မိုင္တိုင္အမွတ္ ၁၄/၆ အနီးရွိ Mytel ဖုန္းတာဝါတိုင္ စက္တင္ ဘာလ ၂၈ ရက္ ညကမိုင္းခြဲ ဖ်က္ဆီးခံရၿပီးေနာက္ ယခုအႀကိမ္သည္ ဒုတိယေျမာက္ မိုင္းခြဲခံရျခင္း ျဖစ္သည္။
ျမစ္ဝကြၽန္းေပၚ ေျပာက္က်ားစစ္ဆင္ေရး တပ္ေပါင္းစုႏွင့္ ပုသိမ္ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕က ၎တို႔ ပူးေပါင္း လုပ္ေဆာင္ခဲ့သည္ဟု ပုသိမ္ၿမိဳ႕ျပေျပာက္ က်ားတပ္ဖြဲ႕ PSTF က ထုတ္ျပန္ထားသည္။
ဧရာဝတီတိုင္းတြင္ စက္တင္ဘာလမွစတင္၍ ဘိုကေလး၊ မအူပင္၊ က်ိဳက္လတ္ ေမာ္လၿမိဳင္ကြၽန္း ပုသိမ္ စသည့္ ၿမိဳ႕နယ္မ်ား ရွိ Mytel ဖုန္းတာဝါတိုင္မ်ားႏွင့္ ၎၏ ဆက္စပ္ပစၥည္းမ်ား မိုင္းခြဲမီးရႈိ႕ ဖ်က္ဆီးခံရမႈ ၆ ႀကိမ္ရွိၿပီျဖစ္ သည္ဟု ပုသိမ္အေျခစိုက္ Mytel ဖုန္းဆက္သြယ္ေရး႐ုံးထံမွ သိရသည္။
က်ိဳက္လတ္ၿမိဳ႕နယ္ ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္မ်ားဖ်က္စီးမႈ မေအာင္ျမင္ခဲ့ေၾကာင္းႏွင့္ ျဖစ္ပြားသည့္ၿမိဳ႕နယ္မ်ားမွ မသကၤာသူ စုစုေပါင္း ၃၀ ဦးဖမ္းခံထားရၿပီး ယေန႔တိုင္ ျပန္လြတ္ေျမာက္ လာျခင္း မရွိေသးဘူးဟု ေဒသခံမ်ား က ေျပာသည္။