စစ်ကောင်စီ တပ်ဖွဲ့များက မအူပင်တွင် စက်ဘီးစီး ခရီးသွားများကို စစ်ဆေးကာ ငွေတောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် အသံပေးဘဲလ်၊ ရောင်ပြန် တပ်ဆင်ထားခြင်မရှိသော စက်ဘီး၊ ဆိုက္ကား စီးလာသူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ငွေကျပ်သုံးသောင်းအထိ တောင်းခံနေသည်ဟု ဒေသခံများက ပြောသည်။
“သမီးလေး စက်ဘီးကို ဘဲလ်မတပ်လို့ဆိုပြီး ဖမ်းတယ်။ ဒဏ်ငွေဆိုပြီး သုံးသောင်းတောင်းတယ်။ တောင်း တောင်းပန်ပန် ပြောတော့ ၂၀၀၀၀ နဲ့ အဆင်ပြေသွားတယ်” ဟု မအူပင်မြို့ အမှတ် ၂ ရပ်ကွက်နေ ဦးကိုဝင်းက ပြောသည်။
ဦးကိုဝင်း၏ သမီးဖြစ်သူ၏ စက်ဘီးမှာ ကျပ်တစ်သောင်းခွဲတန် တရုတ်နိုင်ငံလုပ် စက် ဘီးအဟောင်းဖြစ်သော်လည်း ရုံးကိုလာ ရန် ပြောဆိုလိုက်သည့်အတွက် လူဖမ်းဆီးခံရမည်ကို စိုးရိမ်၍ တောင်းခံသော ငွေကို ပေးဆောင်ခဲ့ရသည် ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မအူပင်မြို့ရှိ ဆိုင်ကယ်များကို ဘက်မှန်ပါမပါ လေပေါင်ပြည့်မပြည့် စစ်ဆေးပြီး ကျပ်သုံးသိန်းအထိ ငွေတောင်းကြောင်း၊ ယခင်က မြို့အဝင်ဂိတ်တွင် ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် မြို့တွင်းလမ်းမကြီးများတွင်ပါ ပိတ်ဆို့ စစ်ဆေးဖမ်းဆီးပြီး ငွေတောင်းနေကြသည်ဟု ဒေသခံ အချို့က ပြောသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သူများကို ဥပဒေနှင့်အညီ ဒဏ်ငွေ စီးကြပ်အပြစ်ပေးခြင်းမျိုးလုပ်၍ ရပြီး ဒဏ်ငွေဆောင်လျှင် တရားရုံးမှာ ဆောင်ရမှသာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာရရှိကြောင်း တရား လွှတ် တော်ရှေ့နေ ဦးခင်အောင်ကြီး ထောက်ပြပြောဆိုသည်။
“ဒီလိုလမ်းမှာတားပြီးတော့ ငွေတောင်းတာမျိုး လုပ်လို့မရပါဘူး။ ဒါဟာ တရားမဲ့ပြုကျင့်တာ၊ ဥပဒေကို ချိုး ဖောက်တာ” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်အောင်ကြီး ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့ နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သင်္ကာမကင်းဟုဆိုပြီး အရပ်သားပြည်သူ အချို့ကိုလည်း ဖမ်းဆီးပြီး ငွေတောင်းယူကာ ပြန်လွှတ်သည် များလည်း ရှိနေကြောင်း ကိုယ်တိုင်တွေ့ကြုံရသည့် ဒေသခံအချို့၏ ပြောပြချက်များအရ သိရသည်။
*** ZAWGYI ***
စစ္ေကာင္စီ တပ္ဖြဲ႕မ်ားက မအူပင္တြင္ စက္ဘီးစီး ခရီးသြားမ်ားကို စစ္ေဆးကာ ေငြေတာင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ အသံေပးဘဲလ္၊ ေရာင္ျပန္ တပ္ဆင္ထားျခင္မရွိေသာ စက္ဘီး၊ ဆိုကၠား စီးလာသူမ်ားကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား က ေငြက်ပ္သုံးေသာင္းအထိ ေတာင္းခံေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
“သမီးေလး စက္ဘီးကို ဘဲလ္မတပ္လို႔ဆိုၿပီး ဖမ္းတယ္။ ဒဏ္ေငြဆိုၿပီး သုံးေသာင္းေတာင္းတယ္။ ေတာင္း ေတာင္းပန္ပန္ ေျပာေတာ့ ၂၀၀၀၀ နဲ႔ အဆင္ေျပသြားတယ္” ဟု မအူပင္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္ေန ဦးကိုဝင္းက ေျပာသည္။
ဦးကိုဝင္း၏ သမီးျဖစ္သူ၏ စက္ဘီးမွာ က်ပ္တစ္ေသာင္းခြဲတန္ တ႐ုတ္ႏိုင္ငံလုပ္ စက္ ဘီးအေဟာင္းျဖစ္ေသာ္လည္း ႐ုံးကိုလာ ရန္ ေျပာဆိုလိုက္သည့္အတြက္ လူဖမ္းဆီးခံရမည္ကို စိုးရိမ္၍ ေတာင္းခံေသာ ေငြကို ေပးေဆာင္ခဲ့ရသည္ ဟု ဆိုသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မအူပင္ၿမိဳ႕ရွိ ဆိုင္ကယ္မ်ားကို ဘက္မွန္ပါမပါ ေလေပါင္ျပည့္မျပည့္ စစ္ေဆးၿပီး က်ပ္သုံးသိန္းအထိ ေငြေတာင္းေၾကာင္း၊ ယခင္က ၿမိဳ႕အဝင္ဂိတ္တြင္ ဖမ္းဆီးမႈမ်ား ရွိခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ၿမိဳ႕တြင္းလမ္းမႀကီးမ်ားတြင္ပါ ပိတ္ဆို႔ စစ္ေဆးဖမ္းဆီးၿပီး ေငြေတာင္းေနၾကသည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။
ယာဥ္စည္းကမ္း လမ္းစည္းကမ္း ခ်ိဳးေဖာက္သူမ်ားကို ဥပေဒႏွင့္အညီ ဒဏ္ေငြ စီးၾကပ္အျပစ္ေပးျခင္းမ်ိဳးလုပ္၍ ရၿပီး ဒဏ္ေငြေဆာင္လွ်င္ တရား႐ုံးမွာ ေဆာင္ရမွသာ တိုင္းျပည္အတြက္ အခြန္ဘ႑ာရရွိေၾကာင္း တရား လႊတ္ ေတာ္ေရွ႕ေန ဦးခင္ေအာင္ႀကီး ေထာက္ျပေျပာဆိုသည္။
“ဒီလိုလမ္းမွာတားၿပီးေတာ့ ေငြေတာင္းတာမ်ိဳး လုပ္လို႔မရပါဘူး။ ဒါဟာ တရားမဲ့ျပဳက်င့္တာ၊ ဥပေဒကို ခ်ိဳး ေဖာက္တာ” ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးခင္ေအာင္ႀကီး ေျပာသည္။
ဧရာဝတီတိုင္းအတြင္းရွိ ၿမိဳ႕အခ်ိဳ႕ ႏွင့္ ေက်း႐ြာအခ်ိဳ႕တို႔တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက သကၤာမကင္းဟုဆိုၿပီး အရပ္သားျပည္သူ အခ်ိဳ႕ကိုလည္း ဖမ္းဆီးၿပီး ေငြေတာင္းယူကာ ျပန္လႊတ္သည္ မ်ားလည္း ရွိေနေၾကာင္း ကိုယ္တိုင္ေတြ႕ႀကဳံရသည့္ ေဒသခံအခ်ိဳ႕၏ ေျပာျပခ်က္မ်ားအရ သိရသည္။