စစ်ကောင်စီကားများကို တနိုင်း-လီဒို လမ်းမကြီးတစ်လျောက်တွင် မိုင်းခွဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ကချင်ပြည်နယ်၊ တနိုင်း-လီဒိုလမ်းမကြီးတစ်လျှောက်နှင့် ဖားကန့်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်၏ ကားများကို ကချင်လွတ်လပ် ရေးတပ်မတော် KIA က အောက်တိုဘာလ ၆ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ များက ပြောသည်။
စစ်ကောင်စီ၏ ရိက္ခာကားအချို့ တနိုင်း-လီဒိုလမ်းမပေါ်ရှိ၊ တိန်ကောက်နှင့် ရှထူးဇွပ်ကျေးရွာအနီးတွင် ယနေ့ နှင့် ယမန်နေ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
တနိုင်းဒေသခံတစ်ဦး က “ဟုတ်တယ်၊ ဒီရက်ပိုင်း ဆက်တိုက်ပဲ။ ဒီနေ့လည်း ဖြစ်တယ်။ မနေ့ကလည်း စစ်တပ် ကားတွေ မိုင်းခွဲခံရတယ်လို့ အဲ့ဒီ တိန်ကောက်ဘက်က လူတွေက ဖုန်းဆက်လာတယ်။ ဒီလမ်းပေါ်မှာ ဖြစ်နေတာ ကြာပြီနော်၊ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဖြစ်တာပဲ အခုဒီလလည်း ဆက်ဖြစ်နေတယ်။ ဒီဖားကန့်မှာ လည်း ဒီနေ့မနက်လောက်က ဖြစ်တာရှိတယ်။ စစ်တပ်က သူတို့ကားတွေ မိုင်းခွဲခံရ ပြီးပြီဆိုတာနဲ့ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီ အဲ့လိုပဲ အမြဲဖြစ်တာ” ဟု ပြောသည်။
ဖားကန့်ဒေသတွင် စစ်ကောင်စီက အချိန်အတန်ကြာကတည်းကပင် အင်တာနက်များ ဖြတ်တောက်ထားခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၆ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆယ်စင်းမှ တာမခန်ဘက်သို့သွားသည့် စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းကိုလည်း KIA တပ်မဟာ ၉၊ တပ်ရင်းအမှတ် ၂၆ က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ တနိုင်း-လီဒိုလမ်းတစ်လျှောက်က ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ယာဉ် များ မိုင်းခွဲတိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပြင် KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု ပြောသည်။
ဒေသခံများက ထိုသို့ပြောဆိုထားသော်လည်း တနိုင်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိဘူးဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“တနိုင်းအဲ့ဒီဘက်မှာလည်း သူတို့ရိက္ခာပို့တာတွေရှိတယ်။ သူတို့တပ်ပတ်ဝန်းကျင်မှာ လှုပ်ရှားတာတွေရှိပါ တယ်။ အဲ့ဒါနဲ့ ရင်ဆိုင်တိုက်ပွဲတွေ တချို့နေရာမှာကတော့ ကြားဖြတ်တိုက်ပွဲတွေ၊ နောက် မိုင်းဆွဲပြီးတော့ ဒီ တိုက်ခိုက်ခံ ရတာတွေ ရှိပါတယ်။ အဲ့ဘက်မှာလည်း စစ်ဆင်ရေးပုံစံနဲ့ တက်လာတဲ့ စစ်အင်အားတွေကို မတွေ့ ရပါဘူး။”
အလားတူ တနိုင်းမြို့အတွင်း စစ်ကောင်စီတပ်က တင့်ကားအချို့ကို မောင်းနှင်သွားလာနေသည့်အတွက်လည်း ဒေသခံအချို့ က စိုးရိမ်နေကြသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က “တင့်ကားတွေကတော့ ရောက်ပါစေလေ။ ဘာမှ ပြောစရာ မရှိပါ ဘူး။ သူတို့နယ်မြေတွေမှာ သူတို့လှုပ်ရှားတာတော့ ရောက်ပါစေလေ။ လှုပ်ရှားပါစေလေ။ ကျနော်တို့ နယ်မြေ တွေကို မကျူးကျော်လာရင်တော့ ထိုးစစ်ဆင်တယ်လို့ မသတ်မှတ်ဘူးလေ။ သူတို့နယ်မြေမှာ သူတို့လှုပ်ရှားတာ တော့ သူတို့ တာဝန်လေ။ အမြဲတမ်း လှုပ်ရှားနေတဲ့ လုပ်ထုံးလုပ်နည်း လုပ်စဉ်ပဲ ဖြစ်မှာပါ။ ကျနော်တို့ နယ်မြေ ထဲ မဝင်ရင်ရပြီ” ဟု ပြောသည်။
အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့အတွင် တနိုင်းမြို့အတွင်းက နေရာအချို့တွင် စစ်တပ်၏ တင့်ကား တစ်စီး သွားလာမောင်းနှင်နေသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တနိုင်း-လီဒိုလမ်းတစ်လျှောက်၊ ဖားကန့်မြို့ကန့်မြို့နယ်အတွင်းသာမက မိုးမောက်နှင့် ဗန်းမော်မြို့နယ်များထဲတွင် လည်း စစ်ကောင်စီတပ်၏ ယာဉ်များ၊ ရိက္ခာကားများနှင့် စစ်ကြောင်းများကို KIA က မကြာခဏ မိုင်းခွဲတိုက်ခိုက် မှုများ ရှိနေသည်။
ဓါတ်ပုံ-The Kachin Net
*** ZAWGYI ***
စစ္ေကာင္စီကားမ်ားကို တႏိုင္း-လီဒို လမ္းမႀကီးတစ္ေလ်ာက္တြင္ မိုင္းခြဲတိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ကခ်င္ျပည္နယ္၊ တႏိုင္း-လီဒိုလမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ ဖားကန႔္ၿမိဳ႕နယ္ထဲတြင္ စစ္ေကာင္စီတပ္၏ ကားမ်ားကို ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA က ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ မိုင္းခြဲတိုက္ခိုက္ခဲ့သည္ဟု ေဒသခံ မ်ားက ေျပာသည္။
စစ္ေကာင္စီ၏ ရိကၡာကားအခ်ိဳ႕ တႏိုင္း-လီဒိုလမ္းမေပၚရွိ၊ တိန္ေကာက္ႏွင့္ ရွထူးဇြပ္ေက်း႐ြာအနီးတြင္ ယေန႔ ႏွင့္ ယမန္ေန႔ ႏွစ္ရက္ဆက္တိုက္ တိုက္ခိုက္ခံခဲ့ရသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
တႏိုင္းေဒသခံတစ္ဦး က “ဟုတ္တယ္၊ ဒီရက္ပိုင္း ဆက္တိုက္ပဲ။ ဒီေန႔လည္း ျဖစ္တယ္။ မေန႔ကလည္း စစ္တပ္ ကားေတြ မိုင္းခြဲခံရတယ္လို႔ အဲ့ဒီ တိန္ေကာက္ဘက္က လူေတြက ဖုန္းဆက္လာတယ္။ ဒီလမ္းေပၚမွာ ျဖစ္ေနတာ ၾကာၿပီေနာ္၊ ၿပီးခဲ့တဲ့ စက္တင္ဘာလကတည္းက ျဖစ္တာပဲ အခုဒီလလည္း ဆက္ျဖစ္ေနတယ္။ ဒီဖားကန႔္မွာ လည္း ဒီေန႔မနက္ေလာက္က ျဖစ္တာရွိတယ္။ စစ္တပ္က သူတို႔ကားေတြ မိုင္းခြဲခံရ ၿပီးၿပီဆိုတာနဲ႔ ႐ြာေတြထဲကို လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္ၿပီ အဲ့လိုပဲ အၿမဲျဖစ္တာ” ဟု ေျပာသည္။
ဖားကန႔္ေဒသတြင္ စစ္ေကာင္စီက အခ်ိန္အတန္ၾကာကတည္းကပင္ အင္တာနက္မ်ား ျဖတ္ေတာက္ထားခဲ့သည္။
ထို႔အျပင္ ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ ဖားကန႔္ၿမိဳ႕နယ္၊ ဆယ္စင္းမွ တာမခန္ဘက္သို႔သြားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕စစ္ေၾကာင္းကိုလည္း KIA တပ္မဟာ ၉၊ တပ္ရင္းအမွတ္ ၂၆ က မိုင္းခြဲတိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာသည္။
ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ တႏိုင္း-လီဒိုလမ္းတစ္ေလွ်ာက္က ေက်း႐ြာမ်ားတြင္ စစ္ေကာင္စီတပ္၏ ယာဥ္ မ်ား မိုင္းခြဲတိုက္ခိုက္ခံရမႈမ်ား ဆက္တိုက္ျဖစ္ေပၚေနသည့္အျပင္ KIA ႏွင့္ စစ္တပ္တို႔အၾကား တိုက္ပြဲမ်ားလည္း ျဖစ္ပြားေနသည္ဟု ေျပာသည္။
ေဒသခံမ်ားက ထိုသို႔ေျပာဆိုထားေသာ္လည္း တႏိုင္းၿမိဳ႕နယ္အတြင္း ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားျခင္းမ်ိဳး မရွိဘူးဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ က ေျပာသည္။
“တႏိုင္းအဲ့ဒီဘက္မွာလည္း သူတို႔ရိကၡာပို႔တာေတြရွိတယ္။ သူတို႔တပ္ပတ္ဝန္းက်င္မွာ လႈပ္ရွားတာေတြရွိပါ တယ္။ အဲ့ဒါနဲ႔ ရင္ဆိုင္တိုက္ပြဲေတြ တခ်ိဳ႕ေနရာမွာကေတာ့ ၾကားျဖတ္တိုက္ပြဲေတြ၊ ေနာက္ မိုင္းဆြဲၿပီးေတာ့ ဒီ တိုက္ခိုက္ခံ ရတာေတြ ရွိပါတယ္။ အဲ့ဘက္မွာလည္း စစ္ဆင္ေရးပုံစံနဲ႔ တက္လာတဲ့ စစ္အင္အားေတြကို မေတြ႕ ရပါဘူး။”
အလားတူ တႏိုင္းၿမိဳ႕အတြင္း စစ္ေကာင္စီတပ္က တင့္ကားအခ်ိဳ႕ကို ေမာင္းႏွင္သြားလာေနသည့္အတြက္လည္း ေဒသခံအခ်ိဳ႕ က စိုးရိမ္ေနၾကသည္။
ထိုကိစၥႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူ က “တင့္ကားေတြကေတာ့ ေရာက္ပါေစေလ။ ဘာမွ ေျပာစရာ မရွိပါ ဘူး။ သူတို႔နယ္ေျမေတြမွာ သူတို႔လႈပ္ရွားတာေတာ့ ေရာက္ပါေစေလ။ လႈပ္ရွားပါေစေလ။ က်ေနာ္တို႔ နယ္ေျမ ေတြကို မက်ဴးေက်ာ္လာရင္ေတာ့ ထိုးစစ္ဆင္တယ္လို႔ မသတ္မွတ္ဘူးေလ။ သူတို႔နယ္ေျမမွာ သူတို႔လႈပ္ရွားတာ ေတာ့ သူတို႔ တာဝန္ေလ။ အၿမဲတမ္း လႈပ္ရွားေနတဲ့ လုပ္ထုံးလုပ္နည္း လုပ္စဥ္ပဲ ျဖစ္မွာပါ။ က်ေနာ္တို႔ နယ္ေျမ ထဲ မဝင္ရင္ရၿပီ” ဟု ေျပာသည္။
ေအာက္တိုဘာလ ၄ ရက္ေန႔ႏွင့္ ၅ ရက္ေန႔တို႔အတြင္ တႏိုင္းၿမိဳ႕အတြင္းက ေနရာအခ်ိဳ႕တြင္ စစ္တပ္၏ တင့္ကား တစ္စီး သြားလာေမာင္းႏွင္ေနသည့္အေပၚ ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာဆိုလိုက္ျခင္း ျဖစ္သည္။
တႏိုင္း-လီဒိုလမ္းတစ္ေလွ်ာက္၊ ဖားကန႔္ၿမိဳ႕ကန႔္ၿမိဳ႕နယ္အတြင္းသာမက မိုးေမာက္ႏွင့္ ဗန္းေမာ္ၿမိဳ႕နယ္မ်ားထဲတြင္ လည္း စစ္ေကာင္စီတပ္၏ ယာဥ္မ်ား၊ ရိကၡာကားမ်ားႏွင့္ စစ္ေၾကာင္းမ်ားကို KIA က မၾကာခဏ မိုင္းခြဲတိုက္ခိုက္ မႈမ်ား ရွိေနသည္။
ဓါတ္ပုံ-The Kachin Net