ကျုံပျော်တွင် ဘုန်းကြီးကျောင်းအား ဝင်စီးပြီး မယ်သီလရှင်တစ်ပါးအား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတိုက်တစ်တိုက်ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး မယ်သီလရှင် တစ်ပါးကို ဖမ်းဆီးသွားသည်။
အင်းရဲတိုက်နယ်၊ အင်းရဲကျေးရွာရှိ ဓမ္မဒီပကျောင်း တိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော် အချိန်တွင် ဝင်ရောက်စီးနင်းကာ CDM ပြုလုပ်ပြီးနောက် မယ်သီလရှင် ဝတ်နေသူ တစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကျောင်းကို တပ်နဲ့ ဝိုင်းပြီးဆရာတော်ဆီ ခွင့်ကို မတောင်းပဲ အတင်း ဝင်ဖမ်းတာပါ။ ကျက်သရေခန်းတောင် ဖိနပ်မချွတ်ဘူးဝင်ကြတယ်” ဟု အင်းရဲ ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။
အင်းရဲကျေး ရွာအုပ်ချုပ်ရေးမှူး အသစ် ဦးအောင်စိုးမြင့်နှင့် စစ်တပ်အမာခံ သတင်းပေး ဦးသိန်းလွင်တို့ နှစ်ဦးက လိုက်ပြသဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။
စစ်ကောင်စီ၏ တပ်များသည် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ပရဝုဏ် နှင့် ဘိုးဘွားရိပ်သာ စသည့် နေရာ များကို စစ်မြေပြင်ကဲ့သို့ စီးနင်းဝင်ရောက်ခြင်းမှာ စစ်ကျင့်ဝတ်ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းကွန်ရက်တာဝန်ရှိသူများက ထုတ်ပြန်ပြောဆိုထားသည်။
*** ZAWGYI ***
က်ဳံေပ်ာ္တြင္ ဘုန္းႀကီးေက်ာင္းအား ဝင္စီးၿပီး မယ္သီလရွင္တစ္ပါးအား ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ဧရာဝတီတိုင္း ေဒသႀကီး၊ က်ဳံေပ်ာ္ၿမိဳ႕နယ္အတြင္းက ဘုန္းႀကီးေက်ာင္းတိုက္တစ္တိုက္ကို စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္စီးနင္းခဲ့ၿပီး မယ္သီလရွင္ တစ္ပါးကို ဖမ္းဆီးသြားသည္။
အင္းရဲတိုက္နယ္၊ အင္းရဲေက်း႐ြာရွိ ဓမၼဒီပေက်ာင္း တိုက္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေအာက္တိုဘာလ ၅ ရက္ေန႔ ည ၁၀ နာရီေက်ာ္ အခ်ိန္တြင္ ဝင္ေရာက္စီးနင္းကာ CDM ျပဳလုပ္ၿပီးေနာက္ မယ္သီလရွင္ ဝတ္ေနသူ တစ္ဦးကို ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ေက်ာင္းကို တပ္နဲ႔ ဝိုင္းၿပီးဆရာေတာ္ဆီ ခြင့္ကို မေတာင္းပဲ အတင္း ဝင္ဖမ္းတာပါ။ က်က္သေရခန္းေတာင္ ဖိနပ္မခြၽတ္ဘူးဝင္ၾကတယ္” ဟု အင္းရဲ ေက်း႐ြာက ေဒသခံတစ္ဦး က ေျပာသည္။
အင္းရဲေက်း ႐ြာအုပ္ခ်ဳပ္ေရးမႉး အသစ္ ဦးေအာင္စိုးျမင့္ႏွင့္ စစ္တပ္အမာခံ သတင္းေပး ဦးသိန္းလြင္တို႔ ႏွစ္ဦးက လိုက္ျပသျဖင့္ အဖမ္းခံရျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဆက္ေျပာသည္။
စစ္ေကာင္စီ၏ တပ္မ်ားသည္ ဘာသာေရးဆိုင္ရာ အေဆာက္အအုံ ပရဝုဏ္ ႏွင့္ ဘိုးဘြားရိပ္သာ စသည့္ ေနရာ မ်ားကို စစ္ေျမျပင္ကဲ့သို႔ စီးနင္းဝင္ေရာက္ျခင္းမွာ စစ္က်င့္ဝတ္ခ်ိဳးေဖာက္ေနျခင္း ျဖစ္ေၾကာင္း ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းကြန္ရက္တာဝန္ရွိသူမ်ားက ထုတ္ျပန္ေျပာဆိုထားသည္။